레이블이 ကျန်းမာရေး인 게시물을 표시합니다. 모든 게시물 표시
레이블이 ကျန်းမာရေး인 게시물을 표시합니다. 모든 게시물 표시

2012년 4월 27일 금요일

အရက်သောက်တာ နှလုံး အတွက် ကောင်းသတဲ့

နှလုံး













အရက် သောက်ခြင်း သည် ကျန်း မာ ရေး ကို ထိခိုက် ဆုတ်ယုတ် စေသည် ဟု ကျွန်ုပ် တို့ သိထား ကြသည်။ သို့သော် အလွန်အကြူးမဟုတ်ဘဲ အနည်းငယ်မျှ ပမာဏသောက်သုံးခြင်းသည် နှလုံး ကျန်းမာရေးကို အထောက်အကူပြု ကြောင်းလေ့လာတွေ့ရှိခဲ့သည်။ နှလုံးရောဂါရှိသော အမျိုးသား များ တစ်နေ့လျှင်ဘီယာနှစ်ခွက်မျှ သောက်သုံးလျှင် မသောက်သူများ ထက် နှလုံးရောဂါဖောက်သည့် အခွင့် အလမ်း သိသိသာသာ လျော့နည်း သွားကြောင်းသိရသည်။ ဘီယာ နှစ်ခွက်သည် နှလုံးရောဂါ ကြောင့် သေဆုံးခြင်းကို ၄၂ ရာခိုင်နှုန်းထိ ကာ ကွယ်ပေးနိုင်ကြောင်း အံ့ဩဖွယ်တွေ့ရှိရ သည်။ နှလုံးရောဂါရှိ သော အမျိုးသား ၁၈၀ဝ ခန့်ကို နှစ် ၂၀ ကြာ သုတေသန ပြုပြီးနောက် ၂၀၁၁ တွင် အနည်းငယ်သော အရက်ကို နေ့စဉ်မှီဝဲ ခြင်းက နှလုံးကျန်းမာရေး အတွက် ကောင်းမွန်သင့် လျော်ကြောင်း ကနေဒီယန်နှင့် ဥရောပရှိ နှလုံးရောဂါဆရာဝန်များ အဖွဲ့အစည်းမှ အတည်ပြုထုတ်ပြန် လိုက်သည်။ အမျိုးသားများ တစ်နေ့ဘီယာ နှစ်ခွက်နှင့် အမျိုးသမီးများ တစ်နေ့ ဘီယာတစ်ခွက်ခန့် သောက်သုံးခြင်း သည် ခန္ဓာကိုယ်ကို အကျိုးပြုသော သွေးတွင်း HDL ပမာဏကို တိုးမြှင့် စေ နှလုံးရောဂါဖောက်ပြန်မှုကို ကာ ကွယ်ပေးသော်လည်း" တန်ဆေး၊ လွန်ဘေး"ကို သတိပြုကြရန် ဖော်ပြ လိုက်ပါသည်။
စန္ဒီ(ဆေး-၂)

2012년 4월 7일 토요일

စိတ်ဖိစီးမှု ကင်းစင်စေမည့် အကောင်းဆုံး သဘာဝအစာ

စိတ်ဖိစီးမှု ကင်းစင်စေမည့် အကောင်းဆုံး သဘာဝအစာနေ့စဉ် ခံစားရနေတဲ့ စိတ်ဖိစီးမှုမှန်သမျှ ကင်းစင်စေဖို့ တစ်နေ့တာ စားသောက်တဲ့ အစာတွေထဲမှာ အောက်ပါသဘာဝ အစာလေးမျိုးကို ထည့် သွင်းစားသင့်ပါတယ်။

(၁) ငါး

စိတ်ဖိစီးမှု လျော့ကျစေဖို့ သင်စားတဲ့ အစာထဲမှာ အိုမီဂါ ၃ ဖက်တီးအက် စစ် ပါဝင်အောင် ထည့်စားသင့်ပါတယ်။ ဒီမရှိ မဖြစ်အဆီဟာ စိတ်ဖိစီး မှုဖြစ်စေတဲ့ ဟော် မုန်းကို လျော့ကျစေပြီး စိတ်ကျရောဂါ မဖြစ်အောင် ကာ ကွယ်ပေးနိုင်ပါတယ်။ ငါး အဆီဖြည့်စွက်ဆေးကိုလည်း မှီဝဲပေးနိုင် ပါတယ်။ သဘာဝအစာကနေ အိုမီဂါ၃ ဖက်တီးအက်စစ်ရရှိစေဖို့ တစ်ပတ်မှာ အနည်း ဆုံးနှစ်ကြိမ်ခန့် အဆီပါတဲ့ ငါးသုံးအောင်စ ဒါမှမဟုတ် သစ်ကြားသီး လက် တစ်ဆုပ် စာပမာဏကို စားပေးသင့်ပါတယ်။

