2012년 2월 6일 월요일

ရဲအယောင်ဆောင်ပြီး နိုင်ငံခြားသားအလုပ်သမားထံမှ လုယက်သူ ကိုရီးယားနိုင်ငံသား ပြစ်ဒဏ်ကျခံရ

ရဲအယောင်ဆောင်ကာနိုင်ငံခြားသား အလုပ်သမားထံမှ ငွေလုယူသူ ကိုရီးယားနိုင်ငံသားအား ထောင်ဒဏ် ချမှတ် လိုက်ကြောင်း သိရှိရပါတယ်။
လွန်ခဲ့တဲ့နှစ် ဂျူလိုင်လက အသက်၃၈နှစ်အရွယ် ကိုးရီးယားနိုင်ငံသား မစ္စတာလီဟာ ရဲအယောင်ဆောင်ကာ ဂယောင်ဂီဒို ယုံအင်းတွင် နေသူ အင်ဒိုနီးရှားအလုပ်သမားအား အိမ်လမ်းကြားထဲသို့ အတင်းဆွဲခေါ်သွားပြီး ပိုက်ဆံအိတ်၊ လက်ကိုင်ဖုန်း အစရှိတဲ့ ၀မ် ၅သိန်း ၄သောင်းခန့် တန်ဘိုးရှိ ပစ္စည်းများကို ထိုးကြိတ် လုယက် ယူဆောင်သွားခဲတဲ့ အတွက် ထောင်ဒဏ်၂နှစ်ချမှတ်ခံလိုက်ရပါတယ်။
ရဲအယောက်ဆောင်ကာ ကိုရီးယားနိုင်ငံတွင်း အားနည်းသူ နိုင်ငံခြားသားအလုပ်သမားအပေါ်
အနိုင်ကျင့် လုယက်ခဲ့တဲ့အတွက် အခုလို ပြင်းထန်တဲ့ ပြစ်ဒဏ်ကို ချမှတ်လိုက်တာဖြစ်ကြောင်း တရားသူကြီး
က ရှင်းလင်းဖြေကြားပါတယ်။

댓글 없음:

댓글 쓰기