레이블이 အီးပီအက်စ် အမေးအဖြေ ကဏ္ဍ인 게시물을 표시합니다. 모든 게시물 표시
레이블이 အီးပီအက်စ် အမေးအဖြေ ကဏ္ဍ인 게시물을 표시합니다. 모든 게시물 표시
2012년 3월 13일 화요일
(အီးပီအက်စ် အမေးအဖြေ) ထွဲဂျိဂွန် မပေးချင်လို့ စာချုပ်သက်တမ်းမပြည့်မီ အလုပ်ထုတ်ခံရသူ
အကို စိုးမိုးသူ ခင်ဗျာ
အကိုတက်နိုင်တဲ့ ဘက်ကနေ ကျွန်တော် ဘာဆက်လုပ်သင့်တယ်ဆိုတာကို အကြံပေးပါအုံးခင်ဗျာ။
လေးစားစွာဖြင့် 
တိုးသူဝင်း
2012년 2월 29일 수요일
(EPS အမေးအဖြေ) တနှစ်စာချုပ်ပြည့်ပြီးနောက် အလုပ်ပြောင်းချင်လို့ပါ
ညီလေး: အစ်ကို....ခုလို သိသင့်သိထိုက်တဲ့ အာမခံကြေးတွေအကြောင်းတင်ပေးတာ အရမ်းကျေးဇူးတင်တယ်ဗျာ..တစ်ခုလောက်မေးပါရစေ အစ်ကို..
အခု ညီလေးတို့ က 3 လပိုင်း 29 ဆိုရင် လက်၇ှိလုပ်နေတဲ့ စက်၇ုံမှာ 1နှစ်ပြည့်ပါပြီ။ စက်၇ုံနဲ့က ရောက်စက 1နှစ်ပဲ စာချုပ် ချုပ်ထားပါတယ်။ခု ကျန်တဲ့ 2နှစ်စလုံကို ချုပ်ပေးဖို့ပြောနေပါတယ်...
အလုပ်က အရင်ကထက်စာရင် နဲနဲပင်ပန်းလာပါတယ်..ဒီထက်ပိုပင်ပန်းပြီး အဆင်မပြေမှုတွေဖြစ်လာတဲ့အခါ ပြောင်းလို့ရမရ ဆိုတာ သိချင်ပါတယ် အစ်ကို..
စာချုပ်က ချုပ်ရတော့မှာမို့အမြန်ဖြေကြားပေးစေချင်ပါတယ် အစ်ကို.
ညီလေးတို့ စိုး၇ိမ်တာက စာချုပ်ချုပ်ပြီး အဲဒီစာချုပ်ကြီးနဲ့ အကျပ်ကိုင်ခံရမှာ စိုး၇ိမ်လို့ပါ...
အလုပ် အရမ်းပင်ပန်းပြီး မခံစားနိုင်တော့တဲ့ အခါ ပြောင်းလို့ရ မရ ပြောပြပေးစေလိုပါတယ် အကို....
ကျေးဇူးတင်စွာဖြင့်.......
ဖြေ။  ။
အလုပ်ရှင်နဲ့ တနှစ်စာချုပ်ချုပ်ဆိုထားတာမို့ တနှစ်ပြည့်တဲ့အခါ စာချုပ်က ပျက်ပြယ်တာကြောင့် ကိုယ့်ဆန္ဒရှိသလို ဆုံးဖြတ်ခွင့်ရှိပါတယ်။
2011년 9월 17일 토요일
လုပ်ငန်းခွင်ဆိုင်ရာ ပြဿနာများအတွက် အကူအညီတောင်းသူများ သိစေရန်
MWTVမြန်မာပိုင်းအစီအစဉ် ဘလော့ဂ်ကို ဖွင့်လှစ်ပြီးနောက်ပိုင်း အလုပ်သမားပြဿနာကို ဖြေရှင်းပေးဖို့ အကူအညီတောင်းဆိုသူများနဲ့ အလုပ်သမားဥပဒေဆိုင်ရာကို မေးမြန်းလိုသူ ညီအကိုများရဲ့ ဖုန်းများကို တဖွဲဖွဲ လက်ခံရရှိခဲ့ပါတယ်။
ပြဿနာတွေက စုံလင်၊ အကူအညီတောင်းဆိုသူတွေကများ ဆိုပေမယ့်