(၂) အမည်းရောင် ချောကလက်

အမည်းရောင်ချောကလက်မှာ စိတ်ဖိစီးမှု ပြေလျော့စေတဲ့ အာနိသင်အပြင် လျှာရဲ့ အရသာခံအာရုံကို ကျေနပ်မှုရ ရှိစေတယ်လို့ လေ့လာမှုတွေက ဆိုပါ တယ်။ ကြီးမားတဲ့ ဂျာမန်လေ့လာမှုတစ် ရပ်အရ အမည်းရောင်ချော ကလက်ကို ၁၀နှစ်ကြာ စားခဲ့သူတွေဟာ အနည်းဆုံး စားသူတွေ ထက်သွေး ဖိအားလျော့ကျ တာကိုတွေ့ရပါတယ်။ တခြားလေ့လာ မှုတစ်ရပ် အရ အမည်းရောင် ချောက လက်စားသူတွေမှာ စိတ်ဖိစီးမှုဟော်မုန်း လျော့ကျတာကို တွေ့ရပါတယ်။ အမည်း ရောင်ချောကလက်မှာ အဆီ၊ သကြားနဲ့ ကယ်လို ရီပါဝင်မှု ရှိတာကြောင့် တစ်နေ့ မှာ လေးထောင့်တစ်ကွက်စာပမာဏကို ပဲ စားသင့်ပါတယ်။

(၃) လက်ဖက်ရည်ကြမ်း

လန်ဒန်မှ လေ့လာမှုအရ လက်ဖက် ရည်ကြမ်းသောက်တာကြောင့် နာ့ဗ်ကြော တွေ ထိခိုက်မှုမှ အမြန်ဆုံး သက်သာစေ ကြောင်း သိရပါတယ်။ တစ်နေ့မှာ လက် ဖက်ရည်ကြမ်းလေးခွက်ကို သီတင်းပတ် ခြောက်ပတ်ကြာ သောက်သူတွေဟာ ခန္ဓာကိုယ်ထဲမှာ စိတ်ဖိစီးမှုဟော်မုန်းကော် တီဆောအဆင့် လျော့ကျပြီး စိတ်အပန်း ပြေကျေနပ်မှု ရှိတာကို တွေ့ရပါတယ်။ လက်ဖက်ရည်ကြမ်းဟာ စိတ်ခံစားမှု ကောင်းမွန်စေတဲ့ အာနိသင်ရှိတာကြောင့် တစ်နေ့လုံးလန်းဆန်း တက်ကြွမှုကို ရရှိစေ ကြောင်း တခြားလေ့လာမှုတွေက ဆိုပါ တယ်။

(၄)ထောပတ်သီး

ထောပတ်သီးမှာ စိတ်ဖိစီးမှုကို တွန်း လှန်ပေးနိုင်တဲ့ ပိုတက်စီယမ်နဲ့ မပြည့်ဝဆီ (Monounsaturated Fatty Acid) အများအပြား ပါဝင်နေပါတယ်။ ဒီအာ ဟာရဓာတ်နှစ်မျိုးစလုံးဟာ သွေးဖိအား ကို လျော့ကျစေပြီး MUFAs ဟာ စိတ်ဓာတ်ကျတာကို ကင်းဝေးစေပါတယ်။ ၁၁နှစ်ကြာ လေ့လာမှုတစ်ရပ်အရ MUFAs ကိုများများစားလေလေ၊ စိတ်ဓာတ်ကျ နိုင်ခြေ လျော့နည်းလေလေဖြစ်တာကိုတွေ့ရပါတယ်။ ဦးနှောက်က စိတ်ခံစားမှု ကောင်းစေတဲ့ ဆီရိုတိုနင်ကို စုပ်ယူရာ မှာ ဒီ MUFAs အဆီက ကူညီနိုင်တာ ကြောင့် ဖြစ်တယ်လို့ လေ့လာသူတွေက ယူဆထားပါတယ်။

