2012년 9월 25일 화요일

တနိုင်ငံလုံးဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမား ဆန္ဒပြပွဲ ဓာတ်ပုံများ


လွန်ခဲ့တဲ့ စက်တင်္ဘာ ၂၃ရက်နေ့က ဆိုးလ်ဘူတာရှေ့မှာ ကျင်းပခဲ့တဲ့ ကိုရီးယားအစိုးရရဲ့ ခေတ်သစ်ကျွန်စနစ် အလုပ်သမားအသုံးပြုခွင့် စနစ်(အီးပီအက်စ်)ကို ဆန့်ကျင်ဆန္ဒပြကြတဲ့ ကိုရီးယားနိုင်ငံအနှံ့မှ လာရောက်ကြတဲ့  ရွှေ့ပြောင်းအလုပ်သမားများ ကို မြင်တွေ့ကြရတာဖြစ်ပါတယ်။

ဆန္ဒပြပွဲကို ရွှေ့ပြောင်းအလုပ်သမားများ စုစုပေါင်း ၇၀၀ကျော် နှင့် ကိုရီးယား လူမှုအဖွဲ့အစည်းများမှ တက်ရောက်ကြပြီး တက်ရောက်ကြသူ ရွှေ့ပြောင်းအလုပ်သမားများက မိမိတို့ရဲ့ ခံစားချက်များအား အားပါးတရ စင်ပေါ်တက်ရောက်ပြောဆိုခဲ့ကြပါတယ်။

၃နာရီကြာ ဆန္ဒပြသပြီးနောက် ဆန္ဒပြသူများဟာ ဆိုးလ်ဘူတာရှေ့မှ တဆင့် မြောင်ဒုန်းဘုရားကျောင်းအထိ ကြွေးကျော်သံများ ဟစ်အော်ကာ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
ထို့နောက် မြောင်ဒုန်ဘုရားကျောင်းရှေ့တွင် ရပ်တန့်ကာ ၁နာရီကြာ ဆက်လက် ဆန္ဒပြပြီး လူစုခွဲလိုက်ကြပါတယ်။











댓글 없음:

댓글 쓰기