''စာရေးဆရာ ကိုအောင်ဆန်း'' ဆိုတဲ့ စာအုပ်ကလေးကို PDF File ဖြင့် တင်ပေးလိုက်ပါတယ်။ ကျေးဇူးရှင် ဗိုလ်ချုပ်အလွမ်းပြေပေါ့။
ကိုရီးယားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အတွက် သတင်းမီဒီယာဆိုဒ်
2012년 3월 19일 월요일
2012년 3월 12일 월요일
စစ်မှန်တဲ့ လွတ်လပ်ခြင်း
စစ်မှန်တဲ့ လွတ်လပ်ခြင်းဟာ
အိုမင်းနေတဲ့ နှလုံးသားကို
နုပျိုနေစေတယ်.....
နောက်ကျနေတဲ့ ခြေလှမ်းတွေကို
ရှေ့သို့ရောက်စေတယ်....။
စစ်မှန်တဲ့ လွတ်လပ်ခြင်းဟာ
အလင်းတံခါးများစွာကို
ပွင့်နေစေတယ်.....
မျှော်လင့်ခြင်း မနက်ဖြန်တွေကို
ရှင်သန်နေစေတယ်.......။
ဓိမိုင်း
(တောင်ကိုရီးယားရောက် ရွှေ့ပြောင်းအလုပ်သမား မြန်မာကဗျာဆရာ တဦးမှ မေးလ်မှတဆင့် ပေးပို့ပါတယ်။)
စစ်မှန်တဲ့ လွတ်လပ်ခြင်းဟာ
အိုမင်းနေတဲ့ နှလုံးသားကို
နုပျိုနေစေတယ်.....
နောက်ကျနေတဲ့ ခြေလှမ်းတွေကို
ရှေ့သို့ရောက်စေတယ်....။
စစ်မှန်တဲ့ လွတ်လပ်ခြင်းဟာ
အလင်းတံခါးများစွာကို
ပွင့်နေစေတယ်.....
မျှော်လင့်ခြင်း မနက်ဖြန်တွေကို
ရှင်သန်နေစေတယ်.......။
(တောင်ကိုရီးယားရောက် ရွှေ့ပြောင်းအလုပ်သမား မြန်မာကဗျာဆရာ တဦးမှ မေးလ်မှတဆင့် ပေးပို့ပါတယ်။)
2011년 11월 19일 토요일
(ရွေးခြယ်ပြိုင်ပွဲ) နိုင်ငံပေါင်းစုံ ဂီတအနုပညာအဖွဲ့မှ အဖွဲ့ဝင်သစ်များကို ကြိုဆိုနေပါတယ်
နိုင်ငံပေါင်းစုံ ဂီတအနုပညာအဖွဲ့ MONTAN မှ အဖွဲ့ဝင်သစ်များကို ကြိုဆိုနေပါတယ်
ကိုရီးယားနိုင်ငံ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ဌာနနဲ့ Social enterprise Noridanတို့က ပူးပေါင်း ဖွဲ့စည်းထားတဲ့ ပဒေသာယဉ်ကျေးမှု အနုပညာအဖွဲ့ "Montant" မုံတန်းမှ အတူတကွ အနုပညာလှုပ်ရှားမှုများကို ပြုလုပ်လို တဲ့ ညီအကိုမောင်နှမများကို ဖိတ်ခေါ်လိုက်ပါတယ်။
"MONTANT"ဆိုတာ နိုင်ငံတကာမှ လူမျိုးများက အတူတကွ စုဝေးကာ နိုင်ငံတကာမှ တေးသီချင်းများ၊ ယဉ်ကျေးမှုများကို တနေရာထဲမှာ စုစည်းပြီး ဖျော်ဖြေတင်ဆက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။
ရွေးခြယ်ခံရတဲ့ အဖွဲ့ဝင်ဟာ အစမ်းခန့်ကာလ၄လပြီးဆုံးပြီးနောက် အဖွဲ့ဝင် အတည်ဖြစ်မှာဖြစ်ပါတယ်။
2011년 9월 28일 수요일
(ကဗျာကဏ္ဍ) ဆွဲအားတစ်ခုရဲ့ သီအိုရီ
''' ဆွဲအားတစ်ခုရဲ့ သီအိုရီ ''''