2012년 3월 20일 화요일

နှလုံး ကျန်းမာရေး အတွက် သင်မသိ သေးသော နည်းသုံးမျိုး


နှလုံး ကျန်းမာရေး အတွက် သင်မသိ သေးသော နည်းသုံးမျိုးနှလုံး ရောဂါ မျိုးရိုး ရှိတာက အနာ ဂတ်မှာ နှလုံး ကျန်းမာရေး အတွက် အရေးပါတဲ့ အခန်းကဏ္ဍ ကနေ ပါဝင် နေပေမယ့် ဘဝ နေထိုင် စားသောက်မှုပုံစံနဲ့ အာဟာရ စားသုံးမှု ဆိုင်ရာ အလေ့အထ တွေကလည်း နှလုံး ကျန်းမာရေးနဲ့ ဆက် စပ်မှုရှိနေပါတယ်။ ဆေးလိပ်ဖြတ်တာနဲ့ လေ့ကျင့်ခန်း လုပ်တာတွေ ကလည်း နှလုံး ကျန်းမာရေးကို ကောင်းမွန် စေတယ် ဆိုတာ သင်သိပြီးဖြစ်မှာပါ။ နှလုံးကျန်းမာ ရေးအတွက် ကောင်းမွန်ပေမယ့် သင်မ သိသေးလောက်တဲ့ နည်းသုံးမျိုးကို အကြံ ပြု ရေးသား လိုက်ရပါတယ်။

(၁) အမျှင်ဓာတ် မှီဝဲပါ

အမျှင်ဓာတ်ကို စားပေးတာက အစာခြေ စနစ် ကျန်းမာ တိုးတက်ရေး အတွက် ကောင်းတဲ့ အပြင် နှလုံးသွေးကြောဆိုင် ရာ ကျန်းမာရေးကိုလည်း ကောင်းမွန်စေ ပါတယ်။ သင့်အနေနဲ့ ဟင်းသီးဟင်းရွက် တွေနဲ့ အခွံ ချွတ်မထားတဲ့ ကောက်နှံစာကို စားပေးတဲ့နည်းနဲ့ အမျှင်ဓာတ် ကို အပြည့် အဝ ရရှိနိုင်ပါတယ်။

(၂) သရေစာကို မှန်မှန်ကန်ကန်စားပါ

သင်စားမယ့်သရေစာက သင့်နှလုံး အတွက် တကယ်ကို အကျိုးရှိရဲ့လား။ ထပ်ခါတလဲလဲ အသုံးပြုထားတဲ့ ဆီနဲ့ ကြော်ထားတဲ့ ဆီကြော်စာ၊ တာရှည်ခံ အောင် ပြုပြင်ထားတဲ့ အစာနဲ့ ထရန့်စ် ဖက်စ်များစွာ ပါဝင်တဲ့ အစာ(ဥပမာအာလူး ချောင်းကြော်)တွေကို စားမယ် ဆိုရင် နှလုံးကျန်းမာရေးကို ထိခိုက်စေ နိုင်ပါတယ်။ ဒါကြောင့် နှလုံးကျန်းမာ ရေး ကောင်းမွန်ဖို့အတွက် သစ်သီးတွေ၊ အခွံမာတဲ့ အစေ့အဆန်တွေ၊ ဟင်းသီး ဟင်းရွက်တွေနဲ့ တခြား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားပေး ဖို့ လိုအပ်ပါတယ်။

(၃) ငါးစားပါ

နှလုံးကျန်းမာရေးကောင်းချင်ရင် အဆီများတဲ့ အသားကို မစားသင့်ပါဘူး။ အဆီများတဲ့ အသားအစား ငါးကို စားပါ။ ဆယ်လ်မွန်ငါးလို အဆီများတဲ့ ငါးတွေ မှာ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါဝင်တာ ကြောင့် နှလုံးသွေးကြောကျန်းမာရေးကို ကောင်းမွန်စေတဲ့အပြင် သွေးဖိအားကို လည်း လျော့ကျစေပါတယ်။

2012년 3월 17일 토요일

စိတ်ဖိစီးမှုလျော့ကျစေရန် ဒါတွေစားပါ


စိတ်ဖိစီးမှုလှုပ်ရှား နေရတဲ့လူသားတိုင်း ဖိစီးမှု တွေကို ကြုံတွေ့ နေကြရမှာပါ။ အနည်းနဲ့ အများသာ ကွာခြားပါလိမ့်မယ်။ ဖိစီးမှုကို လျော့နည်းအောင် လုပ်နိုင်တဲ့နည်းလမ်း တွေ အများကြီးရှိပါတယ်။ အခုပြောပြမယ့် နည်းလမ်း ကတော့ အစာစားပြီး ဖိစီးမှု လျှော့ချ ရမှာဆိုတော့ လိုက်နာ ဆောင်ရွက်ဖို့ လွယ်ကူမယ်လို့ ယူဆမိပါတယ်။




