2012년 2월 29일 수요일

လစဉ် လစာငွေထဲက ပေးဆောင်နေရတဲ့ အာမခံကြေး ၄မျိုးဆိုတာ ဘာလဲ

4대사회보험 : 연금보험(노령,장애,사망), 건강보험 또는 질병보험(질병과 부상), 고용보험(실업), 산업재해 보상보험(업무상의 재해)

အီးပီအက်စနစ်နဲ့ အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားများဟာ လစဉ် မိမိတို့ရဲ့
လစာဝင်ငွေထဲကနေပြီး အာမခံကြေးတွေကို ပေးဆောင်နေကြရပါတယ်။ 
ကိုရီးယားနိုင်ငံတွင်း နေထိုင်သူ ကိုရီးယားပြည်သူများ အပါအ၀င် လစာငွေယူဆောင် အလုပ်လုပ်ကိုင်သူ နိုင်ငံခြားသားအလုပ်သမားအားလုံးဟာ ဒီ အာမခံကြေးတွေကို လစဉ်လစာထဲကနေ မဖြစ်မနေ ပေးဆောင်ကြရပါတယ်။
ဒါပေမယ့် အာမခံကြေးပေးဆောင်တာနဲ့ ပတ်သက်ပြီး ကောင်းကောင်း နားမလည်ကြတဲ့
နိုင်ငံခြားသားအလုပ်သမားများရဲ့ အားနဲချက်ကို အခွင့်ကောင်းယူပြီး အလုပ်ရှင် မှ ပေးဆောင်ရ မယ့် အာမခံကြေးတွေကိုပါ အလုပ်သမားမှ အကုန်လုံး ပေးဆောင်စေတဲ့ ကိုရီးယား အလုပ်ရှင် အချို့ရဲ့ လုပ်ရပ်တွေကလည်း မကြာခဏ ဖြစ်ပွားနေပါတယ်။
ဒါကြောင့် အီးပီအက်စ်အလုပ်သမားများအနေနဲ့ လစဉ် မိမိတို့လစာထဲမှ ပေးဆောင်နေကြရတဲ့
အာမခံကြေး၎မျိုးအကြောင်း ပြည့်ပြည့်စုံစုံ နားလည်စေပြီး မိမိတို့ ပေးဆောင်နေကြရတဲ့
နှုန်းထားများအပေါ် ပြန်လည် စမ်းစစ်ကြည့်နိုင်ရန် ရည်ရွယ်ပြီး အာမခံကြေး ၄မျိုးအကြောင်းကို
ပြုစု ရေးသားလိုက်ပါတယ်။



အာမခံကြေးလေးမျိုး စနစ် ဘာကြောင့် ကျင့်သုံးသလဲ။

ကိုရီးယားပြည်သူများရဲ့ ကျန်းမာရေးနဲ့ ၀င်ငွေအပေါ် အကာအကွယ်ပေးရန်အတွက် ကိုရီးယားအစိုးရဟာ
အလုပ်သမားများအပေါ် အာမခံကြေးလေးမျိုးကိုပေးဆောင်စေတဲ့ စနစ်ကို ကျင့်သုံးလျှက်ရှိနေပါတယ်။
ပြည်သူများအနေနဲ့ သူတို့ နေထိုင်ရာ လူမှုအသိုက်အ၀န်းအတွင်း တွေ့ကြုံရနိုင်တဲ့  အခက်အခဲများကို အာမခံစနစ်နဲ့ အကာအကွယ်ပေးရန်ဆိုတဲ ရည်ရွယ်ချက်နဲ့ ဒီ အာမခံစနစ်လေးမျိုးကို ကျင့်သုံးရခြင်းပဲ ဖြစ်ပါတယ်။
လူမှုအသိုက်အ၀န်းအတွင်း တွေ့ကြုံရနိုင်တဲ့  အခက်အခဲများဆိုတာက
ရောဂါဖြစ်ခြင်း၊ မသန်မစွမ်းဖြစ်ခြင်း၊ အိုမင်းခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်းနဲ့ သေဆုံးခြင်းကို ဆိုလိုပါတယ်။
အဲဒီ အခက်အခဲတွေဟာ ကာယကံရှင်ကိုသာမက သူနဲ့ ပတ်သက်တဲ့ မိသားစုအသိုက်အ၀န်းကိုလည်း
အဆင်မပြေဖြစ်စေပါတယ်။
ဒါကြောင့် ဒီ စနစ်ဟာ လူ့အသိုက်အ၀န်းတွင်း ဖြစ်ပေါ်နိုင်တဲ့ အခြေအနေဆိုးတွေကို ကြိုတင်ကာ
ကွယ်ပေးကာ ပြည်သူရဲ့ ရပ်တည်နေထိုင်ခွင့်ကို အာမခံပေးဖို့ ပြည်သူ့ ၀င်ငွေအပေါ်မှာ အချိုးကျ သတ်မှတ်ကာ အာမခံကြေးကို ကောက်ယူတဲ့ စနစ်ပါတယ်။

