2012년 9월 19일 수요일

၉လ ၂၃ရက် နိုင်ငံလုံးဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမား ဆန္ဒပြသနေ့ သို့ သွားရောက် ပူးပေါင်းကြပါစို့

အလုပ်သမားဝန်ကြီးဌာနအနေနဲ့ လုပ်ငန်းခွင်ပြောင်းရွှေ့ပုံ ပြဌာန်းချက်အား ရုတ်သိမ်းပေး!
လွတ်လပ်စွာ အလုပ်ခွင်ပြောင်းရွှေ့ခွင့်ကို ပေး!
အခြေခံအလုပ်သမားအခွင့်အရေးကို ပေး!
နိုင်ငံလုံးဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမား ဆန္ဒပြသနေ့
ပြဿနာအပေါင်းနဲ့ ပြည့်နှက်နေပြီးဖြစ်တဲ့ အီးပီအက်စ်စနစ်ကို ပိုမိုဆိုးဝါးစွာဖန်တီးလိုက်တဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ ဇူလိုင်လ ပြဌာန်းချက်သစ်ဖြစ်တဲ့ လုပ်ငန်းခွင် ပြောင်းရွှေ့နည်းလမ်း သစ် 
လုံးဝ လုံးဝ ပပျောက်ဖို့၊
 
ပြီးတော့ တို့တတွေအားလုံး ကျန်းမာစွာ လုံခြုံစွာ တရားမျှတစွာ ပြီးတော့ လူလူချင်း လေးစားမှုကို ခံယူပြီး အလုပ်လုပ်ပိုင်ခွင့် ရရှိဖို့
 
လူသားတယောက်အနေနဲ့ကော၊ အလုပ်သမား တယောက်အနေနဲ့ပါ မဖြစ်မနေ လိုအပ်တဲ့
အခြေခံ အကျဆုံး လူ့ခွင့်အရေးနဲ့ အလုပ်သမား အခွင့်အရေးကို ရရှိဖို့ အတွက် 
တို့တွေရဲ့ တောင်းဆိုသံများနဲ့ ပူးပေါင်း ပါဝင် အင်အားပြဖို့ အထူး လိုအပ်နေတယ်။ 
မိမိအခွင့်အရေးအတွက် တာဝန်သိသိနဲ့ အတူတကွ လှုပ်ရှားကြပါစို့။

နေ့ရက်။  ။ ၉လ ၂၃ရက် တနင်္ဂနွေနေ့ နေ့လယ် ၂နာရီ
နေရာ။  ။ ဆိုလ်းဘူတာရှေ့(ဆန္ဒပြပွဲအပြီး မြို့တော်ခမ်းမသို့ ချီတက်မည်)

댓글 없음:

댓글 쓰기