ဗာဒံစေ့

ဖိစီးမှုတွေ များလာတဲ့အခါ ခန္ဓာ ကိုယ်မှာ အက်ဒရီနလင်(Adrenaline) ဟော်မုန်း အထွက်များလာပါတယ်။ ဒီ ဟော်မုန်းက သွေးပေါင်ကို တိုးစေပါ တယ်။ အစေ့အဆန်တွေ စားပေးတာက သွေးပေါင်ကို ကျဆင်းစေပါတယ်။ ခုခံ အားစနစ်ကို မြှင့်တင်ပေးတဲ့ ဗီတာမင်အီး၊ ခန္ဓာကိုယ်ကို ထိန်းညှိပေးနိုင်တဲ့ ဗီတာမင် ဘီအုပ်စုတွေကိုပါ ရရှိနိုင်ပါတယ်။ နေ့စဉ် ကြုံတွေ့နေရတဲ့ ဖိစီးမှုတွေကို မရှောင်ရှား နိုင်ဘူးဆိုရင်တော့ တစ်နေ့ကို ခွက်တစ် ခွက်ရဲ့ လေးပုံတစ်ပုံပမာဏရှိတဲ့ အစေ့အ ဆန်တွေကို စားပေးပါ။

ထောပတ်သီး

ဖိစီးမှုတွေ များတဲ့အခါ အဆီများ တဲ့ အစားအစာတွေ၊ ခရင်မ်များတဲ့အစား အစာတွေ စားသုံးမှုမပြုဘဲ ထောပတ်သီး စားကြည့်ပါ။ ထောပတ်သီးမှာ မပြည့်ဝ ဆီနဲ့ ပိုတက်စီယမ်တွေ ပါဝင်ပြီး ဖိစီးမှု ကြောင့် သွေးပေါင်တက်တာကို ကျဆင်း စေပါတယ်။ ထောပတ်သီးမှာ ငှက်ပျော သီးထက်ပိုတဲ့ ပိုတက်စီယမ်တွေ ပါဝင်ပါ တယ်။

အဆီထုတ်ထားသောနို့

နွားနို့နွေးနွေးတစ်ခွက်က သင့်ကို အိပ်ပျော်စေပြီး အနားရစေတဲ့ အိမ်သုံး ဆေးဝါးတစ်ခုပါ။ နို့မှာပါဝင်တဲ့ ကယ်လ်စီ ယမ်က ကြွက်သားတွေ တင်းမာမှုနဲ့ တင်း အားကို လျော့နည်းစေတယ်လို့ ကယ်လီ ဖိုးနီးယားတက္ကသိုလ်မှ ပါမောက္ခဒယ်မန် က ပြောပါတယ်။ နို့သောက်တာက ရာသီမလာခင် ဖြစ်တတ်တဲ့ ဖိစီးမှုတွေဖြစ်တဲ့ စိတ်ဂနာမငြိမ်တာ၊ စိတ်လှုပ်ရှားတာ၊ စိတ်ဆတ်တာတွေကိုလည်း လျော့နည်း စေပါတယ်။ လေ့လာမှုတစ်ခုအရ တစ် နေ့ကို အဆီထုတ်ထားတဲ့ နို့ လေးခွက်နဲ့ အထက်သောက်တဲ့ မိန်းကလေးတွေက လုံးဝမသောက်တဲ့ မိန်းကလေးတွေထက် ရာသီမလာခင် ခံစားရတဲ့ ဝေဒနာတွေကို သိသာသာမခံစားရတာကို တွေ့ရပါတယ်။

အုတ်ဂျုံ

အုတ်ဂျုံ စားတာကြောင့် ရရှိတဲ့ ကာ ဗိုဟိုက်ဒရိတ်က အညိုရောင် ချောကလက် စားသလိုမျိုး ဦးနှောက်ကနေ စိတ်အနား ရစေတဲ့ ဆီရိုတိုနင်ကို ပိုထွက်စေပါတယ်။ အုတ်ဂျုံမှာ အမျှင်ဓာတ်များစွာ ပါဝင်ပြီး အစာခြေဖို့အတွက် အချိန်ကြာကြာယူရ တာကြောင့် သွေးထဲမှာကာဗိုဟိုက်ဒရိတ် တွေ အချိန်ကြာကြာရှိနေပါတယ်။ ကာဗို ဟိုက်ဒရိတ်တွေ သွေးထဲမှာ အချိန်ကြာ ကြာရှိနေတာကြောင့် ဆီရိုတိုနင်ပမာဏ ကို ထိန်းထားနိုင်ပြီး ဖိစီးမှုတွေကို လျော့ နည်းစေပါတယ်။

