레이블이 နိုင်ငံတကာ인 게시물을 표시합니다. 모든 게시물 표시
레이블이 နိုင်ငံတကာ인 게시물을 표시합니다. 모든 게시물 표시

2012년 3월 2일 금요일

အမေ့စကား နားထောင်လို့ သိန်းထီပေါက်သူ

လိုင်းအင်းခီချင်း

အင်္ဂလန်နိုင်ငံမှာ အခန်းသန့်ရှင်းရေး မလုပ်လို့ မိခင်ရဲ့ အဆူခံရမှုကြောင့် အခန်းသန်ရှင်းရေး လုပ်ရင်း
ဒေါ်လာ ၁သိန်းတန် ထီပေါက်သွားတဲ့ ဆယ်ကျော်သက် လူငယ်တယောက်အကြောင်း တင်ပြပါ့မယ်။

မတ်လ ၂ရက်နေ့က အင်္ဂလန်နိုင်ငံ စကော့တလန်မှာ နေထိုင်သူ လိုင်းအင်းခီချင်း(အသက်၁၉နှစ်)ဟာ မိခင်ရဲ့ဆူပူမှုကို ဆက်လက်တောင့်တင်းခံနိုင်စွမ်း မရှိတော့တာကြောင့် အမှိုက်များဖြင့် ရှုပ်ပွနေတဲ့ သူ့အခန်းကိုသန့်ရှင်းရင်း ပေါင်၅သောင်း၃ထောင်တန် ထီလက်မှတ်ကို ရှာဖွေရရှိသွားခဲ့ပါတယ်။

သူဟာ ဖေဖော်ဝါရီလ ၈ရက်နေ့က သူ အလုပ်လုပ်တဲ့ ကုန်ရောင်းဆိုင်က ထီလက်မှတ်ကို ၀ယ်ယူခဲ့ပါပေ
မယ့် ၀ယ်ခဲ့တဲ့ ပစ္စည်းမှန်သမျှကို အခန်းထဲမှာ ဖြစ်သလို ပစ်ထားလေ့ရှိတဲ့ သူ့ရဲ့ အကျင့်အတိုင်း အဆိုပါ ထ်ီလက်မှတ်ကိုလည်း အခြားပစ္စည်းတွေနဲ့အတူရောထွေးကာအခန်းထဲမှာလွှင့်ပစ်ပြီး နေထိုင်လာခဲ့ပါတယ်။

ဒါပေမယ့် အမှိုက်ပုံဖြစ်နေတဲ့ သူ့အခန်းကို ရှင်းရန် အကြိမ်ကြိမ်ဆူပူကြိမ်းမောင်းလာခဲ့သူ မိခင်ဖြစ်သူကို
မလွန်ဆန်နိုင်တော့တာကြောင့် အခန်းကို သန့်ရှင်းရာမှ ၀ယ်လာပြီး ပစ်ထားခဲ့တဲ့ ထီလက်မှတ်ကို သွားတွေ့ခဲ့ပါတယ်။

ဒါနဲ့ သူဟာ ထီလက်မှတ်ကို မလွှင့်ပစ်မီ အကယ်၍များဆိုတဲ့ သိချင်စိတ်နဲ့ ထီလက်မှတ်ကို ပေါက်ဂဏန်း
များနဲ့  တိုက်ကြည့်တဲ့အခါ ထီလက်မှတ်ပါ ဂဏန်းများနှင့် ဘောနက်စ် နံပါတ်များဟာ ပေါက်ဂဏန်းများနဲ့ တူညီနေတာကြောင့် ပေါင်၅သောင်း၃ထောင် ဆုကြေးကို ရရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။

လိုင်းအင်းက အမေက အခန်းမရှင်းလို့ နေ့တိုင်း ဆူတာကြောင့် အမေဆူတာကို ဆက်ပြီး မသိချင်ယောင်
ဆောင်လို့ မရတော့လို့ အခန်းကို သန့်ရှင်းဖို့ ဆုံးဖြတ်ခဲ့ရတာပါလို့ ပြောပါတယ်။
ဆက်လက်ပြီး သူက အခုတလော ရည်းစားဖြစ်သူနဲ့ ကွဲနေလို့ ခံစားနေရတဲ့ ဝေဒနာက သက်သာရာရ သလို ခံစားရပါတယ်၊ ဆုကြေးငွေတွေ အချို့ကို လှူဒါန်းပြီး ကျန်တာကိုတော့ မိဘတွေနဲ့ ခရီးသွားတဲ့အခါ
သုံးစွဲဖို့ စီစဉ်ထားပါတယ်လို့ ပြောပါတယ်။