အဲဒီနေ့ဟာ အမှတ်တမဲ့နေ့ရက်များစွာတွေထဲက
အမှတ်တရ နေ့ရက်တစ်ရက်ပါ
တွေ့နေကျ မျက်နှာတွေဟာ
အရင်နေ့တွေကနဲ့ မတူခဲ့တာသေချာတယ်
ဘယ်သူက ခွဲခွာချင်မှာလဲ
ဘယ်သူက ခွဲခွာစေချင်လို့လဲ
ဘယ်သူက ဝေးနေချင်မှာလဲ
ဘယ်သူက ဝေးစေချင်လို့လဲ
ဘယ်သူက မေးနေချင်မှာလဲ
ဘယ်သူက မေးစေချင်မှာလဲ
ဘယ်သူက နှုတ်ဆက်ချင်မှာလဲ
ဘယ်သူက နှုတ်ဆက်စေချင်မှာလဲ
လုပ်ခဲ့တဲ့အရာတွေက
အမှားတွေတစ်ခုမှ မဟုတ်ခဲ့ပါဘူးလေ။
အပြုံးတွေနဲ့ နှုတ်ဆက်လက်ပြနေပေမယ့်
အားလုံးရဲ့ မျက်နှာတွေဟာအသက်မပါခဲ့ဘူး
ခွဲခွာခြင်းရဲ့ နောက်ကွယ်မှာ
ကြေကွဲခြင်းတွေဟာ အသင့်ရှိနေခဲ့တာပါ
မငိုပါနဲ့.......မငိုလိုက်ပါနဲ့
ဘယ်တော့မှ ပြန်မတွေ့နိုင်တော့တဲ့
ဘယ်တော့မှ ပြန်မဆုံနိုင်ကြတော့တဲ့
ခွဲခွာခြင်းနဲ့ ထွက်ခွာခဲ့တာမဟုတ်ဘူးလေ။
ဒါပေမယ့်..........
ဝေးကွာခြင်းရဲ့ အခြားတစ်ဖက်မှာ
လွမ်းဆွတ်သတိရခြင်းတွေက
စောင့်ကြိုနေကြတယ် မဟုတ်လား။
'' သွားတော့မှာလား ''' လို့
မမေးပါနဲ့ ......မမေးလိုက်ပါနဲ့
အခုတော့........
တကယ်ဝေးရတော့မယ်လေ။
နာကြင်မှုတွေပြည့်သိပ်နေတဲ့
ဒီနေရာက အမြန်ထွက်ခွာလိုက်ပါတော့
ဒါပေမယ့်.....
ခြေလှမ်းတွေဟာ လေးလံနေခဲ့တယ်
ဝေးလံတဲ့နေရာမှာ အထီးကျန်စွာနေရဖို့
ကြေကွဲမှုတွေတင်ဆောင်ရမယ့်
လေယာဉ်ပျံဟာ ''' မကြာမီ ထွက်ခွာပါတော့မည် ''' တဲ့
ဝေးပြီ.........အခုတော့တကယ်ဝေးခဲ့ကြပြီ
ရာသီအချိန်စက်ဝန်းများစွာ
ဖြတ်သန်းရမှာ မဟုတ်လား
ဒါတွေဟာ.......
ဘယ်သူ့အမှားလဲလို့
မမေးရဲခဲ့ပါဘူးလေ...။
အားလုံးဟာ .....
အားလုံးအတွက်ပဲ မဟုတ်လား။
ဖြစ်နိုင်ရင် မနက်ဖြန်ဆိုတာတွေဟာ
ခဏတာနဲ့ ကုန်ဆုံးသွားရင်ကောင်းမယ်။
''' ဘယ်သူမှားခဲ့လဲ ''''
''' ဘာကြောင့်လဲ '''' ဆိုတဲ့မေးခွန်ေးတွနဲ့
ကိုယ့်ကိုယ်ကို ရိုက်ချိုးခဲ့တဲ့
နေ့ရက်တွေလည်း မနည်းခဲ့တော့ဘူး။
မတွေးပါနဲ့.....မတွေးလိုက်ပါနဲ့
အခုတော့.....တကယ်ဝေးခဲ့ကြပြီမဟုတ်လား။
မိုင်တာဘယ်လောက်ဝေးခဲ့....ဝေးခဲ့'
သံယောဇဉ် ဆိုတဲ့ ဆွဲအား တစ်ခုက
နှလုံးသားတွေ ကြေမွနေပြီလားထင်ရတယ်
အရာအားလုံးဟာ ''' အဆင်ပြေကြပါစေ ''''' ဆိုတဲ့
စိတ်ဓါတ်ခွန်အားတွေနဲ့ ဖြေသိမ့်နေရပေမယ့်
ရင်ထဲမှာတော့ ဝေဒနာမီးတွေဟာ ဖွဲမီးတွေလို
တလှိုက်လှိုက်တောက်နေဆဲပါ..................။
=======
အမိမြေနဲ့ ဝေးကွာနေသူများအတွက်ရေးဖွဲ့ပါတယ်...
