အလုပ်သမားဝန်ကြီးဌာနအနေနဲ့ လုပ်ငန်းခွင်ပြောင်းရွှေ့ပုံ
ပြဌာန်းချက်အား ရုတ်သိမ်းပေး!
လွတ်လပ်စွာ အလုပ်ခွင်ပြောင်းရွှေ့ခွင့်ကို
အကာအကွယ်ပေး!
အခြေခံအလုပ်သမားအခွင့်အရေးကို အကာအကွယ်ပေး!
အလုပ်သမားဝန်ကြီးဌာနဟာ
လွန်ခဲ့တဲ့ ဂျွန်လ ၄ရက်နေ့က အီးပီအက်စ်စနစ်အောက် အလုပ်သမားများရဲ့ လုပ်ငန်းခွင်
ပြောင်းရွှေ့မှုများမှာ
ပြဿနာများ များပြားနေကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ကြေညာချက်တွင်
နှစ်စဉ် ရွှေ့ပြောင်းအလုပ်သမားများရဲ့ လုပ်ငန်းခွင်ပြောင်းရွှေ့နှုန်းများ ဆက်တိုက် တိုးပွားလျှက်
ရှိ နေကြပြီး အဲဒီ့ အကြောင်းရင်းဟာ အလုပ်ရှင်များရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့်ဆိုတာထက်
အလုပ်ရှင်နဲ့ အလုပ်သမား အချင်းချင်း ညှိုနှိုင်းပြီး အလုပ်စာချုပ်ကို ဖျက်သိမ်းပစ်နေကြတာဟာ
အဓိက အကြောင်းရင်း ဖြစ်ကြောင်း ပါရှိပါတယ်။ ဒါ့အပြင် ရွှေ့ပြောင်း အလုပ်သမားတွေ လုပ်ငန်းခွင်မှ
ထွက်ပြေးနေမှုများ တိုးပွားနေတာဟာလည်း ပြဿနာ ဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီနောက်
အလုပ်သမားဝန်ကြီးဌာနဟာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သဘောထားကို မမေးမြန်းပဲ သြဂုတ်လ
၁ရက်နေ့မှ စတင်ပြီး ကြားပွဲစား ၀င်ရောက်ပါဝင်ခြင်းကို တားဆီးရန် ရည်ရွယ်ချက်ဟုဆိုကာ လုပ်ငန်းခွင် ပြောင်းရွှေ့လိုတဲ့ ရွှေ့ပြောင်းအလုပ်သမားထံ
အရင်လို အလုပ်စာရင်းများအား ပေးခြင်းကို ရပ်တန့်ပြစ်ကာ အလုပ်ရှင်ထံ အလုပ်ရှာဖွေနေတဲ့
ရွှေ့ပြောင်းအလုပ်သမားများရဲ့ စာရင်းကို ပေးတဲ့ နည်းလမ်းကို ပြဌာန်း လိုက်ပါ တယ်။ ဒါ့အပြင်
အလုပ်ရှင်မှ အလုပ်ကမ်းလှမ်းခြင်းကို လက်ခံလောက်တဲ့ အကြောင်းပြချက်မရှိပဲ ငြင်းဆန်သူ
ရွှေ့ပြောင်းအလုပ်သမားအနေနဲ့ ၂ပတ်တာ အလုပ်ရှာဖွေခွင့် ရပ်ဆိုင်းခံရမှာဖြစ်တယ်လို့လဲ
ဆိုပါတယ်။
အလုပ်သမားဝန်ကြီးဌာနရဲ့
အဆိုပါ နည်းလမ်းသစ်ဟာ ရွှေ့ပြောင်းအလုပ်သမားများရဲ့ သဘောထားကို စုံစမ်းခြင်းမရှိ၊
ရွှေ့ပြောင်းအလုပ်သမားများရဲ့
လုပ်ငန်းခွင်ရွေးခြယ်ပိုင်ခွင့်ကို တဘက်သတ် ကန့်သတ်ကာ ရှေးခေတ် ကြေးကျွန်များ အား အလုပ်ခိုင်းတဲ့
ပုံစံမျိုးဖြစ်တာကြောင့် အဆိုပါ ပြဌာန်းချက်သစ်အား ဖျက်သိမ်းပြစ်ရန်အတွက် ရွှေ့ပြောင်းအလုပ်
သမား သမဂ္ဂ၊