အာမခံကြေး စနစ်၎မျိုး (ဆာဒဲ ဘိုဟောင်မ်- 사대보험)
ကိုရီးယားရဲ့ အာမခံစနစ် ၄မျိုး(ကိုရီးယားဘာသာ အခေါ်- ဆာဒဲဘိုဟောင်မ်)ကတော့
၁) လုပ်ငန်းခွင်ထိခိုက်မှုဆိုင်ရာ လျှော်ကြေး အာမခံစနစ်
(ဆန်အော့ဂျဲဟဲ ဘိုစမ်းဘိုဟောင်မ်-산업재해보상보험)

၂) ရောဂါ၊ ထိခိုက်မှုဆိုင်ရာ ကျန်းမာရေး အာမခံစနစ်
(ဂွန်းဂန်းဘိုဟောင်မ်- 건강보험)

၃) အိုမင်းမစွမ်း၊ သေဆုံးခြင်းဆိုင်ရာ ပင်စင်ကြေး အာမခံစနစ်
(ယွန်ဂွမ်ဘိုဟောင်မ်-연금보험)

၎) အလုပ်လက်မဲ့ဆိုင်ရာ အာမခံစနစ်
(ဂိုယုံဘိုဟောင်မ်-고용보험)

တို့ပဲ ဖြစ်ကြပါတယ်။


အာမခံကြေးကို ဘယ်လို ပေးဆောင်ရမလဲ။

လစဉ် အာမခံကြေး လေးမျိုးကို အလုပ်သမားရဲ့ လစာထဲက ပေးဆောင်ရပါတယ်။ ဒါပေမယ့် အလုပ်သမားအနေနဲ့ သူ ပေးဆောင်ရန် တာဝန်ရှိတဲ့ အာမခံကြေးကို ရာခိုင်နှုန်းပြည့် ပေးဆောင်ရတာတော့ မဟုတ်ပါဘူး။ အလုပ်ရှင်နဲ့ အတူ မျှဝေပြီး ပေးဆောင်ရတာပါ။

ပြီးတော့ အလုပ်သမားဟာ အာမခံကြေး လေးမျိုးစလုံးကို ပေးဆောင်ရတာ မဟုတ်ပါ။ အာမခံကြေး ၄မျိုးအနက် လုပ်ငန်းခွင်ထိခိုက်မှုဆိုင်ရာ လျှော်ကြေး အာမခံကြေးငွေကိုတော့ အလုပ်ရှင်ကသာ ပေးဆောင်
ရပါတယ်။

ဒီတော့ အလုပ်သမားအနေနဲ့ လစဉ် အလုပ်ရှင်နဲ့ အတူ မျှဝေပြီး ပေးဆောင်ရမယ့် အာမခံကြေးက
၃မျိုးသာရှိပါတယ်။ ပြီးတော့ နှစ်စဉ် အာမခံကြေး ပေးဆောင်နှုန်းဟာ အနဲငယ်စီ ပြောင်းလဲလေ့ရှိပါတယ်။

ယခုနှစ် ၂၀၁၂ခုနှစ်မှာ ပြောင်းလဲလာတဲ့ အာမခံကြေး စနစ်ရဲ့ ပေးဆောင်နှုန်းတွေကတော့
၁) ကျန်းမာရေး အာမခံကြေး- ၅.၉%(အလုပ်သမား ၂.၉%၊ အလုပ်ရှင် ၂.၉%)