လိမ္မော်သီး

လိမ္မော်သီးမှ ဗီတာမင်စီကို ရရှိနိုင် ပါတယ်။ ဂျာမန် သုတေသီတွေက လူ ပေါင်း ၁၂၀ ကို သုတေသန လုပ်ရာတွင် ဗီတာမင် စီ ၃၀ဝ၀ မီလီဂရမ် စားသုံးထား သူတွေဟာ ဖိစီးမှုနည်းတာကို တွေ့ရပါ တယ်။ သွေးပေါင်လျော့ကျစေပြီး ခန္ဓာ ကိုယ်မှာ ထွက်ရှိနေတဲ့ ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းကော်တီဇောကို လျော့ကျစေ ကာ မူလအခြေအနေသို့ အလျင်အမြန် ပြန်ရောက်စေပါတယ်။

ဆယ်လ်မွန်ငါး

အိုမီဂါ-၃ အဆီက ဖိစီးမှုတွေကို လျော့နည်းစေပါတယ်။ အိုမီဂါ-၃ က စိတ်ဖိစီးမှု ဟော်မုန်း တွေဖြစ်တဲ့ ကော်တီ ဇောထွက်ရှိမှုကို နည်းစေပါတယ်။ အိုမီဂါ -၃ကနှလုံးရောဂါဖြစ်ပွားမဖြစ်ပွားအောင် လည်း ကာကွယ်ပေးပါတယ်။ တစ်ပတ် ကို ဆယ်လ်မွန်ငါး၊ မက်ကရယ်ငါး၊ ဟာ ရင်းငါး၊ တူနာငါး စတဲ့ ငါးတွေကို အ နည်းဆုံး နှစ်ကြိမ်စားပေးပါ။ အိုမီဂါ-၃ အဆီကို ကြက်ဥ၊ ဒိန်ချဉ်၊ နို့နဲ့ ပဲပိစပ် တို့မှလည်း အိုမီဂါ-၃ကို ရရှိနိုင်ပါတယ်။

ဟင်းနုနယ်ရွက်

သတ္တုဓာတ်တွေက ဖိစီးမှုကို လျော့ နည်းစေပြီး စိတ်ကို တည်ငြိမ်စေပါတယ်။ ခန္ဓာကိုယ်မှာ သတ္တုဓာတ်တစ်မျိုးဖြစ်တဲ့ မဂ္ဂနီဆီယမ် မလုံလောက်ပါက ဖိစီးမှုခံ စားရတာ၊ ခေါင်းတစ်ခြမ်းကိုက်တာ၊ မော ပန်းနွမ်းနယ်နေတာတွေ ဖြစ်တတ်ပါ တယ်။ တစ်နေ့ကို ဟင်းနုနယ်ရွက်တစ် ခွက်စာ စားပေးတာက တစ်နေ့တာလို အပ်တဲ့ မဂ္ဂနီဆီယမ်ပမာဏရဲ့ ၄၀ ရာခိုင် နှုန်းကို ရရှိစေပါတယ်။

ဇာခြည်ဝင်း ( ဆေးတက္ကသိုလ်)

ကြွက်သားတွေသန်မာဖို့ ဒါတွေ စားပါ


ကြွက်သားများသန်မာစေဖို့ ခန္ဓာကိုယ် အတွက် အရေးပါတဲ့ အစိတ်အပိုင်း တွေထဲမှာ ကြွက်သား တွေကလည်း အဓိကကျလှပါတယ်။ လူအ များစု လေ့ကျင့်ခန်း ပြုလုပ်ရာမှာ ကိုယ်အ လေးချိန်ကျစေဖို့ အတွက် ပြုလုပ်ကြပေမယ့် ကြွက်သား သန်မာစေဖို့ ကိုတော့ မေ့နေတတ်ပါတယ်။ ကြွက်သားတွေ သန်မာစေဖို့ အစားအစာတွေ ကလည်း ကူညီ ပေးနိုင်ပါတယ်။ ဥအမျိုးမျိုးကို စားပေးပါ။ ပရိုတင်း ဓာတ်ကြွယ်ဝပြီး ဗီတာမင် အေ၊ အီးနဲ့ ဒီတွေ ပါဝင်ပါတယ်။ ဟင်းနုနယ်ရွက်ဟာ ကြွက်သားတွေကို အကောင်းဆုံးထောက် ပံ့ပေးနိုင်တဲ့ အစိမ်းရောင်အရွက်ပဲဖြစ်ပါ တယ်။