တနိုင်ငံလုံးရှိ ရွှေ့ပြောင်းအလုပ်သမားလူ့အခွင့်အရေး အဖွဲ့အစည်းများနဲ့ ဒီမိုကရက်တစ်အလုပ်သမား
သမဂ္ဂတို့ဟာ
အရေးပေါ်ကော်မတီကို ဖွဲ့စည်းကာ အလုပ်သမားဝန်ကြီးဌာနအား ဆန့်ကျင် လှုပ်ရှားမှုများကို စတင်
ပြုလုပ်ခဲ့ပါတယ်။
ကော်မတီဟာ
အလုပ်သမားဝန်ကြီးဌာနရဲ့ ပြဌာန်းချက်များ စတင် ကျင့်သုံးမယ့် ဇူလိုင်၃၁ရက်နေ့ မတိုင်မီကတည်းက
ဆိုးလ်၊ အင်ချွန်း၊ ဒဲဂျွန်၊ ဒဲဂူး၊ဘူဆန်း စတဲ့ မြို့များတွင် ဇူလိုင် ၁၇ရက် သတင်းစာရှင်းလင်းပွဲ၊ ဇူလိုင် ၁၉ရက် ဆန္ဒပြပွဲ
စတဲ့ လှုပ်ရှားမှုများကို ကြိုတင် စတင်ခဲ့ပြီး ပြဌာန်းချက်သစ်ရဲ့ ဆိုးဝါးမှုကို သိကြတဲ့
ရွှေ့ပြောင်းအလုပ်သမားအများစုရဲ့ ပူးပေါင်း လှုပ်ရှားမှုများဟာလည်း တဖြေးဖြေး တိုးပွားလာခဲ့ပါတယ်။
ထိုကဲ့သို့
အားလုံး အတူတကွ ပူးပေါင်းလှုပ်ရှားမှုများကြောင့် အလုပ်သမားဝန်ကြီးဌာနဟာ ပြဌာန်းချက်သစ်ပါ
၂ပတ်တာ အလုပ်ရှာဖွေခွင့် ရပ်ဆိုင်းပြစ်မည်ဆိုသည်အား ပယ်ဖျက်ပေးခဲ့ကာ ရွှေ့ပြောင်းအလုပ်သမားများထံ
SMSဖြင့် လုပ်ငန်းခွင်များရဲ့ ဆက်သွယ်ရန် ဖုန်းနံပါတ်များအား ပေးပို့ပေးတဲ့ နည်းလမ်းကို
ပြောင်းလဲ ကျင့်သုံး ခဲ့ပါတယ်။
အခုလို
အလုပ်သမားဝန်ကြီးဌာနက ပြဌာန်းချက်အား ပြောင်းလဲပေးလိုက်ခြင်းဟာ လှုပ်ရှားမှုများတွင်
ရွှေ့ပြောင်းအလုပ်သမားများ ကိုယ်တိုင် စတင် ပူးပေါင်းပါဝင်တဲ့ အချိန်တွင် ဖြစ်ပွားခဲ့တာကြောင့်
ဒါဟာ ယခု ကြိုးပမ်း
နေတဲ့ တိုက်ပွဲရဲ့ ပထမ အောင်ပွဲဖြစ်ခဲ့သလို
ရှေ့တွင်လည်း ပူးပေါင်းဆောင်ရွက်မှုကြောင့် အောင်မြင်မှု ရရှိဦးမယ်ဆိုတဲ့ ခိုင်မာတဲ့
သက်သေ တခုပဲဖြစ်ပါတယ်။
အလုပ်သမားဝန်ကြီးဌာနဟာ
ပြဌာန်းချက်ကို ပြုပြင်ပေးလိုက်ရင် လှုပ်ရှားမှုများ အားပျော့သွားမယ်လို့ ခန့်မှန်းခဲ့ပါ
တယ်။ ဒါပေမယ့်
သြဂုတ်လတွင်း လှုပ်ရှားမှုများဟာ ပိုမို ပြင်းထန်ခဲ့ပြီး တနိုင်ငံလုံး အတိုင်းအတာဖြင့်
ဆက်တိုက် လှုပ်ရှားနိုင်ခဲ့ပါတယ်။ ထောင်ချီတဲ့ ကိုရီးယားလူမျိုးများမှ အဆိုပါ ပြဌာန်းချက်သစ်နဲ့
အီးပီအက်စ် ကျွန်စနစ်အား ဖျက်သိမ်းပေးရေး ကြေညာချက်များကို ထုတ်ပြန်ခဲ့ကြပြီး၊ နိုင်ငံတကာရှိ
အဖွဲ့အစည်းများကလည်း ပြဌာန်းချက်
သစ်အား
ဖျက်သိမ်းပေးရေး တောင်းဆိုလွှာများကို အလုပ်သမားဝန်ကြီးဌာနထံ ပေးပို့ခဲ့ကြပါတယ်။ ကမ္ဘာ့ကုလ