အလုပ်ကိစ္စတွေများလွန်းပြီး အချိန်ပြည့် ဖုန်းမကိုင်နိုင်တဲ့ ကျနော့်အနေနဲ့က  အားလုံးရဲ့ ဖုန်းကို အချိန်မီ လက်ခံပြီး ဒိုင်ခံ ဖြေရှင်းပေးဖို့ဆိုတာ လက်တွေ့မှာ အတော် မလွယ်လှပါ။ တချို့ပြဿနာတွေဆိုရင် တော်တော်လက်ပေါက်ကပ်တဲ့အတွက် အချိန်တော်တော်ပေးပြီး ဖြေရှင်းပေးရပါတယ်။
ဒါပေမယ့် အကူအညီလိုတဲ့သူကို အကူအညီပေးဖို့ ဆန္ဒအမြဲရှိပါတယ်။
ဒါကြောင့် မိမိပြသနာလည်း ပြေလည်၊ ကျနော့်အနေနဲ့လည်း ဖြေရှင်းပေးရတာ သက်သာအောင် အကူအညီတောင်းဆိုလိုသူ ညီအကိုတို့အနေနဲ့ ကျနော့်ဆီ တိုက်ရိုက်ဖုန်းမဆက်မီ အောက်ပါအချက်အလက်များကို အီးမေးလ်(smthu2006@gmail.com) ဖြင့် အရင် ပို့ပေးကြပါ။
အလုပ်သမားပြဿနာ အကူအညီတောင်းဆိုသူများ
၁) ပြဿနာ အသေးစိတ်ကို ရှင်းပြတဲ့စာ
၂) နိုင်ငံခြားသား မှတ်ပုံတင်ကတ် ဓာတ်ပုံ
၃) အလုပ်စာချုပ် ရှေ့၊နောက် ဓာတ်ပုံ
၎) လစာ စာအိတ် ဓာတ်ပုံ (လစာနဲ့ ပတ်သက်တဲ့ ပြဿနာဖြစ်ပါက)
၅) အခြား ပြဿနာနဲ့ သက်ဆိုင်တဲ့ အထောက်အထားများ
အလုပ်သမားဥပဒေဆိုင်ရာ သိလိုသူများ
၁) မိမိသိလိုတာကို ရှင်းလင်းစွာ ရေးသားထားတဲ့ မေးမြန်း စာ
၂) အခြား သက်ဆိုင်ရာ အထောက်အထားများ
 အီးမေးလ်ကတဆင့် ရောက်ရှိလာတဲ့ စာများကို အမြန်ဆုံး ဖြေရှင်းပေးဖို့ ကြိုးစားပါ့မယ်။
ဒါပေမယ့် ကျနော် အကူအညီပေးနိုင်တဲ့ အတိုင်းအတာကို အရင် သိထားစေချင်ပါတယ်။
အလုပ်သမားပြသနာများကို ဖြေရှင်းဖို့ အကူအညီတောင်းဆိုသူများဟာ အများအားဖြင့် ဘာသာစကား အခက်အခဲကြောင့် ကိုယ်တိုင် ဖြေရှင်းဖို့ အခက်အခဲတွေ့ကြုံကြသူများ ဖြစ်ကြပါတယ်။
ဒါကြောင့် ပြဿနာ အကြောင်းအရာများကို ကိုရီးယားလို ဘာသာပြန်စာနဲ့ လိုအပ်တဲ့ အခြား အထောက် အထားများကို ပြင်ဆင်ပေးပါ့မယ်။
အဲဒီနောက် ကျနော် ဘာသာပြန်ပေးလိုက်တဲ့ စာနဲ့ လိုအပ်တဲ့ အထောက်အထားတွေကို ယူပြီး မိမိဒေသတွင်း ရွှေ့ပြောင်း အလုပ်သမား အကူအညီပေးတဲ့ စင်တာ သို့မဟုတ် အလုပ်သမားဝန်ကြီးဌာန ကို  ကိုယ်တိုင် သွားရောက် တိုင်ကြား အကူအညီတောင်းဆိုပါ။
ဘယ်စင်တာ၊ ဘယ်ဌာနကို သွားသင့်တယ်ဆိုတာကိုလည်း လမ်းညွန်ပေးပါ့မယ်။
ကိုရီးယားဘာသာစကား ကျွမ်းကျင်သူ အီးပီအက်စ် အလုပ်သမားများ အနေနဲ့ အလုပ်သမားဝန်ကြီးဌာနကို ကိုယ်တိုင်သွား ရောက်တိုင်ကြားခြင်း၊ အလုပ်သမားဝန်ကြီးဌာနရဲ့ အင်တာနက် ၀က်ဘ်ဆိုဒ်