၂) ပင်စင်အာမခံကြေး- ၉%(အလုပ်သမား ၄.၅%၊ အလုပ်ရှင် ၄.၅%)

၃) အလုပ်လက်မဲ့ဆိုင်ရာ အာမခံကြေး- ၁.၁% (အလုပ်သမား ၀.၅၅%၊ အလုပ်ရှင် ၀.၅၅%)
( မှတ်ချက်၊ အလုပ်သမားဦးရေ စုစုပေါင်း ၁၅၀ဦးအောက် အလုပ်ရုံ)

၎)  လုပ်ငန်းခွင်ထိခိုက်မှုဆိုင်ရာ လျှော်ကြေး အာမခံကြေး-(အလုပ်ရှင် ၁၀၀%)

 (အမှတ် ၂ ဖြစ်တဲ့ ပင်စင်အာမခံကြေးကတော့ မြန်မာနိုင်ငံသားများ အပါအ၀င် ပေးဆောင်ရန် မလိုတဲ့    နိုင်ငံတွေလည်း ရှိကြတာကြောင့် မြန်မာနိုင်ငံသားတွေအဖို့ အာမခံကြေး ၂မျိုးကိုသာ  ပေးဆောင်နိုင် 
ပါတယ်။)

အာမခံကြေးကို ဘယ်လိုတွက်ပြီး ပေးရမလဲ။


အာမခံကြေးဟာ ၀င်ငွေအပေါ်မူတည်ပြီး တွက်ချက်ရပါတယ်။
ဥပမာ။ တလ ၀မ်သိန်း ၂၀ ၀င်ငွေရှိသူ မြန်မာနိုင်ငံသားအလုပ်သမားမှ လစဉ် ပေးဆောင်ရမယ့် အာမခံကြေးတွေကို တွက်ချက်ပြပါမယ်။
 
လစဉ် ၀င်ငွေ = ၂,၀၀၀,၀၀၀ ၀မ်
(လစဉ်ဝင်ငွေဆိုတာ အခြေလစာ+ အချိန်ပိုလုပ်ခရဲ့ စုစုပေါင်းကို ဆိုလိုပါတယ်။)

၁) ကျန်းမာရေး အာမခံကြေး- ၅.၉%(အလုပ်သမား ၂.၉%၊ အလုပ်ရှင် ၂.၉%)
    ပေးဆောင်ရန် အာမခံကြေး- ၁၁၆,၀၀၀ ၀မ်( အလုပ်သမား ၅၈,၀၀၀၊ အလုပ်ရှင် ၅၈,၀၀၀)

၂) ပင်စင်အာမခံကြေး- ၉%(အလုပ်သမား ၄.၅%၊ အလုပ်ရှင် ၄.၅%)
( မြန်မာနိုင်ငံသားများ ပေးဆောင်ရန်မလို)

၃) အလုပ်လက်မဲ့ဆိုင်ရာ အာမခံကြေး- ၁.၁% (အလုပ်သမား ၀.၅၅%၊ အလုပ်ရှင် ၀.၅၅%)
   ပေးဆောင်ရန် အာမခံကြေး- ၂၇,၀၀၀ ၀မ်( အလုပ်သမား ၁၁,၀၀၀၊ အလုပ်ရှင် ၁၆,၀၀၀)

၎)  လုပ်ငန်းခွင်ထိခိုက်မှုဆိုင်ရာ လျှော်ကြေး အာမခံကြေး-(အလုပ်ရှင် ၁၀၀%)
   (အလုပ်သမားမှ ပေးဆောင်ရန်မလို)

 လစဉ် ပေးဆောင်ရမယ့် အာမခံကြေး စုစုပေါင်း - ၁၄၃,၀၀၀  ၀မ်

လစဉ် အလုပ်သမားမှ ပေးဆောင်ရမယ့် အာမခံကြေးငွေ စုစုပေါင်း
၅၈,၀၀၀+ ၁၁,၀၀၀=၆၉,၀၀၀  ၀မ်
 
မျှတတဲ့ ဥပဒေရဲ့ အရိပ်အာက်မှာ မိမိတို့ အိပ်မက်တွေ ရှင်သန်ကြပါစေကြောင်း ဆုတောင်းလျှက်
စိုးမိုးသူ

댓글 없음:

댓글 쓰기