သမဂ္ဂ လူသားချင်းခွဲခြားဆက်ဆံမှုပပျောက်ရေးကော်မတီမှလည်း
ပြဌာန်းချက်သစ်နဲ့ ပတ်သက်ပြီး ကိုရီးယားအစိုး
ရရဲ့ တရားဝင်ဖြေရှင်းချက်ကို
တောင်းဆိုခဲ့ပါတယ်။ သြဂုတ်လ ၁၉ရက်နေ့ ဆိုးလ်၊ ဒဲဂျွန်၊ ဒဲဂူး၊ ဘူဆန်းမြို့များတွင်
ကျင်းပခဲ့တဲ့
ရွှေ့ပြောင်းအလုပ်သမား ဆန္ဒပြပွဲများတွင် ရွှေ့ပြောင်းအလုပ်သမား ၁၂၀၀ ကျော် ပူးပေါင်းပါဝင်ခြင်းဖြင့်
တိုက်ပွဲရဲ့
ပြင်းထန်မှုအား မြင့်တင်နိုင်ခဲ့ပါတယ်။
ယခုအကြိမ်ပြဌာန်းချက်မတိုင်မီကတည်းကလည်း
အလုပ်သမားဝန်ကြီးဌာနဟာ ရွှေ့ပြောင်းအလုပ်သမားများကို
အတင်းအဓမ္မ
အလုပ်ခိုင်းစေလာခဲ့ပါတယ်။တနှစ်တကြိမ် အလုပ်စာချုပ်ချုပ်ဆိုပြီး အလုပ်လုပ်ခဲ့ရာမှ ၃နှစ်စာချုပ်ကို
ချုပ်ဆိုစေပြီး ၃နှစ်လုံးလုံး တနေရာတည်းတွင်သာ အလုပ်လုပ်စေတဲ့ ပုံစံကို အကြပ်ကိုင်ကျင့်သုံးခဲ့ပါတယ်။
ထို့အပြင်
စာချုပ်သက်တန်းပြည့်ပြီးနောက်
အလုပ်ပြန်လည်လုပ်ပိုင်ခွင့်ဟာလည်း အလုပ်ရှင်ရဲ့ သဘောတူညီမှုရှိမှသာ ဖြစ်နိုင်
ပြီး ၄နှစ်၁၀လတာ
အလုပ်လုပ်ခဲ့ပြီးနောက်တွင်လည်း လုပ်ငန်းခွင် ပြောင်းရွှေ့ဖူးခြင်းမရှိသူ အလုပ်သမားကိုသာလျှင်
ထပ်မံ အလုပ်လုပ်ပိုင်ခွင့်ကို
ပေးခဲ့ပါတယ်။ အလုပ်သမားဝန်ကြီးဌာနဟာ ပြဌာန်းချက်များကို ဆက်တိုက် ပြောင်းလဲ
ပြဌာန်းခဲ့ရင်း
ရွှေ့ပြောင်းအလုပ်သမားများအနေနဲ့ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများ
အား သည်းခံရန်ကိုသာ အတင်းအကြပ် တောင်းဆိုခဲ့ပါတယ်။
ဒီတကြိမ်
ပြဌာန်းချက်ဟာလည်း လုပ်ငန်းခွင်ပြောင်းရွှေ့လိုသူဟာ အလုပ်ရှင်ရဲ့ စိတ်တိုင်းကျ ရွေးခြယ်မှုကိုသာ
ထိုင်စောင့်နေစေခြင်းပဲဖြစ်ပါတယ်။ ဒီတကြိမ် ပြဌာန်းချက်သာမဟုတ်၊ အီးပီအက်စ်စနစ်ကိုယ်တိုင်က
ရွှေ့ပြောင်းအလုပ်သမားများကို ကျွန်သဖွယ် အလုပ်စေခိုင်းတဲ့ ကျွန်စနစ်ပဲဖြစ်ပါတယ်။အစိုးရဟာ
ဒီတကြိမ် ပြဌာန်းချက်ကိုသာ ဖယ်ရှားပေးခြင်းသာမဟုတ် မတရားတဲ့ အီးပီအက်စ် စနစ်မှ လူလို
ဆက်ဆံပြီး တရားမျှတမှုရှိတဲ့ အလုပ်လုပ်ပိုင်ခွင့်စနစ်သစ် အဖြစ်သို့ ပြုပြင် ပြောင်းလဲပေးရမှာဖြစ်ပါတယ်။
ရွှေ့ပြောင်းအလုပ်သမား အပေါင်းရဲ့ အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်မှု ရှိမှသာလျှင် အောင်မြင်မှုကို
ရယူနိုင်မှာဖြစ်ပါတယ်။
အလုပ်သမားဝန်ကြီးဌာနရဲ့ လုပ်ငန်းခွင်ပြောင်းရွှေ့မှု ပြဌာန်းချက်သစ်ကို