နိုင်မျိုးလွင်
5.6.2011 1:00am
အဲဒီနေ့ဟာ အမှတ်တမဲ့နေ့ရက်များစွာတွေထဲက
အမှတ်တရ နေ့ရက်တစ်ရက်ပါ
တွေ့နေကျ မျက်နှာတွေဟာ
အရင်နေ့တွေကနဲ့ မတူခဲ့တာသေချာတယ်
ဘယ်သူက ခွဲခွာချင်မှာလဲ
ဘယ်သူက ခွဲခွာစေချင်လို့လဲ
ဘယ်သူက ဝေးနေချင်မှာလဲ
ဘယ်သူက ဝေးစေချင်လို့လဲ
ဘယ်သူက မေးနေချင်မှာလဲ
ဘယ်သူက မေးစေချင်မှာလဲ
ဘယ်သူက နှုတ်ဆက်ချင်မှာလဲ
ဘယ်သူက နှုတ်ဆက်စေချင်မှာလဲ
လုပ်ခဲ့တဲ့အရာတွေက
အမှားတွေတစ်ခုမှ မဟုတ်ခဲ့ပါဘူးလေ။
အပြုံးတွေနဲ့ နှုတ်ဆက်လက်ပြနေပေမယ့်
အားလုံးရဲ့ မျက်နှာတွေဟာအသက်မပါခဲ့ဘူး
ခွဲခွာခြင်းရဲ့ နောက်ကွယ်မှာ
ကြေကွဲခြင်းတွေဟာ အသင့်ရှိနေခဲ့တာပါ
မငိုပါနဲ့.......မငိုလိုက်ပါနဲ့
ဘယ်တော့မှ ပြန်မတွေ့နိုင်တော့တဲ့
ဘယ်တော့မှ ပြန်မဆုံနိုင်ကြတော့တဲ့
ခွဲခွာခြင်းနဲ့ ထွက်ခွာခဲ့တာမဟုတ်ဘူးလေ။
ဒါပေမယ့်..........
ဝေးကွာခြင်းရဲ့ အခြားတစ်ဖက်မှာ
လွမ်းဆွတ်သတိရခြင်းတွေက
စောင့်ကြိုနေကြတယ် မဟုတ်လား။
'' သွားတော့မှာလား ''' လို့
မမေးပါနဲ့ ......မမေးလိုက်ပါနဲ့
အခုတော့........
တကယ်ဝေးရတော့မယ်လေ။
နာကြင်မှုတွေပြည့်သိပ်နေတဲ့
ဒီနေရာက အမြန်ထွက်ခွာလိုက်ပါတော့
ဒါပေမယ့်.....
ခြေလှမ်းတွေဟာ လေးလံနေခဲ့တယ်
ဝေးလံတဲ့နေရာမှာ အထီးကျန်စွာနေရဖို့
ကြေကွဲမှုတွေတင်ဆောင်ရမယ့်
လေယာဉ်ပျံဟာ ''' မကြာမီ ထွက်ခွာပါတော့မည် ''' တဲ့
ဝေးပြီ.........အခုတော့တကယ်ဝေးခဲ့ကြပြီ
ရာသီအချိန်စက်ဝန်းများစွာ
ဖြတ်သန်းရမှာ မဟုတ်လား
ဒါတွေဟာ.......
ဘယ်သူ့အမှားလဲလို့
မမေးရဲခဲ့ပါဘူးလေ...။
အားလုံးဟာ .....
အားလုံးအတွက်ပဲ မဟုတ်လား။
ဖြစ်နိုင်ရင် မနက်ဖြန်ဆိုတာတွေဟာ
ခဏတာနဲ့ ကုန်ဆုံးသွားရင်ကောင်းမယ်။
''' ဘယ်သူမှားခဲ့လဲ ''''
''' ဘာကြောင့်လဲ '''' ဆိုတဲ့မေးခွန်ေးတွနဲ့
ကိုယ့်ကိုယ်ကို ရိုက်ချိုးခဲ့တဲ့
နေ့ရက်တွေလည်း မနည်းခဲ့တော့ဘူး။
မတွေးပါနဲ့.....မတွေးလိုက်ပါနဲ့
အခုတော့.....တကယ်ဝေးခဲ့ကြပြီမဟုတ်လား။
မိုင်တာဘယ်လောက်ဝေးခဲ့....ဝေးခဲ့'
သံယောဇဉ် ဆိုတဲ့ ဆွဲအား တစ်ခုက
နှလုံးသားတွေ ကြေမွနေပြီလားထင်ရတယ်
အရာအားလုံးဟာ ''' အဆင်ပြေကြပါစေ ''''' ဆိုတဲ့
စိတ်ဓါတ်ခွန်အားတွေနဲ့ ဖြေသိမ့်နေရပေမယ့်
ရင်ထဲမှာတော့ ဝေဒနာမီးတွေဟာ ဖွဲမီးတွေလို
တလှိုက်လှိုက်တောက်နေဆဲပါ..................။
=======
အမိမြေနဲ့ ဝေးကွာနေသူများအတွက်ရေးဖွဲ့ပါတယ်...