2011년 9월 8일 목요일

စစ်ထဲ ၀င်ခွင့်မရလို့ လူတွေကို သတ်ဖြတ်ခဲ့သူ အမေရိကန်နိုင်ငံသား

လူသတ်သမား ဆဲ့အင် လီဂူးလ်မင်း
မိမိကို စစ်ထဲဝင်ခွင့် မပေးလို့ဆိုပြီး ဒေါသထွက်ကာ သေနတ်တလက်ဖြင့် မိသားစုဝင် ၅ဦးနဲ့ လူတချို့ကို ရက်စက်စွာ သတ်ဖြတ်ပြီး နောက် မိမိကိုယ်ကိုပါ အဆုံးစီရင်သွားခဲ့တဲ့ အမေရိကန်နိုင်ငံသားတဦးရဲ့ ဖြစ်ရပ်က အမေရိကန်လူမှုအသိုက်အ၀န်းအတွင်း ပြင်းထန်တဲ့ တုန်လှုပ်မှုကို ဖြစ်သွားစေကြောင်း သတင်းရရှိပါတယ်။





လွန်ခဲ့တဲ့ တနင်္လာနေ့ ညနေ၊ အမေရိကန် အနောက်ဗာဂျီးနီးယား မိုဂွန်တောင်းမှာ နေထိုင်သူ ဆဲ့အင် လီဂူးလ်မင်း(အသက်၂၂)ဟာ မိသားစုတစု နေထိုင်ရာ နေအိမ်ဝင်းသို့ ၀င်ရောက်ကာ သေနတ်ဖြင့် မိသားစုဝင် အားလုံးကို ရက်စက်စွာ ပစ်ခတ် သတ်ဖြတ်ခဲ့ပါတယ်။ သူ့ရဲ့ သတ်ဖြတ်မှုကြောင့် ကိုယ်ဝန် ဆောင်မိခင်အပါအ၀င် ဧည့်ခန်း၊ အိပ်ခန်း နဲ့ ရေချိုးခန်းတွင်းရှိ ချားစ် ရစ်ချတ်စွန်(အသက်၄၉)ရဲ့ မိသားစု ၀င် အားလုံး အသက်ဆုံးရှုံးခဲ့ရပါတယ်။
လီဂူးလ်မင်းရဲ့ ရက်စက်မှုက အဲဒီမှာတင် မပြီးခဲ့ပါဘူး။ သူဟာ အဲဒီလို သတ်ဖြတ်ပြီးနောက် ကားတစီးကို မောင်းနှင်ကာ လမ်းပေါ်ရှိ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်သတ်ခြင်းနဲ့ အသက်၆၀အရွယ် အမျိုးသမီးအို တယောက်ကို ကားနဲ့ တိုက်သတ်ခြင်းကိုလည်း ရက်စက်စွာ ကျူးလွန်ခဲ့ပြန်ပါတယ်။
အဲဒီနောက် သူဟာ ရဲများရဲ့ ၀ိုင်းဝန်းမှုကို ခံရရခြင်း သူ့ကိုသူ သေနတ်ဖြင့် ပစ်ကာ အဆုံး စီရင်သွားခဲ့ ပါတယ်။
လီဂူးလ်မင်းက ကိုယ်ပိုင် ဖေ့စ်ဘွတ်ခ်မှာ "စစ်တပ်ထဲ ၀င်လို့ရရဲ့သားနဲ့ ငါ့ကို လက်မခံတာကို အရမ်း ဒေါသထွက်တယ်၊ ကလဲ့စားချေတယ်ဆိုတာ ဘုရားသခင်က ပြင်ဆင်ပေးတဲ့ အကောင်းဆုံး အစားအစာ" ဆိုပြီး ရေးထားခဲ့ပါတယ်။ အခုလို ရက်စက်မှုတွေကို ကျူးလွန်ဖြစ်ခဲ့တဲ့ သူ့ရဲ့ အဓိက အကြောင်းရင်းကို သိရှိလိုက်ရတဲ့ အမေရိကန် လူမှု အသိုက်အ၀န်းဟာ အထူး တုန်လှုပ်သွားခဲ့ရကြောင်း တင်ပြလိုက်ပါတယ်။
သတင်း  စိုးမိုးသူ