ငါးကြီးဆီနဲ့ အိုမီဂါသရီး၊ အုတ်ဂျုံနဲ့ ဂျုံနဲ့ ပြုလုပ်ထားတဲ့ အစားအစာတွေကို စားပေးပါ။ အစေ့အဆန်တွေမှာ အမျှင်ဓါတ်၊ ပရိုတင်းဓါတ်နဲ့ အိုမီဂါသရီးတွေ ပါဝင်တာကြောင့် သရေစာအဖြစ် စား ပေးလို့ရပါတယ်။ မြေပဲစေ့မှာ အသား ဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင် အီး၊ သွပ်ဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ Polyunsaturated Fats တွေပါဝင်ပြီး သင့်ကြွက်သားဖွံ့ဖြိုးမှုကို အထောက်အ ကူပြုပါတယ်။ အနီရောင်အသား၊ ပန်း ဂေါ်ဖီစိမ်း၊ ခရမ်းချဉ်သီး၊ လိမ္မော်သီး၊ ပန်းသီး၊ မုန်လာဥနီ၊ လက်ဖက်စိမ်းလက် ဖက်ရည်စတာတွေကို မှီဝဲပေးပါ။

သင့်ကျန်းမာရေးအတွက် ရေချိုးသင့် သော အကြောင်းများ


ရေချိုးခြင်း ပင်ပန်း နွမ်းနယ် နေချိန်မှာ ရေစိမ် ကန်ထဲ စိမ်ချိုးတာက ပင်ပန်းမှုပြေ လျော့ပြီး စိတ်ကို လန်းဆန်း သွားစေပါ တယ်။ ချိုးရေထဲ ရေချိုးပေါင်ဒါမှုန့် ဒါမှ မဟုတ် ရေချိုးဆီ ထည့်ပေးတာက စိတ် နဲ့ ခန္ဓာကို အနားရစေပါတယ်။

ဆေး ပညာကုထုံးဂျာနယ်ရဲ့ လေ့လာမှုအရ စိတ်ပူပင် သောကများ နေသူတွေ အတွက် နေ့စဉ် ကြက်သီးနွေးရေထဲ စိမ်ပြီးချိုးတာ ရှစ်ပတ်ကြာတဲ့အခါ ရရှိတဲ့အာနိသင်ဟာ ဆရာဝန် ညွှန်ကြား တဲ့ ဆေးသောက်တာထက် ပိုမို အာနိသင် ရရှိနိုင်တယ်လို့ သိရပါတယ်။ ရေချိုးသင့်တဲ့ တခြားအကြောင်းရင်းတွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

(၁) အရေပြားခြောက်သွေ့ ညစ်နွမ်းမှုကို ကင်းဝေးပါတယ် ရေထဲကို ဂျုံမှုန့် အနည်းငယ် ထည့်ပြီး ရေချိုးပေးတဲ့ အခါ ယားယံရောင်ရမ်းနေတဲ့ အရေပြားကို အနာကျက်စေပြီး အရေပြားခြောက်သွေ့ညစ်နွမ်းမှုကို ကင်း ဝေးစေပါတယ်။ ဂျုံမှုန့်ထဲမှာ ပါဝင်တဲ့ ဓာတ်ပေါင်းဟာ အနာကျက်စေတဲ့ အာနိသင်ရှိလို့ပါ။ ဂျုံမှုန့်ကို သန့်ရှင်းခြောက် သွေ့တဲ့ ခြေအိတ်ထဲကို ထည့်ပြီး သား ရေကွင်းနဲ့ ချည်ပြီး ပိတ်လိုက်ပါ။ အဲဒီ အိတ်ကို ရေနွေး ဒါမှမဟုတ် ရေအေး ထည့်ထားတဲ့ ရေချိုးကန်ထဲ ထည့်လိုက်ပြီး အချိန် ၁၅- ၂၀မိနစ်ခန့် စိမ်ပြီး ချိုးပေး ရမှာ ဖြစ်ပါတယ်။