နိုင်မျိုးလွင်
5.6.2011 1:00am
라벨:
အနုပညာ
2011년 8월 9일 화요일
(တေးဂီတ ကဏ္ဍ) သွေးသစ္စာ
၂၃နှစ်ပြည့် ၈လေးလုံး ပြည်သူ့ ဒီမိုကရေစီ တိုက်ပွဲ အရေးတော်ပုံကြီး အမှတ်တရအဖြစ်
ကွယ်လွန်သူ ဂီတပညာရှင် ဦးထူးအိမ်သင်ရေးစပ်ပြီး အဆိုတော် ကိုမွန်းအောင် သီဆို
သမိုင်းတင်ခဲ့တဲ့ သွေးသစ္စာ သီချင်းကို တင်ဆက်လိုက်ပါတယ်။
သီချင်းစာသား
အရေးကြီးပြီ ညီနောင်အပေါင်းတို့သွေးစည်းကာ ညီစေညီကြစို့
ငါတို့ရဲ့သမိုင်းတစ်ခေတ်ကို ငါတို့သွေးနဲ့ရေးခဲ့ပြီ
သွေး .. သစ္စာလည်းပြုခဲ့သည်။
နိုင်ငံတော်အတွက်ဆို အသက်ကိုလည်းဘာမထီ
သေပါစေ ခွပ်ဒေါင်းသွေးနဲ့ ရဲရဲရှေ့ကိုချီ
လွတ်လပ်ခွင့်နဲ့ငြိမ်းချမ်းရေးအတွက်ရည်
အဆုံးသတ်တိုက်ပွဲ ငါတို့နွှဲရမည်။
ကွယ်လွန်သူ ဂီတပညာရှင် ဦးထူးအိမ်သင်ရေးစပ်ပြီး အဆိုတော် ကိုမွန်းအောင် သီဆို
သမိုင်းတင်ခဲ့တဲ့ သွေးသစ္စာ သီချင်းကို တင်ဆက်လိုက်ပါတယ်။
သီချင်းစာသား
အရေးကြီးပြီ ညီနောင်အပေါင်းတို့သွေးစည်းကာ ညီစေညီကြစို့
ငါတို့ရဲ့သမိုင်းတစ်ခေတ်ကို ငါတို့သွေးနဲ့ရေးခဲ့ပြီ
သွေး .. သစ္စာလည်းပြုခဲ့သည်။
နိုင်ငံတော်အတွက်ဆို အသက်ကိုလည်းဘာမထီ
သေပါစေ ခွပ်ဒေါင်းသွေးနဲ့ ရဲရဲရှေ့ကိုချီ
လွတ်လပ်ခွင့်နဲ့ငြိမ်းချမ်းရေးအတွက်ရည်
အဆုံးသတ်တိုက်ပွဲ ငါတို့နွှဲရမည်။
라벨:
အနုပညာ
2011년 8월 2일 화요일
(တေးဂီတ ကဏ္ဍ) လူချွန်လူကောင်းဖြစ်ဖို့ အမြဲ ကြိုးစားစို့
ကိုရီးယားကို ရောက်ရှိ အလုပ်လုပ်ကိုင် နေကြတဲ့ ပြည်ထောင်စုသား တို့မြန်မာတွေ အတ္တ၊ ပရ မျှတစွာနဲ့ ကျန်းမာစွာနေထိုင် အလုပ်လုပ်ကိုင် နိုင်ကြပါစေလို့ ဆုတောင်းရင်း ဒီ သီချင်းလေးကို မြန်မာပြည် အလွမ်းပြေ တင်ဆက်လိုက်ပါတယ်။
라벨:
အနုပညာ
피드 구독하기:
글 (Atom)