 http://minwon.moel.go.kr/minwon2008/info/info_minwon.jsp
မှတဆင့် ဖောင်ဖြည့် တိုင်ကြားခြင်းကို ပြုလုပ်နိုင်ပါတယ်။
ဒါကြောင့် ပြန်ပြီး ချုံ့ပြောရရင်
ကျနော်က ကိုရီးယားလို ဘာသာပြန်စာနဲ့ အခြား လိုအပ်တဲ့ အချက်အလက်များကို စီစဉ်ပေးမှာ ဖြစ်ပြီး
ကျန် ဖြေရှင်းရမည်များကို မိမိက သက်ဆိုင်ရာ ဌာန၊ အကူအညီပေး စင်တာတို့နှင့် အတူ ဖြေရှင်းကြရမှာ ဖြစ်ကြောင်း။
အားလုံး အခက်အခဲများ ကင်းပြီး စိတ်ချမ်းသာစွာ အလုပ်လုပ်ကိုင်နိုင်ကြပါစေ။
မေတ္တာဖြင့်
စိုးမိုးသူ
2011년 8월 18일 목요일
အီးပီအက်စ် အမေးအဖြေ ကဏ္ဍ
မေး။ အီးပီအက်စ် မြန်မာအလုပ်သမားတဦး
အကိုရေ။ မြန်မာပြည်တွင်းက ကျနော်တို့ကို ကိုရီးယားအလုပ်ရှင်က ရွေးပြီး ခေါ်လို့ရပါသလား။ ပြီးတော့
ကိုရီးယားမှာ အလုပ်လုပ်နေတဲ့ အီးပီအက်စ်အလုပ်သမားကို တခြား အလုပ်ရှင်က သဘောကျလို့  သူ့ အလုပ်ကို ခေါ်ယူခန့်ထားလို့ရပါသလား။ အလုပ်သမားကလည်း သူသဘောကျတဲ့ အလုပ်ရှင်ဆီ ပြောင်းလဲ အလုပ်လုပ်နိုင်ပါသလားခင်ဗျား။
ဖြေ။ အီးပီအက်စ် စနစ်မှာ အလုပ်ရှင်ပဲဖြစ်ဖြစ်၊ အလုပ်သမားကပဲဖြစ်ဖြစ် ကိုယ်ကြိုက်ရာ အလုပ်ရှင်နဲ့ အလုပ်သမားကို ရွေးခြယ်ခေါ်ယူခွင့်၊ သွားရောက်အလုပ်လုပ်ခွင့် မရှိပါဘူး။
2011년 8월 16일 화요일
အီးပီအက်စ် အမေးအဖြေ ကဏ္ဍ
မေးသူ။ ဒဲဂူးက ညီအကိုတဦး
အကိုရေ၊ ကျနော်က အီးပီအက်စ်နဲ့ စိုက်ပျိုးရေးမှာ အလုပ်လုပ်နေသူပါ။ အလုပ်က အရမ်းပင်ပန်းပြီး စာချုပ်ပါ အလုပ်ချိန်ကိုလည်း  မလိုက်နာတဲ့ အပြင် အလုပ်လည်း သိပ်မရှိတာကြောင့် သူဌေးလက်မှတ် ယူပြီး အလုပ်ထွက်လိုက်ပါတယ်။ ကျနော်နဲ့ ရင်းနှီးတဲ့ ကိုရီးယားအလုပ်ရှင်က ကျနော့်ကို အလုပ်ခန့်ချင် ပေမယ့် သူ့အလုပ်က ကုန်ထုတ်လုပ်ငန်းဖြစ်တာကြောင့် ကျနော့် ဗီစာအမျိုးအစားကနေ သူ့အလုပ်ကို ပြောင်းလုပ်နိုင်တဲ့ ဗီစာအမျိုးအစား ပြောင်းနည်း သို့မဟုတ် လုပ်ငန်းအမျိုးအစားပြောင်းနိုင်တဲ့ နည်း  ရှိပါသလား။
ဖြေ။ ဒဲဂူးက ညီအကိုရေ
ကိုရီးယားမှာ အီးပီအက်စ်စနစ်နဲ့ ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနဲ့ ငါးဖမ်း ဆိုပြီး နိုင်ငံခြားသား အလုပ်သမားတွေ အလုပ်လုပ်ခွင့်ရှိတဲ့ လုပ်ငန်းတွေရှိကြပါတယ်။