2011년 8월 26일 금요일

လက်ခြေချောင်း ၂၄ချောင်း ပိုင်ရှင်

 

ကျူးဘား ဂွမ်ထာနာမိုပြည်နယ် ဘာရာခိုအားက လက်ချောင်း၊ ခြေချောင်း စုစုပေါင်း၂၄ချောင်း ပိုင်ဆိုင်သူ အဲ့နန်ဒဲစ်(အသက် ၃၇နှစ်)ဟာ သူ့ရဲ့ များပြားလှတဲ့ လက်ခြေချောင်းတွေ ကျေးဇူးကြောင့် သစ်ပင် ကောင်းကောင်း တက်နိုင်တာမို့  အဲဒီ ဒေသကို လာရောက်ကြတဲ့ ခရီးသွားတွေအကြား အထူး နာမည်ကျော်ကြားလျှက် ရှိနေပါတယ်။

သားကို သံကြိုးနဲ့ချည်ပြီး ၂၃နှစ်တိုင် ကျွေးမွေးပြုစုလာတဲ့ မိခင်

တရုတ်နိုင်ငံမှာ အသက် ၇၆နှစ်ရှိတဲ့ မိခင်ဖြစ်သူက အသက်၄၀ရှိပြီ ဖြစ်တဲ့ စိတ်ရောဂါဝေဒနာရှင် သားဖြစ် သူကို ကိုယ်လုံးတီးထားကာ သံကြိုးဖြင့် ချည်နှောင်ပြီး အခန်းကျဉ်းထဲမှာ ၂၃နှစ်တိုင် ကျွေးမွေးလာခဲ့တယ် လို့ သတင်းရရှိပါတယ်။

2011년 6월 27일 월요일

အာဂျင်တီးနား နွားငယ်မှ လူနို့နှင့် တူညီသော နို့ကို ထုတ်ပေးတော့မည်

25 Jun 2011
ကမ္ဘာပေါ်တွင် ပထမဦးဆုံးအကြိမ် လူသားမျိုးရိုးဗီဇပေါင်းစပ်ကာ ဗီဇပြောင်းထားသော လူမိခင်၏ နို့ကို ထုတ်ပေးနိုင်မည့် နွားတစ်မျိုးကို ဖန်တီးလိုက်ပြီ ဖြစ်ကြောင်း အာဂျင်တီးနား ဓါတ်ခွဲခန်းမှ ထုတ်ပြန် ကြေညာ လိုက်သည်။


လူသားဗီဇဖြင့် စပ်ယူပြီး မွေးဖွားခဲ့သော "ရိုစီတာအီဆာ" အမည်ရှိ "ကလုံးနွား" သည် လူနို့ရည်တွင် ပါဝင်သော ပရိုတိန်းရှိသည့် လူသားဗီဇဖြင့် ပေါင်းစပ်ကာ ထုတ်လုပ် ထားခြင်း ဖြစ်သည် ဟု အာဂျင်တီးနားနိုင်ငံ စိုက်ပျိုရေးသိပ္ဗံနည်း ပညာဌာနက ဇွန်လ (၉)ရက်နေ့က ပြောကြားသည်။


"ရိုစီတာအီဆာ" ကို ၂၀၁၁ခုနှစ် ဧပြီလ ၆ရက်နေ့က မွေးဖွားရာ ပုံမှန်ကိုယ်အလေးချိန်ထက် ၄၅ ကီလို ဂရမ် (၉၉) ပေါင် ပိုလေးပြီး ပုံမှန်မွေးကင်းစနွား၏ ၂ဆဖြစ်နေကြောင့် ဗိုက်ခွဲမွေးဖွားခဲ့ရသည်ဟု နည်းပညာ ဌာန၏ ကြေညာချက်တွင် ရေးသားထားသည်။


ရိုစီတာသည် အရွယ်ရောက်ချိန်တွင် လူ၏နို့နှင့်ဆင်တူသော နို့ကို ထုတ်လုပ်မည်ဟု အဆိုပါ ကြေညာ ချက်တွင် ထည့်သွင်းဖေါ်ပြထားသည်။


ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က နွားနို့ထဲကို လူသားမျိုးဗီဇ၂မျိုးဖြစ်တဲ့ protein lactoferrin နဲ့ lysozyme တို့ကို ပေါင်းစပ်ပေးခြင်းဖြင့် မွေးကင်းစကလေးငယ်ကို ဘက်တီးရီးယား၊ ဗိုင်းရပ်စ် စတဲ့ ရောဂါ ပိုးများကနေ သဘာဝအလျောက် ကာကွယ် ပေးရန် ရည်ရွယ်ပါတယ်ဟု သုတေသနပညာရှင် "အာဒရီ ယန်မူတို" က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။


မျိုးဗီဇဖြင့် ပေါင်းစပ်ကလုံးပြုလုပ်ခြင်းကို အာဂျင်တီးနားသိပ္ဗံပညာဌာနနှင့် ဆန်မာတင် အာဂျင်တီးနား အမျိုးသားတက္ကသိုလ် တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။


From Lannthit Online Journal

2011년 6월 14일 화요일

သင်္ချာပညာရှင် “ပဲရဲလ်မန်” က ဆုကြေးငွေ ဒေါ်လာတစ်သန်းကို ငြင်းဆန်

ရုရှားသင်္ချာပညာရှင် “ဂရီဂေါ်ရီပဲရဲလ်မန်” က ၎င်းတွက်ချက်အဖြေရှာလိုက်သော ပုစ္ဆာကို သချာင်္ပညာအတွက် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ငွေကြေးအတွက် လုပ်ဆောင်ခြင်း မဟုတ်ပါဟု ဆိုသည်။

ထို့ပြင် ၎င်းအနေဖြင့် စကြဝဠာကြီးတစ်ခုလုံးကို ထိန်းချုပ်ထားနိုင်သည်ဟု ဆိုလိုက်ပြီး ငွေကြေးနှင့် မသက်ဆိုင်ပါဟု ၎င်းက ပြောဆိုလိုက်သည်။

“ဂရီဂေါ်ရီပဲရဲလ်မန်” သည် နှစ်ပေါင်း (၁၀၀) ကျော်ကြာမျှ ဖြေရှင်း၍ မရနိုင်ခဲ့သော Poincaré conjecture ကိုဖြေရှင်းကာ ”အပေါက်မပါသော မည်သည့်ပုံသဏ္ဍန်မဆို အဝိုင်းပုံသို့ ဖွဲ့စည်းနိုင်ကြောင်း” သက်သေပြခဲ့သည်။ အဆိုပါပုစ္ဆာသည် ကိန်းဘရစ်ခ်ျတက္ကသိုလ်၏ ဆုပေးရန် ထုတ်ပြန်ထားသည့် ပုစ္ဆာ (၇)ပုဒ်အနက်မှ တစ်ပုဒ်ဖြစ်သည်။

အဆိုပါပုစ္ဆာကို ဖြေရှင်း နိုင်သူသည် နိုဗယ်ဆုတံဆိပ်နှင့် ညီမျှသည့် ဆုငွေဒေါ်လာတစ်သန်းနှင့် သင်္ချာဗေဒဆိုင်ရာဆုတံဆိပ်ကို ရရှိမည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဉာဏ်ရည်အမြင့်ဆုံးဟု သတ်မှတ်ခံ ရသော “ဂရီဂေါ်ရီပဲရဲလ်မန်” က ၂၀၀၂ခုနှစ်နှင့် ၂၀၀၃ ခုနှစ်တွင် သီအိုရမ် ၂ခုကို ထုတ်ပြန်ခဲ့ရာ ၂၀၁၀ခုနှစ် ကျမှသာလျှင် သင်္ချာပညာရှင်များပါဝင်သော အဖွဲ့က သူ၏သီအိုရမ်ကို မှန်ကန်ကြောင်း သက်သေပြနိုင် ခဲ့သည်။

သို့သော် “ဂရီဂေါ်ရီပဲရဲလ်မန်” က အများက ဝိုင်းဝန်အသိအမှတ်ပြုသော ဂုဏ်ပြုဆုကြေးငွေနှင့် တံဆိပ်တို့ကို ငြင်းပယ်ကာ နှစ်ပေါင်းများစွာ အင်တာဗျူးများကို ရှောင်ရှားခဲ့ပြီး ငြင်းပယ်ရခြင်း အကြောင်းကို ယခုကျမှ ထုတ်ဖေါ်ရှင်းလင်းခဲ့သည်။ ယခုအခါ ၎င်းက ကမ္ဘာ့အရေးအပါဆုံး သင်္ချာကျောင်း ၃ခုအကြောင်း ရိုက်ကူးထားသည့် ပညာပေးရုပ်သံမှတ်တမ်းတစ်ခုတွင် ပါဝင်ရန် သဘောတူညီ လိုက်ပြီဖြစ်သည်။

