레이블이 ကိုရီးယားက မြန်မာများသတင်း인 게시물을 표시합니다. 모든 게시물 표시
레이블이 ကိုရီးယားက မြန်မာများသတင်း인 게시물을 표시합니다. 모든 게시물 표시

2012년 3월 27일 화요일

ဝန်ဆောင်စရိတ် မတရားတောင်းသူများအား အရေးယူပေးပါရန် တိုင်ကြားအပ်ပါသည်။

(အီးမေလ်းသို့ ရောက်ရှိလာသော တိုင်စာ)

ကျွန်တော်က ကိုရီးယားရောက်မြန်မာလုပ်သားတစ်ဦးပါ။
ကျွန်တော်အပါဝင် ကိုရီးယားရောက် မြန်မာလုပ်သားအားလုံးကို မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနမှ ကိုရီးယား+မြန်မာလုပ်သားပို့ဆောင်ရေး အေဂျင်စီအဖြစ် တာဝန်ယူ ဆောင်ရွက်ပြီး လုပ်သားပို့ဆောင်ရာမှာ ဝန်ဆောင်ခ(၈သိန်း)ကျပ် အပြင် အခြားစာရွက်စာတမ်းဘိုးတောင်းခံတာတွေ့ရှိပါကတိုင်ကြားနိုင်ပါတယ်လို့ ကြေငြာထားတဲ့အတိုင်း တိကျစွာ တစုံတဦးတရောက်ကမျှ တရားဝင်သက်မှတ်ထားတဲ့ရှစ်သိန်းကျပ်အပြင် အခြားစာရွက်စာတမ်းဘိုးစသည်တောင်းခံခြင်းမရှိဘဲ ဝန်ဆောင်ပေးတဲ့အတွက် ဝန်ကြီးဌာနမှအကြီးအကဲများအပါအဝင် ဝန်ထမ်းအားလုံးကို ကျေူးဇူးတင်ပါတယ်။

အခြားနိုင်ငံတွေနဲ့စာရင် ဝန်ဆောင်ခ(၈)သိန်းလဲတန်ပါတယ်လို့ပြောပါရစေ ..
ဒါပေမယ့် မတန်တဲ့နေရာကိုလဲပြောပါရစေ။
ကျွန်တော်တို့တတွေ လေယာဉ်တက်ခါနီး မြန်မာအေဂျင်စီထံ စာချုပ်ချုပ်ခဲ့ရပါတယ်။
(စခေါ်တဲ့ကုမ္ပဏီကိုအနည်းဆုံးတနှစ်မပြောင်းမရွှေ့အလုပ်ပေးရမယ်ဆိုတဲ့ ဝန်ခံကတိစာချုပ်ပေါ့)
အဲဒီစာချုပ်တဲ့အခါ ပုံစ(ံ၁၀၅)နဲ့(၁၀၆)ကိုမူရင်းပြပြီး မိတ္တူတစ်စုံအပ်ခဲ့ရပါတယ်။

အဲ့ဒီအခါမှာ မြို့နေတဲ့သူတွေအတွက်ပြဿနာ အခက်အခဲမရှိပေမယ့် ကျွန်တော်တို့လိုတောသားတွေအတွက် နဂိုမူလကလဲမရှိ လုပ်လေ့လုပ်ထလဲမရှိတော့ စာချုပ်ခါနီ်းမှ အရေးပေါ်လုပ်ရတာပေါ့ ။

အဲ့ဒီလိုပုံစံ(၁၀၅)နဲ့(၁၀၆)လုပ်ခကို မြေတိုင်းစာရေးက ဝန်ဆောင်စရိတ်ဆိုပြီး( ၅၅၀၀၀) ငါးသောင်း ငါးထောင် ကျပ် အလှူတော်ကြေးနဲ့ဆို (၆၀၀၀၀)ခြောက်သောင်းတောင်းတယ်ဗျ ။

အဲ့ဒါ မလွန်လွန်းဘူးလားဗျာ..ကျွန်တော့်အနေနဲ့ လုံးဝကို မတန်ဘူးလို့ပြောချင်ပါတယ် ။ အခြားသူငယ်ချင်းတွေမေးကြည့်တော့လဲ အဲ့ဒီလိုပေးခဲ့ရတဲ့အကြောင်းပြောကြပါတယ်။ ကျွန်တော်တို့တတွေ ပေးခဲ့ရသလို နောက်လာမယ် လုပ်သားလောင်းတွေ မတရားသဖြင့် အဲ့ဒီလို အတောင်းမခံရအောင် နိုင်ငံတော်အကြီးအကဲများနှင့် သက်ဆိုင်ရာလူကြီးများအနေနဲ့ မန္တလေးတိုင်း နွားတိုးကြီးမြိုနယ်မှ မြေတိုင်းစာရေး ကိုအောင်ခိုင်နဲ့ကိုဇော်လတ်မင်းကို အရေးယူ ဆုံးမပေးရန် တိုင်ကြားလိုက်ပါတယ်။
တိုင်ကြားသူ။ ။ thihakonaing999@gmail.com