လက်ရှိ ဥပဒေအရ ကုန်ထုတ်လုပ်ငန်းကနေ စိုက်ပျိုးရေးနဲ့ ငါးဖမ်းဘက်ကို ပြောင်းနိုင်ပေမယ့် စိုက်ပျိုးရေး နဲ့ ငါးဖမ်းကနေ ကုန်ထုတ်ဘက်ကို ပြောင်းခွင့်မရှိပါဘူး။
ဒါက ရှင်းပါတယ်။ စိုက်ပျိုးရေးနဲ့ ငါးဖမ်းက အရမ်း ပင်ပန်းတာကြောင့် ပြောင်းခွင့်ပေးလိုက်ရင် အကုန်လုံး ပြောင်းကုန်ကျမှာမို့ တားထားတာပေါ့။
အဲဒီတော့ ညီအကိုက စိုက်ပျိုးရေးကနေ ကုန်ထုတ်ကို ပြောင်းဖို့ဆိုတာ ဥပဒေအရ မဖြစ်နိုင်သေးကြောင်း ပြန်ကြားလိုက်ပါတယ်။
တဆက်တည်းမှာပဲ နည်းလမ်းဆိုတာက ဥပဒေကိုပြုပြင်ပြောင်းလဲနိုင်ရင် ဖြစ်တာကြောင့် စိုက်ပျိုးရေးမှာ အလုပ်လုပ်ကိုင်သူ ညီအကိုတွေ စုစည်းပြီး မိမိတို့ရဲ့ အခြေအနေမှန်တွေကို လူထုသိအောင် စုဝေးတင်ပြ၊
လွတ်လပ်စွာ အလုပ်ပြောင်းရွှေ့ခွင့်ကို တောင်းဆိုကြရင် ဖြစ်နိုင်စရာ ရှိကြောင်း အကြံပေးလိုက်ပါတယ်။
2011년 8월 13일 토요일
အီးပီအက်စ် အမေးအဖြေ ကဏ္ဍ
မေးမြန်းသူ။ ဒဲဂူးက ညီအကိုတဦး
အကိုရေ၊ ကျနော်က အီးပီအက်စ်နဲ့ လယ်ယာအလုပ်လုပ်တဲ့ အလုပ်သမားပါ။ အခု လုပ်နေတဲ့ အလုပ်က စာချုပ်ထဲမှာ ပါတဲ့ အလုပ်ချိန်၊ နားရက် စတာတွေနဲ့ တခုမှ မညီပဲ အလုပ်စချိန်ထက် စောပြီး အလုပ်လုပ်နေ ရတယ်။ အလုပ်သိမ်းချိန်အတိအကျမရှိ နေ၀င်ပြီဆိုမှ အလုပ်သိမ်းရတယ်။ နားရက်။ အိုတီခမရ။
အဲဒါ ဘယ်လုပ်လုပ်ရမလဲ။ အကြံပေးပါဦးဗျာ။
ဖြေ။ ညီရေ၊ စာချုပ်ထဲမှာ ပါတဲ့အချက်ကို မလိုက်နာဘူးဆိုရင် ပထမဦးဆုံး အလုပ်ရှင်ကို ဘာကြောင့် ဒီအချက်အလက်တွေနဲ့ မညီပါသလဲဆိုတာကို အရင်မေးပြီးတော့ သူဖြေတာကို သေချာမှတ်ပါ။ စကား နားမလည်ရင် သူ့အသံကို အသံဖမ်းထားပြီး နားလည်သူကို မေးကြည့်ပါ။
စာချုပ်ပါ အချက်တွေနဲ့ ကွဲရတာကို သူက ဘယ်လို ဆင်ခြေဆင်လက်တွေ ပေးပေး တရားမ၀င်ပါဘူး။
ဒါပေမယ့် ကာယကံရှင်နဲ့ အလုပ်ရှင်နဲ့ အရင် ပြဿနာကို ဖြေရှင်းပြီးမှ အဆင်မပြေလို့ သက်ဆိုင်ရာ အဖွဲ့အစည်း၊ အလုပ်သမားဝန်ကြီး ဌာနရဲ့ အကူအညီကိုတောင်းတာ ပိုကောင်းပါတယ်။
နိုင်ငံခြားသားအလုပ်သမားစင်တာလို အဖွဲ့အစည်းတွေကို အကူအညီတောင်းရင် သူတို့က အလုပ်ရှင်ကို ဖုန်းဆက်ပြီး စာချုပ်အတိုင်း လုပ်ပေးဖို့ တောင်းဆိုပေးပါတယ်။ ဒါပေမယ့် အလုပ်ုရှင်က ဒါကို မလိုက်နာဘူး ဆိုရင်တော့ အလုပ်ရှင်ကို အလုပ်သမားဥပဒေချိုးဖောက်မှုအဖြစ် အလုပ်သမားဝန်ကြီးဌာနထံ တိုင်စာတိုင်ပါတယ်။