ဖျက်သိမ်းနိုင်ရန်ဖို့ ကျွန်တော်တို့ရဲ့ လှုပ်ရှား မှုနည်းလမ်းများကို ရှာဖွေရန်အတွက်
ရွှေ့ပြောင်းအလုပ်သမားအသင်းပေါင်းစုံ ပူးပေါင်းဆွေးနွေးပွဲကို သြဂုတ်လ
၁၂ရက်နေ့က ကျင်းပခဲ့ပါတယ်။ ဆွေးနွေးပွဲကို တက်ရောက်ကြတဲ့
ရွှေ့ပြောင်းအလုပ်သမားများနဲ့ အသင်းအဖွဲ့များ
ဟာ အောက်ပါ လှုပ်ရှားမှုနည်းလမ်းများကို အတူတကွ သဘောတူ ဖန်တီးခဲ့ကြပါတယ်။
တို့ ရွှေ့ပြောင်းအလုပ်သမားအရေးကို တို့တွေ ကိုယ်တိုင်ကိုယ်ကျ
ဖြေရှင်းကြရန်အတွက် အောက်ပါ လှုပ်ရှားမှုများ တွင် အတူတကွ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းအပ်ပါတယ်။
1) အလုပ်သမားဝန်ကြီးဌာနရဲ့ပြဌာန်းချက်သစ်
ရုတ်သိမ်းရေး လက်မှတ်ထိုးတောင်းဆိုခြင်း
2)
လွှတ်တော်အမတ်နဲ့ ဒေသတွင်း အဖွဲ့အစည်းများအား စည်းရုံးခြင်း
3)
သံရုံးများထံ
ဖိအားပေးခြင်း
4)
ယခုဖြစ်ပွားနေမှုနဲ့ပတ်သက်ပြီး
ပညာပေး လှုံ့ဆော်မှုများ ပြုလုပ်ခြင်း
5)
ဖေ့စ်ဘွတ်၊
SNSမှတဆင့် လှုပ်ရှားမှုသတင်းများ ဖြန့်ဝေခြင်း
ရွှေ့ပြောင်းအလုပ်သမားသမဂ္ဂ
ဖေ့စ်ဘွတ်- MTU
(Seoul-Gyeonggi-Incheon Migrants' Trade Union)
ရွှေ့ပြောင်းအလုပ်သမားသမဂ္ဂ
TWITTER- MTUACT
6)
အလုပ်သမားဝန်ကြီးဌာနထံ ကန့်ကွက်စာ ပေးပို့ခြင်း(Fax: 02-504-6729)
|
အလုပ်သမားဝန်ကြီးဌာနအနေနဲ့ လုပ်ငန်းခွင်ပြောင်းရွှေ့ပုံ
ပြဌာန်းချက်အား ရုတ်သိမ်းပေး!
လွတ်လပ်စွာ အလုပ်ခွင်ပြောင်းရွှေ့ခွင့်ကို
အကာအကွယ်ပေး!
အခြေခံအလုပ်သမားအခွင့်အရေးကို အကာအကွယ်ပေး!
“နိုင်ငံလုံးဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမား
ဆန္ဒပြသ နေ့”
ပြဿနာအပေါင်းနဲ့
ပြည့်နှက်နေပြီးဖြစ်တဲ့ အီးပီအက်စ်စနစ်ကို ပိုမိုဆိုးဝါးစွာဖန်တီးလိုက်တဲ့ အလုပ်သမားဝန်ကြီးဌာန
ရဲ့ ဇူလိုင်လ
ပြဌာန်းချက်သစ် လုံးဝ ပပျောက်ဖို့၊
ပြီးတော့
တို့တတွေအားလုံး ကျန်းမာစွာ လုံခြုံစွာ တရားမျှတစွာ လေးစားမှုကို ခံယူပြီး အလုပ်လုပ်ပိုင်ခွင့်
ရရှိဖို့အတွက် ပိုမို များပြားတဲ့ ရွှေ့ပြောင်းအလုပ်သမားများ၊ တို့တွေရဲ့ တောင်းဆိုသံများနဲ့
အင်အားက အထူး လိုအပ်နေပါတယ်။ အတူတကွ လှုပ်ရှားကြပါစို့။
နေ့ရက်။ ။ ၉လ ၂၃ရက် တနင်္ဂနွေနေ့ နေ့လယ် ၂နာရီ
နေရာ။ ။ ဆိုလ်းဘူတာရှေ့(ဆန္ဒပြပွဲအပြီး မြို့တော်ခမ်းမသို့
ချီတက်မည်)
|