2011년 12월 22일 목요일

(DVB) ၂၀၁၂မှစပြီး ပြည်ပရောက်မြန်မာနိုင်ငံသားများ ၀င်ငွေ အခွန်ဆောင်ရန်မလိုတော့

ပြည်ပရောက် မြန်မာနိုင်ငံသားတွေ​ ​ပေးဆောင်နေရတဲ့ ၀င်ငွေခွန်တွေကို လာမယ့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ က စပြီး ကင်းလွတ် ခွင့်ပြုကြောင်း​ ​မြန်မာနိုင်ငံပြည်ထောင် စုအစိုးရအဖွဲ့က ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
ဒီဇင်ဘာလ ၂၁ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်​ ​ကြေညာချက်ကို ​မြန်မာ နိုင်ငံ ပြည်ထောင်စုအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မျိုးကြည် လက်မှတ်နဲ့ ထုတ်ပြန်ထားတာဖြစ်ပြီး အစိုးရပိုင်​ သတင်းစာတွေ မှာလည်း ဖော်ပြထားပါတယ်။


ပြည်ပနေ မြန်မာနိုင်ငံသားများက နိုင်ငံခြားငွေနဲ့ ရရှိတဲ့ လစာ ခေါင်းစဉ်အောက်မှာ ၀င်ငွေစုစုပေါင်းအပေါ် နိုင်ငံခြားငွေနဲ့​ ​ပေးဆောင်ရတဲ့ အခွန်ကို ၀င်ငွေခွန်ပုဒ်မ ဥပဒေ ၅ အပိုဒ်ခွဲ (ခ) အရ​ ​ကင်းလွတ်ခွင့်​ ​ပြုလိုက်ကြောင်း ဖော်ပြထားပါတယ်။

2011년 11월 15일 화요일

သိရှိသူများ အကြောင်းကြားပေးပါ။

အမည်= MIN MIN HAN
နိုင်ငံကူးလက်မှတ်အမှတ်= 165842
 မွေးနေ့= 24 November 1977
မွေးရပ်= YANGON











အထက်ပါ နိုင်ငံကူးလက်မှတ်ပိုင်ရှင်အား ရှာဖွေလျှက်ရှိပါသည်။

ထို နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ ကိုမင်းမင်းဟန်သည် ကိုရီးယားနိုင်ငံရှိ အလုပ်ရုံတခုမှ ရရှိရမည့် လုပ်သက်ခံစားခွင့်ငွေအား တိုင်တန်းတောင်းဆိုခဲ့ပါသည်။ ထို လုပ်သက်ခံစားခွင့်ငွေကို ကိုမင်းမင်းဟန်အား သက်ဆိုင်ရာ အလုပ်ရုံမှ လုပ်သက်ခံစားခွင့်ငွေ ပေးဆောင်ရန် ကိုရီးယား အလုပ်သမားဝန်ကြီးဋ္ဌာနမှ အမိန့်ချမှတ်ခဲ့သည်။ သို့သော် ကိုမင်းမင်းဟန်နှင့် ဆက်သွယ်မှု လုံးဝ ပြတ်တောက်သွားခဲ့ပါသည်။ ကိုမင်းမင်းဟန်၏ ရပိုင်ခွင့် အခွင့်အရေးများ ခံစားနိုင်ရန်အတွက် ကာယကံရှင် ကိုမင်းမင်းဟန်၊ ကိုမင်းမင်းဟန်ဖြင့် အဆက်အသွယ်ရှိသူ အပေါင်းအသင်းများ အနေဖြင့် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်ကြပါရန် အသိပေး အကြောင်းကြားအပ်ပါသည်။