(၂) ဦးနှောက်ကို အားဖြည့်ပေးနိုင်ပါတယ် ရေချိုးကန်ထဲကို မရှိမဖြစ်ဆီ ( Essential Oil) ထည့်ပြီး ရေထဲ စိမ်ချိုးပေး ပါ။ မွှေးရနံ့ဆီတွေက မှတ်ဥာဏ်ကို တိုးတက် ကောင်းမွန် စေသလို စိတ်ဖိစီးမှုကို လည်း ပြေလျော့သွားစေပါတယ်။

(၃) အအေးမိဝေဒနာကို တွန်းလှန်နိုင်ပါတယ် ကြက်သီးနွေးရေချိုးပေးတာက နှာခေါင်းပိတ်တာကို သက်သာစေပြီး ခန္ဓာ ကိုယ်ကိုက်ခဲနာကျင်မှုကို လျော့ပါးစေပါ တယ်။ ရေချိုးရင်း အပန်းဖြေတာက ဦး နှောက်ထဲက နာကျင်ကိုက်ခဲမှု လျော့ ကျစေတဲ့ အန်ဒေါ်ဖင်ဟော်မုန်းကို အ ထွက်တိုးစေလို့ပါ။

(၄) ညဘက် ကောင်းကောင်း အိပ်မောကျ စေပါတယ် ညဘက်မှာ ရေချိုးလိုက်တဲ့အခါ ခန္ဓာကိုယ်အပူချိန်လျော့ကျသွားပြီး ခန္ဓာ ကိုယ်ကနေ မယ်လတိုနင်လို့ခေါ်တဲ့ ဟော် မုန်းအထွက်တိုးစေပါတယ်။ အိပ်ရာမဝင်ခင် ကြက်သီးနွေးရေချိုးပေးတာက စိတ် နဲ့ ခန္ဓာကို လန်းဆန်းသွားစေတာကြောင့် ကောင်းကောင်း အိပ်မောကျစေပါတယ်။

(၅) ပင်ပန်းမှုကင်းပြီး လန်းဆန်းသွားစေ ပါတယ် တစ်နေကုန် ပင်ပန်းနွမ်းနယ်နေချိန် မှာ ရေချိုးလိုက်ရင် ဦးနှောက်ထဲမှာ စိတ်ခံစားမှုကောင်းပြီး အပန်းပြေလန်းဆန်းစေတဲ့ ဟော်မုန်းတွေ ထွက်လာစေပါ တယ်။

2011년 10월 16일 일요일

မေးလ်သို့ရောက်လာ ဝေမျှစရာ

သိပ်မကြာသေးမီက အိမ်နီးနားချင်း India နိုင်ငံမှာ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့တယ်။ ရုပ်ရှင်ရုံတစ်ရုံတွင် အမျိုးသမီးတစ်ဦးသည် ရုပ်ရှင်ရုံအတွင်းရှိ ထိုင်ခုံတွင် ထိုင်လိုက်သောအခါ တင်ပါးတွင် ဆူးကနဲ နာကျင်
သွား သည်။ သူမထ၍ ထိုင်ခုံကို ကြည့်လိုက်သောအခါ ထိုင်ခုံတွင်ဆေးထိုးအပ်တစ်ချောင်း နှင့် စာတစ် စောင်ကို တွေ့ရတယ်။
စာထဲတွင်ရေးထားသည်ကား " သင်သည် HIV ပိုးကို ကူးစက်ခံလိုက်ရပါပြီ " တဲ့။

ပြင်သစ်ပြည်ရှိ ကျန်းမာရေးဌာနတစ်ခုမှလည်း အလားတူဖြစ်ရပ်များ ဖြစ်ပွားနေသည်ဟု ကြေငြာ ထားပါသည်။
ရုပ်ရှင် ရုံများတွင်သာမက ဘဏ်ရှိ ငွေထုတ်စက်များတွင်ပါ HIV positive ဖြစ်သော အပ်များကို တွေ့ရှိ သည် ဟု India ရှိ ကျန်းမာရေးဌာနမှ သတင်းထုတ်ပြန်ထားသည်။ ဒါကြောင့် သူတို့ဆီမှာ ရုပ်ရှင်ရုံတွေ ငွေစက်တွေမှာ အသုံးပြုရင် အရမ်းသတိထားဖို့ လှုံဆော်မှုတွေ ပြုလုပ်နေပါတယ်။
အိမ်နီးနာချင်း နိုင်ငံမှာ ဖြစ်နေတာဆိုတော့ သတိထားသင့်တယ်ထင်လို့ဖော်ပြလိုက်တာပါ။ ရှင်းရှင်းပြောရ ရင် မြန်မာတွေက အဲဒီလောက် စိတ်မပုပ်ဘူး ထင်တာပဲ။ ဒါပေမယ့် ရုပ်ရှင်ရုံတို့လို အလင်းရောင် မကောင်း တဲ့ နေရာမှာ ထိုင်မယ်ဆိုရင် သတိထားတာ အကောင်းဆုံးပါပဲ။ နောက်တစ်ချက်က ဒီမှာအမှိုက်သိမ်းတာ က စနစ်တကျမရှိတော့ အမှိုက်ပုံတို့နားကို ဖြတ်လျောက်သွားရင် သတိထားစေချင်ပါတယ်။ ဆေးထိုးအပ် တွေ ထောင်နေတတ်တယ်။

