2012년 2월 15일 수요일

နိုင်ငံတော်လူ့အခွင့်အရေးကော်မရှင်မှ ရွှေ့ပြောင်းသူလူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်စာတမ်းထုတ်ပြန်

ယခုလ ၁၅ရက်နေ့မှာ နိုင်ငံတော်လူ့အခွင့်အရေးကော်မရှင်ဟာ ရွှေ့ပြောင်းသူတို့ လူ့အခွင့်အရေး အကာအကွယ်နဲ့ တိုးတက်စေမှု အတွက် ရွှေ့ပြောင်းသူ့ လူ့အခွင့်အရေးလမ်းညွှန် စာတမ်းကို ထုတ်ဝေပြီး တရားရေးဌာန အစရှိတဲ့ အစိုးရဌာန ၁၀ဌာနထံ ပေးပို့ကာ လမ်းညွှန်စာတမ်း အတိုင်း လိုက်နာဖို့ အကြံပြု လိုက်ပါတယ်။

လမ်းညွှန်စာတမ်းတွင်
△ ရွှေ့ပြောင်းအလုပ်သမား လူ့အခွင့်အရေး ကာကွယ်ပေးမှု အရှိန်မြင့်တင်ရေး
△ အိမ်ထောင်သည် ရွှေ့ပြောင်းသူ လူ့အခွင့်အရေး ကာကွယ်ပေးမှု အရှိန်မြင့်တင်ရေး
△ ရွှေ့ပြောင်းကလေးငယ်များ လူ့အခွင့်အရေး ကာကွယ်ပေးမှု အရှိန် မြင့်တင်ရေး
△ ခိုလှုံသူများနဲ့ နိုင်ငံမဲ့များ လူ့အခွင့်အရေး ကာကွယ်ပေးမှု အရှိန် မြင့်တင်ရေး
△ ကိုရီးယားနွယ်ဝင် ရွှေ့ပြောင်းသူများ လူ့အခွင့်အရေး ကာကွယ်ပေးမှု အရှိန် မြင့်တင်ရေး
△ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများ  လူ့အခွင့်အရေး ကာကွယ်ပေးမှု အရှိန် မြင့်တင်ရေး
△ လူသားချင်းခွဲခြားဆက်ဆံမှု ကြိုတင်တားဆီးရေး စတဲ့ နိုင်ငံခြားသားများ အပေါ် ထားရှိတဲ့ အမြင်တိုးတက်ရေး  အစရှိတဲ့ ခေါင်းကြီး ၇ချက်၊ ခေါင်းစဉ်ငယ် အချက် ၃၀နဲ့ အပိုဒ် ၉၀ ပါရှိပါတယ်။


စာတမ်းတွင် အီးပီအက်စ် သက်တန်း ပြီးဆုံးသွားပေမယ့်လည်း အလုပ်ရှင်က သဘောတူပါက  ရွှေ့ပြောင်း အလုပ်သမားအား ပြန်လည် အလုပ်လုပ်ကိုင်ခွင့် ပြုရမယ်လို့ ပါရှိပါတယ်။

လက်ရှိ အီးပီအက်စ် ဥပဒေအရ သက်တန်းကာလကို အနည်းဆုံး ၃နှစ်၊ ထပ်မံစာချုပ်ချုပ်ဆို အလုပ်လုပ်ကိုင်
ခွင့် ၁နှစ် ၁၀လဖြင့် အများဆုံး ၄နှစ် ၁၀လအထိသာ အလုပ်လုပ်ခွင့်ပြုထားပါတယ်။

ထို့ပြင် စာတမ်းတွင် အိမ်ထောင်သည်ရွှေ့ပြောင်းသူများ ကိုရီးယားတွင်း လုံခြုံစွာ နေထိုင်နိုင်စေရန်
ထာက်ပံ့ပေးရေး ကိုလည်း တောင်းဆိုထားပါတယ်။

လက်ရှိ ကိုရီးယားတွင် အိမ်ထောင်သည် ရွှေ့ပြောင်းသူ အရေအတွက် ၁သိန်း ၄သောင်း ၄ထောင်ရှိပါတယ်။
စာတမ်းတွင်
△ ရွှေ့ပြောင်းသူများအား လိင်ဖျော်ဖြေရေး လုပ်ငန်းများသို့ ရောင်းချနေတဲ့ ဖြစ်ရပ်များ ပပျောက်စေရန်
အတွက် အောင်သွယ်တော်ပွဲစားလုပ်ငန်းများဆိုင်ရာ ဥပဒေများကို စနစ်တကျပြုပြင်စေခြင်း၊
△ ခင်ပွန်းဖြစ်သူရဲ့ ရိုက်နှက်မှုမှ အကာအကွယ်ပေးခြင်း၊ ရွှေ့ပြောင်းသူအမျိုးသမားများအား လူ့အသိုင်း အ၀န်းအတွင်း အန္တရာယ်ကင်းစွာ နေထိုင်နိုင်ရေးအတွက် ညွှန်ကြားထားပါတယ်။

ဒါ့အပြင် စာတမ်းတွင် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများရဲ့ ရင်သွေးငယ်များအား ဖမ်းဆီး၊
ချုပ်နှောင်ခြင်းအား တားမြစ်ကာ ရင်သွေးငယ်များ ပညာသင်ယူပိုင်ခွင့်နဲ့ ကျန်းမာရေးစောင့်ရှောက်ပိုင်ခွင့် ရရှိရန်၊ ဖမ်းဆီးခံ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို လက်ထိပ်ခတ်ခြင်း၊ ကာလကြာရှည်
စွာ အကျဉ်းချထားခြင်း စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများကို ရပ်ဆိုင်းရန်၊ နိုင်ငံခြားသားများအပေါ် ခွဲခြားဆက်ဆံခြင်းအား ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ တောင်းဆိုချက်များ စသဖြင့် ပါရှိပါတယ်။
သတင်း စိုးမိုးသူ

댓글 없음:

댓글 쓰기