2011년 9월 21일 수요일

ကိုရီးယားမှာ “ကုသိုလ်လည်းရ ၀မ်းလည်းဝ” စေမည့် အရောင်းဈေးသည်များ အလိုရှိကြောင်း



မြန်မာပြည်တွင်းရှိ လူငယ် လူရွယ်များ၏ ပညာရည်တိုးတက်မြင့်မားရေး လုပ်ငန်းစဉ်များနှင့် ဒေသတွင်း အထွေထွေဖွံ့ဖြိုးရေးလုပ်ငန်းများကို ကူညီထောက်ပံ့ရန် ရည်ရွယ်၍ ကိုရီးယားနိုင်ငံ၏ အချက်အခြာကျသော နေရာများတွင် “လက်တွန်းလှည်း” နှင့် ဈေးရောင်းပြီး ရန်ပုံငွေရှာဖွေမည့် လုပ်ငန်းစဉ်တခုကို စီစဉ်ဆောင်ရွက်လျှက် ရှိပါသည်။ အဆိုပါလုပ်ငန်းစဉ်အတွက် ပူးပေါင်းပါဝင်မည့် အရောင်းဈေးသည်များ လိုအပ်နေ၍ ဖိတ်ခေါ်အပ်ပါသည်။

ဈေးရောင်းကြမဲ့ ပုံစံက ဒီလိုပါ

မိမိတို့ တတ်ကျွမ်းတဲ့ အစားအစာ တခုခုကို လက်တွန်းလှည်းနဲ့ ရောင်းချခြင်းဖြစ်ပါတယ်။

(ရောင်းချမဲ့ အစားအစာ အပေါ်မူတည်ပြီး လှည်းတစီးကို တစ်ယောက်(သို့မဟုတ်)အကူနှင့် နှစ်ယောက်တွဲပြီး ရောင်းနိုင်ပါတယ်။)

2011년 9월 18일 일요일

စစ်တပ် အာဏာသိမ်းကာလ ၂၃နှစ်ပြည့် ကန့်ကွက် ဆန္ဒပြပွဲကျင်းပပြီးစီး

မြန်မာပြည်ကို လွန်ခဲ့တဲ့ ၁၉၈၈ခုနှစ် စက်တင်ဘာလ ၁၈ရက်နေ့ကစပြီး စစ်တပ်က အာဏာသိမ်းခဲ့တာ အခု ဆိုရင် ၂၃နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ပြည်သူကို သေနတ်မိုးပြီး ဖိနှိပ်အုပ်ချုပ်လာခဲ့တဲ့ နအဖအစိုးရဟာ လက်ရှိမှာ အရပ်သားအစိုးရအဖြစ်ကို အသွင်ပြောင်းလဲ ဆက်လက် အုပ်စိုးလျှက် ရှိနေပါတယ်။
အရပ်သားအစိုးရ ရုပ်သွင်ကိုယူပြီးနောက် လက်ရှိမှာ ပြောင်းလဲမှုတွေ ပြုလုပ်နေသယောင် နိုင်ငံတကာရဲ့
မြင်ကွင်းမှာ ပုံစံမျိုးစုံကို ပြသဖို့ ကြိုးစားနေတဲ့ နအဖ အစိုးရကို ကိုရီးယားရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများက အယုံအကြည်မရှိကြောင်း ယနေ့ နအဖသံရုံးရှေ့ သတင်းစာရှင်းလင်းပွဲမှာ အတိအလင်းပြောကြားလိုက်ပါတယ်။
ယနေ့ စက်တင်ဘာ၁၈ရက် နေ့လယ် ၁၂နာရီက စတင်ပြီး ကိုရီးယားက နအဖသံရုံးရှေ့မှာ ၁နာရီကျော် ကျင်းပပြုလုပ်ခဲ့တဲ့ ၂၃နှစ်ပြည့်  စစ်တပ်အာဏာသိမ်းမှု ကန့်ကွက် သတင်းစာရှင်းလင်းပွဲမှာ ကိုရီးယားရောက် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများ စုဝေး တက်ရောက်ခဲ့ကြပါတယ်။
တက်ရောက်ကြသူများက လက်ရှိ နအဖ တဖြစ်လဲ အသွင်ပြောင်း ကြံ့ဖွတ်အစိုးရရဲ့ အပြောများပြီး အလုပ်မလုပ်မှုကို ပြစ်တင်ကာ စစ်မှန်တဲ့ ဒီမိုကရေစီတိုင်းပြည်ဖြစ်ဖို့အတွက် လက်ရှိ မတရား အကျဉ်းချခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားများကို ဦးစွာ ပထမ ချက်ချင်း လွှတ်ပေးရန်တောင်းဆိုကြပါတယ်။
 ဆက်လက်ပြီး မြန်မာပြည်ရဲ့ အသက်သွေးကြောဖြစ်တဲ့ သမိုင်းဝင် ဧရာဝတီမြစ်ကြီးကို မဖျက်ဆီးဖို့နဲ့ သဘာဝ ပတ်ဝန်းကျင်ကို ထိမ်းသိမ်းစောင့်ရှောက်ဖို့အလေးအနက်တောင်းဆိုခဲ့ကြပါတယ်။

