2012년 2월 29일 수요일

(EPS အမေးအဖြေ) တနှစ်စာချုပ်ပြည့်ပြီးနောက် အလုပ်ပြောင်းချင်လို့ပါ

ညီလေး: အစ်ကို....ခုလို သိသင့်သိထိုက်တဲ့ အာမခံကြေးတွေအကြောင်းတင်ပေးတာ အရမ်းကျေးဇူးတင်တယ်ဗျာ..တစ်ခုလောက်မေးပါရစေ အစ်ကို..
အခု ညီလေးတို့ က 3 လပိုင်း 29 ဆိုရင် လက်၇ှိလုပ်နေတဲ့ စက်၇ုံမှာ 1နှစ်ပြည့်ပါပြီ။ စက်၇ုံနဲ့က ရောက်စက 1နှစ်ပဲ စာချုပ် ချုပ်ထားပါတယ်။ခု ကျန်တဲ့ 2နှစ်စလုံကို ချုပ်ပေးဖို့ပြောနေပါတယ်...
အလုပ်က အရင်ကထက်စာရင် နဲနဲပင်ပန်းလာပါတယ်..ဒီထက်ပိုပင်ပန်းပြီး အဆင်မပြေမှုတွေဖြစ်လာတဲ့အခါ ပြောင်းလို့ရမရ ဆိုတာ သိချင်ပါတယ် အစ်ကို..
စာချုပ်က ချုပ်ရတော့မှာမို့အမြန်ဖြေကြားပေးစေချင်ပါတယ် အစ်ကို.
ညီလေးတို့ စိုး၇ိမ်တာက စာချုပ်ချုပ်ပြီး အဲဒီစာချုပ်ကြီးနဲ့ အကျပ်ကိုင်ခံရမှာ စိုး၇ိမ်လို့ပါ...
အလုပ် အရမ်းပင်ပန်းပြီး မခံစားနိုင်တော့တဲ့ အခါ ပြောင်းလို့ရ မရ ပြောပြပေးစေလိုပါတယ် အကို....
ကျေးဇူးတင်စွာဖြင့်.......

ဖြေ။  ။
အလုပ်ရှင်နဲ့ တနှစ်စာချုပ်ချုပ်ဆိုထားတာမို့ တနှစ်ပြည့်တဲ့အခါ စာချုပ်က ပျက်ပြယ်တာကြောင့် ကိုယ့်ဆန္ဒရှိသလို ဆုံးဖြတ်ခွင့်ရှိပါတယ်။


သူနဲ့ အလုပ်ဆက်လုပ်ချင်တယ်ဆိုရင် စာချုပ်ထပ်ချုပ်ပြီး အလုပ်ဆက်လုပ်နိုင်သလို
အလုပ်ဆက် မလုပ်ချင်ဘူးဆိုရင်လည်း စာချုပ်သက်တမ်းပြည့်တာနဲ့ နောက်ထပ် စက်ရုံကို လွတ်လပ်စွာ
ပြောင်းရွှေ့ခွင့်ရှိပါတယ်။

စာချုပ်သက်တမ်းပြည့်လို့ နောက်ထပ်စက်ရုံကိုပြောင်းချင်တဲ့ အလုပ်သမားကို အလုပ် မပြောင်းရအောင် အနှောင့်အယှက်ပေးသူ မည်သူမဆို ဥပဒေအရ  ငွေဒဏ်၊ ထောင်ဒဏ်ကျခံရမှာဖြစ်တာကြောင့် ဘာမှ စိုးရိမ်စရာမလိုပါ။

စာချုပ်ကို ချုပ်ဆိုတဲ့ အခါမှာလည်း စာချုပ်ပါ အကြောင်းအရာတွေကို ပြည့်ပြည့်စုံစုံ မသိ၊ နားမလည်ပါက
လက်မှတ်မရေးထိုးပါနဲ့။ နားလည်အောင် ရှင်းပြခိုင်းတာ၊ မိမိဘာသာစကားနဲ့ စာချုပ်ကို ရေးသားခိုင်းတာ
ကို တောင်းဆိုနိုင်ပါတယ်။ လက်မှတ်ကို အလွယ်မထိုးပါနဲ့။ ဒုက္ခတွေ့နိုင်ပါတယ်။

တနှစ်စာချုပ်ပြည့်ပြီးတဲ့နောက် အလုပ်ထွက်တဲ့အခါ လုပ်သက်ခံစားခွင့်(ထွဲဂျိဂွမ်)ကို ရယူနိုင်ပါတယ်။
ထွဲဂျိဂွမ် ပမာဏဟာ ပျမ်းမျှခြင်းအားဖြင့် ၁လစာလောက် ရှိပါတယ်။ အဲဒီ ထွဲဂျိဂွမ်ကလည်း အလုပ်ထွက်ပြီး
နောက် ၁၅ရက်အတွင်း ပေးရမယ်လို့ ဥပဒေမှာ ပြဌာန်းထားပါတယ်။

၃လပိုင်းကုန်မှာ စာချုပ်သက်တန်းပြည့်မှာမို့ အခုကတည်းက ဆက်လုပ်မယ်၊ မလုပ်ဘူးဆိုတာကို ကြိုတင်
ပြောတာ နှစ်ဘက်စလုံးအတွက်ကောင်းပါတယ်။ အလုပ်သမားရှားတဲ့ခေတ်ဖြစ်တာကြောင့် အလုပ်ရှင် အနေနဲ့လည်း အလုပ်သမားကို ကြိုတင်ရှာဖွေနိုင်တာပေါ့။

စာချုပ်ပြည့်ပြီးနောက် အခြားအလုပ်ရှာဖွေရန် ကာလက ၃လဖြစ်ပါတယ်။ ၃လအတွင်း အလုပ်မရှာနိုင်ပါက
ကိုရီးယားကနေ ထွက်ခွာပေးရမှာဖြစ်ပါတယ်။

 ပြီးတော့ အလုပ်ရှာဖွေတဲ့အခါမှာလည်း အလုပ်သမားဝန်ကြီး ဌာနလက်အောက် အလုပ်နေရာ ရှာဖွေပေး
 ရေး ဌာန (ဂိုယုံဂျီဝန်းစင်တာ)ရဲ့ အကူအညီကလွဲပြီး အခြား အလုပ်ပွဲစားအကူအညီနဲ့  အလုပ်ဝင်ရောက်
လုပ်ပိုင်ခွင့် မရှိပါ။ ကျူးလွန်ပါက ပြစ်ဒဏ်ခံရပါမယ်။
ကိုရီးယားဥပဒေအရ နိုင်ငံခြားသားတယောက်ဟာ သူ့နိုင်ငံတွင်း ဥပဒေကို ကျူးလွန်လို့ ဒဏ်ငွေ သိန်း၂၀အထက် ကျခံရပါက နိုင်ငံကနေ နှင်ထုတ်ခံရပါတယ်။
အဆင်ပြေပါစေ။
စိုးမိုးသူ

댓글 없음:

댓글 쓰기