2012년 2월 29일 수요일

တိုင်ရီ ဖိနပ်စက်ရုံမှာ အလုပ်သမားသမဂ္ဂ ဖွဲ့စည်း(RFA)

2012-02-28

လှိုင်သာယာ စက်မှုဇုန် (၃) တိုင်ရီဖိနပ်စက်ရုံမှာ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ကြတဲ့ အလုပ်သမား အတော်များများက အလုပ်သမားသမဂ္ဂ ဖွဲ့စည်းလိုက်ကြပြီး ယာယီဦးဆောင် ကော်မီတီတစ်ရပ် ဒီကနေ့ ဖွဲ့စည်းလိုက်ကြပါတယ်။
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်တွင် လှိုင်သာယာ
 စက်မှုဇုံ ၃ ရှိ တိုင်ရီ ဖိနပ်စက်ရုံ၌ အလုပ်သမားများ ဆန္ဒပြနေစဉ်

လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်ကတည်းက လုပ်ခလစာ တိုးပေးရေး ဆန္ဒပြခဲ့ကြတဲ့ တိုင်ရီစက်ရုံ အလုပ်သမားထုမှာ ၀ါဏိဇ္ဇပဋိပက္ခရုံးနဲ့ ဖြေရှင်းရေး ဆက်လက်ဆောင်ရွက်နေတဲ့ အလုပ်သမားတွေ ရှိနေဆဲဖြစ်သလို စားရေးသောက်ရေး အခက်အခဲကြောင့် အလုပ်ခွင်ပြန်ဝင်ကြသူ အလုပ်သမားတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ အခု ဖွဲ့စည်းလိုက်တဲ့ အလုပ်သမားသမဂ္ဂကို စက်ရုံမှာ အလုပ်ပြန်ဝင်ကြတဲ့ အလုပ်သမားတွေက ဖွဲ့စည်းလိုက်တာဖြစ်ပြီး အလုပ်သမား ၁၂၀ က လက်မှတ်ရေးထိုး ထောက်ခံခဲ့တယ်လို့ အလုပ်သမားအရေး ကူညီနေသူ ကိုသန်းက အာအက်ဖ်အေကို ပြောပါတယ်။ အခု ဖွဲ့စည်းလိုက်တဲ့ အလုပ်သမားသမဂ္ဂကို ဦးဆောင်ဖို့ ယာယီဦးဆောင် ကော်မီတီကို ဖွဲ့စည်းလိုက်ပြီး တိုင်ရီစက်ရုံ အုပ်ချုပ်ရေးနဲ့ မြို့နယ်အာဏာပိုင်တွေကလည်း ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ လုပ်ငန်းခွင် ပြန်မ၀င်ဘဲ ဆက်လက် တောင်းဆိုနေကြတဲ့ အလုပ်သမားထုက မနေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ လက်ရှိ တိုင်ရီစက်ရုံမှာ အလုပ်ပြန်ဝင်နေကြတဲ့ အလုပ်သမား ကိုးရာလောက်ရှိမယ်လို့ သိရပါတယ်။
RFA

댓글 없음:

댓글 쓰기