သတင်း၊ ဓာတ်ပုံ   စိုးမိုးသူ

2011년 8월 18일 목요일

ဒဲဂူးလူထုမှ ကိုဝင်းလတ်အတွက် ဆေးကုသခငွေ စုဆောင်းလှူဒါန်းမည်

အတွင်းလူနာဆောင်တွင်းက ကိုဝင်းလတ်
ဒယ်ဂူးမြို့၊ယုံရှင်းစက်မှုဇုံ၊ ယုံရှင်းဂုံဒန်းတွင် အလုပ်လုပ် နေသည့် မြန်မာအလုပ်သမား တစ်ဦးဖြစ်သော ကိုရွှန်းဝင့်နွယ်(စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း အကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ၊ စာရေးဆရာ ဘလောဂ်ဂါ ကိုဝင်းလတ်)သည် ၃-၈-၂၀၁၁ရက်နေ့က ညနေချမ်းအချိန်တွင် မိုးသဲသဲ၌ ဆိုင်ကယ်လမ်းချော် ဘရိတ်ပေါက် တိမ်းမှောက်၍ ကုန်းမြင့်ပေါ်မှအောက်သို့ ကျရောက်ပြီး ကျောက်တုန်းကျောက်ခဲများဖြင့် ထိခိုက် မိကာ တကိုယ်လုံးတွင်အလွန်ပြင်းထန်စွာ ဒဏ်ရာအနာ တရ ရရှိသွားခဲ့ပါသည်။

လက်ရှိ ဒဲဂူးမြို့ ကက်သလစ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေသူ ကိုဝင်းလတ်အား ဒဲဂူးမြို့ သတင်းစာတိုက် အိုင်မဲအီးလ်ကနေ ကြီးမှူးပြီး အလှူငွေ ကောက်ခံခဲ့ရာ အလှူငွေ ၀မ်သိန်း တရာ့ ခုနှစ်ဆယ် ခြောက်သိန်း နှစ်သောင်းရှစ်ထောင်ကို လက်ခံရရှိထားကြောင်း သတင်းရရှိပါတယ်။ အဲဒီ အလှူငွေကို အဖွဲ့အစည်း ၅၆ဖွဲ့နဲ့ စာဖတ်သူ ၁၅၇ဦးတို့မှ စုပေါင်း လှူဒါန်းခဲ့တာဖြစ်ပါတယ်။

2011년 8월 11일 목요일

မြန်မာနိုင်ငံသားတဦး အလုပ်ခွင်တွင်း ထိုးကြိတ်ခံရ




အင်ချွန်း နမ်ဒေါင်း စက်မှုဇုန်မှာ အလုပ်လုပ်နေသူ ကိုSဟာ မနေ့က ညနက်အထိ အချိန်ပို အလုပ်လုပ်ခဲ့တာ ကြောင့် ပင်ပန်းနွမ်းနယ်နေတဲ့ ကိုယ်ခန္ဓာကို အားတင်းပြီး စက်ရုံထဲကို အလုပ်လုပ်ဖို့ တလှမ်းချင်း ၀င်လာ ခဲ့ပါတယ်။

စက်ရုံထဲ ခြေလှမ်းချချခြင်း အတူ အလုပ်လုပ်သူ ကိုရီးယားသားက သူ့ကို အော်ဟစ်ပြီး ပြောဆိုလိုက်သံကို ကြားလိုက်ရပါတယ်။ မနေ့က သူ အခြောက်ခံခဲ့တဲ့ ကယ်မီကယ်လ်အမှုန့်တွေ မခြောက်သေး လို့ ဆိုပြီး သူ့ကို အော်ဟစ် ဆူပူလိုက်တာ ဖြစ်ပါတယ်။

2011년 8월 8일 월요일

ကိုရွှန်းဝင့်နွယ်၏ ကျန်းမာရေးအခြေအနေသတင်း (၁)

ဆိုင်ကယ်တိမ်းမှောက်မှုဖြင့် ဒယ်ဂူးမြို့၊ ကက်သလစ်ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှု ခံယူနေရသည့် ကိုရွှန်းဝင့်နွယ်၏ ကျန်းမာရေး အခြေအနေမှာ တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာလျက်ရှိကြောင်း သတင်းရရှိပါသည်။

တာဝန်ခံ ဆရာဝန်ကြီး၏ ပြောပြချက်အရ
“လိုအပ်သည့် ခွဲစိပ်ကုသမှုများကို လိုအပ်သလို ကုသပေးနေပြီး ကွဲသွားသည့်ခေါင်းနှင့် ကျိုးသွားသည့် နာဖူးရိုး၊ နာခေါင်းရိုး၊ လည်ပင်းညှပ်ရိုးနဲ့ ဘယ်ဘက်မျက်လုံး တို့မှာ စိုရိမ်ဖွယ်မရှိတော့ကြောင်း၊