နိုင်ငံတကာရောက်နေကြတဲ့ မြန်မာတွေလည်း သတိထားသင့်တယ်။ တစ်ကယ်လို့ အပ်ဆူးသွားရင်လည်း အရမ်းကြီး ကြောက်မသွားပါနဲ့။ အပ်ဆူးတိုင်းလည်း ပိုးမကူးတတ်ပါဘူး။ ပိုးဝင်သွားတိုင်းလည်း ဖြစ်ဖြစ်ချင်း ဆေးတစ်လ သောက်ရင် ၉၀ ရာခိုင်နှုန်း လောက် ကာကွယ်ပေးနိုင်ပါတယ်။ အဲဒီတော့ အရမ်း တုန်လှုပ် ခြောက်ခြားခြင်းမျိုးလည်း ရှောင်သင့်တယ်။

2011년 6월 11일 토요일

အစာအိမ် ရောဂါနှင့် ကိုယ်တွေ့


သာမန်အရပ်သားတစ်ယောက်၏ အသိအရ အစာအိမ်ရောဂါသည် နှစ်မျိုး နှစ်စားရှိသည်ဟုသိရပါသည်။ တစ်မျိုးမှာ အစာမကြေချက်သော (ဝမ်းမီးညံ့သော) အစာအိမ်ရောဂါ ဖြစ်၍ နောက်တစ်မျိုးမှာ အစာ အိမ်တွင် အနာဖြစ်နေသော အစာအိမ် ရောဂါ ဟူ၍ ဖြစ်ပါသည်။

ကျွန်တော့်တွင် ဖြစ်နေသော အစာအိမ်ရောဂါမှာ အစာမကြေချက်သော (ပါစက ဝမ်းမီးညံ့သည့်)ရောဂါ ဖြစ်ပါသည်။ ထိုရောဂါမှာ မွေးရာပါ အတိတ်ကံကြောင့် ဖြစ်သောရောဂါဟုလည်း အချို့က ဆိုကြပါသည်။ ကျွန်တော့်အနေဖြင့် ဤသို့မယူဆပါ။ အနေအထိုင်အစား အသောက်မှားယွင်းမှု၊ ကျန်းမာရေး အသိ မရှိမှုတို့ကြောင့် အများဆုံး ဖြစ်သည်ဟု ယုံကြည်ပါသည်။ ရှေးလူကြီးများ ပြောစကားအရ လူမှာ အမျိုးကြက်မှာအရိုးဟု ဆိုပါသည်။ မျိုးရိုးဗီဇများ စွန့်နိုင်ခဲသည်ဟုလည်း ဆိုကြပါသည်။ ကျွန်တော်၏ မျိုးရိုးမှာ ထမင်းစားအလွန်မြန်သော မျိုးရိုးအကျင့်ရှိပါသည်။ ထို့အပြင် ငရုတ်သီးထောင်းလည်း အလွန်စားပါသည်။ ထမင်းစားလျှင် ထမင်းလုပ်ကြီးကြီးဖြင့် ငရုတ်သီးထောင်း၊ ငပိချက်စပ်စပ်တို့ကို ရောနယ်ကာ အားရပါးရ ခပ်မြန်မြန်စားလေ့ရှိပါသည်။ ဤသည်မှာ အဘိုးလက်ထက် ကတည်း ကဖြစ်ပါသည်။ ကျွန်တော်ကိုယ်တိုင် ထမင်းစားမြန်ကာ ငရုတ်သီးစားလွန်းသဖြင့် အမေက မကြာခဏ သတိပေးရပါသည်။