အလုပ်သမားဝန်ကြီးဌာနက အလုပ်ရှင်ကို ခေါ်ယူစစ်ဆေးပြီး  စာချုပ်ပါ အချက်အလက်တွေကို ချိုးဖောက်  တာ မှန်ရင် အလုပ်ရှင်ကို ဒဏ်ခတ်ပါ တယ်။ အရင် မရခဲ့တဲ့ အချိန်ပိုခတွေကိုလည်း ပြန်ပေးဖို့ တောင်းဆိုနိုင်ပါတယ်။ ဒါပေမယ့် ဘယ်လောက်ရမလဲဆိုတဲ့ ကိစ္စမှာ ကိုယ်က အလုပ်လုပ်ခဲ့ချိန်တွေကို နေ့အလိုက် စာရင်းသေချာပြုစုထားမယ်ဆိုရင်တော့ တပြားတချပ်မလျော့ပဲ ပြန်ရရှိမှာဖြစ်ပါတယ်။
အလုပ်စာချုပ်ကို အလုပ်ရှင်က ချိုးဖောက်တဲ့အတွက်ကြောင့် အလုပ်သမားအနေနဲ့ တခြားနေရာကို ပြောင်းချင် ပြောင်းလို့ ရပါတယ်။ ဒါပေမယ့် တခြားအလုပ်ကိုပြောင်းလို့ အခုအလုပ်ထက်ပိုပြီး ဘာမှ ပိုပြီး ထူးခြားပြီး ကောင်းလာမှာ မဟုတ်ပါဘူး။ 
ဒါကြောင့် လက်ရှိ  အလုပ်မှာ အကျွမ်းဝင်ပြီးသား အလုပ်စနစ်၊ တည်ဆောက်ပြီးဖြစ်တဲ့ လူမှုဆက်ဆံရေးက ကိုယ့်အတွက် သိပ်မဆိုးဘူး ဆိုရင် လက်ရှိ အလုပ်ကို ဆက်လုပ်မယ်ဆိုတဲ့ စိတ်ကို ကိုင်ဆွဲပြီး တဘက်မှာ ကိုယ် ရရမယ့် ကိုယ့်အခွင့်အရေးကို အပြည့်အ၀ရအောင် ကြိုးစား စေချင်ပါတယ်။
အကူအညီတောင်းချင်ရင် ဒဲဂူးရွှေ့ပြောင်းအလုပ်သမားစင်တာ ဖုန်း 053 585 6206 ကို ဆက်သွယ်ပါ။
လိပ်စာကတော့ 대구 달서구 신당동 311-30
ဖြေကြားသူ    စိုးမိုးသူ
2011년 8월 8일 월요일
အီးပီအက်စ် အမေးအဖြေ ကဏ္ဍ
မေးမြန်းသူ- ချစ်ကံဆိုးလေး
မင်္ဂလာပါအကိုရေး
ကျတော်တို့EPS စာမေးပွဲအောင်ထားတဲ့လူတွေ ကိုးရီယားသူဌေးက နာမည်နဲ့ခေါ်ပေးမယ်ဆိုရင်ရနိုင်မလား
သိချင်ပါတယ်ကျတော်တို့ကရွှေအင်းဝနဲ့စားမေးပွဲအောင်ထားတဲ့လူတွေပါ။ကျေးဇူးပြုပြီးဖြေပေးပါလား
အဖြေ။ ။
မင်္ဂလာပါညီရေ
လက်ရှိ အီးပီအက်စ်စနစ်အရ အလုပ်သမားတင်ပို့မည့် နိုင်ငံကအလုပ်သမားကို နာမည်နဲ့ ခေါ်ပေးလို့ မရပါဘူး။
ပြီးတော့ အလုပ်ရှင်ထံ အလုပ်သမားကို ဆက်သွယ်ပေးတဲ့အလုပ်သမားဝန်ကြီးဌာနက ၀န်ထမ်းတွေ အနေနဲ့လည်းအလုပ်သမားရဲ့ အချက်အလက်တွေကို အကုန် ကြည့်ခွင့် မရှိတာကြောင့်
ဘယ်သူ ဘယ်ဝါဆိုတာ သိဖို့ ခဲရင်းကြောင်း ပြန်ကြားလိုက်ပါတယ်ဗျာ။