သို့သော် ညာဘက်မျက်လုံးနဲ့ အဓိက ခါးရိုးများအတွက် ခွဲစိပ်ကုသမှုအပိုင်းကို အထူးစောင့်ကြပ်ကာ ပြုလုပ်ပေးရမည်ဖြစ်ကြောင်း၊

ယခုလောလောဆယ်တွင် အထူးကြပ်မတ်ကုသဆောင်၌ နောက်ထပ် တစ်ပတ်ကျော်ခန့် အနီးကပ် စောင့်ကြည့်ကုသမှုကို ခံယူရန်လိုအပ်ပြီး အခြေအနေကောင်းမွန်ပါက အသေးစိပ် ခွဲစိပ်ကုသမှုကို ခံယူရမည် ဖြစ်ကြောင်း၊

2011년 8월 6일 토요일

ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်အခမ်းအနားကျင်းပမည်

လာမည့် သြဂုတ်လ ၁၄ရက် တနင်္ဂနွေ့ နေ့လယ် ၂နာရီမှာ ကရင်လူငယ်အစည်းအရုံး(ကိုရီးယားဌာနခွဲ)မှကြီးမှူးကာ ဒုတိယအကြိမ်မြောက် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်အခမ်းအနားကို မြန်မာ ဗုဒ္ဓသာသနာပြုကျောင်းတော်မှ ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိပါတယ်။

2011년 8월 5일 금요일

မြန်မာအလုပ်သမား တစ်ဦး အလွန်ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခြင်း

စာရေးဆရာ ကိုရွှန်းဝင့်နွယ် ခေါ် ဘလောဂ်ဂါ ကိုဝင်းလတ်
ဒယ်ဂူးမြို့၊ယုံရှင်းစက်မှုဇုံ၊ ယုံရှင်းဂုံဒန်းတွင် အလုပ်လုပ် နေသည့် မြန်မာအလုပ်သမား တစ်ဦးဖြစ်သော ကိုရွှန်းဝင့်နွယ်(စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း အကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ၊ စာရေးဆရာ  ဘလောဂ်ဂါ ကိုဝင်းလတ်)သည် ၃-၈-၂၀၁၁ရက်နေ့၊ (မနေ့က) ညနေချမ်းအချိန်တွင် မိုးသဲသဲ၌ ဆိုင်ကယ်လမ်းချော် ဘရိတ်ပေါက် တိမ်းမှောက်၍ ကုန်းမြင့်ပေါ်မှအောက်သို့ ကျရောက်ပြီး ကျောက်တုန်းကျောက်ခဲများဖြင့် ထိခိုက် မိကာ တကိုယ်လုံးတွင် အလွန်ပြင်းထန်စွာ ဒဏ်ရာအနာ တရ ရရှိသွားခဲ့ပါသည်။

ယခုအချိန်တွင် ဒယ်ဂူးမြို့ရှိ ကက်သလစ်ဆေးရုံ၊ အရေးပေါ်ခန်းတွင် လိုအပ်သည့် အရေးပေါ် ကုသချက် များကို ရယူထားပြီး ဖြစ်သဖြင့် အသက်အန္တရယ်မှာ စိုးရိမ်မှု မရှိတော့ကြောင်း၊ သို့သော် နာဖူးရိုး၊ မျက်ခုံးရိုး၊ နှာခေါင်းရိုး၊ လည်ပင်းညှပ်ရိုး၊ ခါးရိုးများ ကြိုးသွားပြီး ဘယ်ဘက်မျက်လုံးမှာလည်း အလွန်ထိခိုက်သွားသဖြင့် ကုသမှုအပိုင်းမှာ အထူးစိုရိမ်နေရကြောင်း၊ ကုသမှုများ ကောင်းမွန်အောင်မြင်သွားသော်လည်း အကောင်း ပတိအတိုင်း ပြန်လည်ဖြစ်ဖို့ရန်မှာ မလွယ်လှကြောင်း၊ ခါးရိုး ကျိုးသွားမှုကြောင့် အောက်ပိုင်း တစ်ခုလုံးမှာ လှုပ်ရှားမှု ရဖို့ အတွက် အထူးစိုးရိမ်နေရကြောင်း စသဖြင့် ဆေးရုံရှိ တာဝန်ရှိသူများမှတစ်ဆင့် ကြားသိရ ပါသည်။