“ငွေကြေး သို့မဟုတ် နာမည်ကျော်ကြားမှုကို ကျွန်တော် စိတ်မဝင်စားပါဘူး။ လစ်လပ်နေတာတွေဟာ နေရာတိုင်းမှာ ရှိပြီး သူတို့တွေကို တွက်ချက်ကြည့်လို့ ရပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် အခွင့်အလမ်းကြီး တစ်ခုဖြစ်ပါတယ်။ အခုဆိုရင် စကြဝဠာကြီးတစ်ခုလုံးကို ဘယ်လိုထိမ်းချုပ်ရမယ်ဆိုတာ ကျွန်တော်သိပါပြီ။ ငွေတစ်သန်းနောက်ကို ဘာအကြောင်းနဲ့ လိုက်နေဘို့ လိုသလဲ” ဟု ရုရှားသတင်းစာ Komsomolskaya Pravda သို့ ၎င်းက ပြောကြားသည်။

သတင်း လမ်းသစ်အွန်လိုင်းဂျာနယ်

2011년 6월 11일 토요일

ဖခင်ဖြစ်သူ၏ ပေါ့ဆမှုကြောင့် (၃)နှစ်အရွယ် သမီးလေးသေဆုံး


ပြင်းထန်သော အပူလျှပ်ဝေဒနာဖြင့် ကွယ်လွန်သွားသော (၃)နှစ်အရွယ်သမီးလေး နော်အစ္စယန်နာတာရှာ


၂၀၁၁ ခုနှစ် မေလ ၂၀ ရက်နေ့က ဆွေမျိုးတော်စပ်သူ၏ ဈာပနသို့ လိုက်လံပို့ဆောင်သူ အမျိုးသားတစ်ဦးမှ နေခြစ်ခြစ်တောက်အပူအောက် (ဈာပနနှင့် မီတာငါးရာအကွာအဝေး) ရှိမိမိကားထဲတွင် အိပ်ပျော်ကျန်ရစ်ခဲ့သော ၃နှစ်အရွယ် သမီးလေးအား ကားထဲတွင် သတိလက်လွတ် မေ့ကျန်ခဲ့ပြီး အချိန်တစ်နာရီကျော် ကြာမြင့်ပြီးနောက်မှ ကားအနောက်ခန်းရှိ အိပ်ပျော်နေသော သမီးငယ်အား ပြန်သတိရ၍ သွားရောက်ခေါ်ဆောင်သောအချိန်တွင်မူ သမီးလေးမှာ ကားအနောက်ခန်း၌ ပြင်းထန်းသော အပူလျှပ်ဝေဒနာ ခံစားနေရကြောင်းသိရှိခဲ့သည်။

ပါကစ္စတန်နိုင်ငံတွင် တတိယလိင်အမျိုးအစားကို တရားဝင်သတ်မှတ်လက်ခံပြီ

ပါကစ္စတန်နိုင်ငံက လိင်ပြောင်းလဲထားသော သူများအား ကိုယ်ပိုင် လိင်ရွေးချယ်ခွင့်ကို လက်ခံသည့် အထူးအရေးပါဆုံးဖြတ်ချက်တစ်ခုကို ပြဌန်းလိုက်သည်။ ပါကစ္စတန်တွင် မိမိတို့၏ မွေးရာပါ ကျား၊ သို့မဟုတ် မအဖြစ် လက်မခံနိုင်သော လူအချို့က နိုင်ငံတော်၏ အမြင့်ဆုံး တရားရုံးသို့ မိမိတို့၏ လိင်ကို ကိုယ်ပိုင်ရွေးချယ်ပြဌန်းခွင့်ကို လျှောက်ထားခဲ့ရာ အမြင့်ဆုံးတရားရုံးက ပန်ကြားလွှာကို လက်ခံအတည်ပြု ပေးခဲ့ပြီး မွေးရာပါ ကျား၊ မ ကို လက်မခံနိုင်သော သူများသည် အမျိုးသားမှတ်ပုံတင် နှင့် အခြားတရားဝင် မှတ်ပုံတင်များ လျှောက်ထားရာတွင် မိမိနှစ်သက်ရာလိင်အမျိုးအစားကို ရွေးချယ်နိုင်ကြောင်း အတည်ပြု ပေးခဲ့သည်။