2012년 2월 6일 월요일

ခိုလှုံသူများအတွက် လူ့အခွင့်အရေး လက်ဆွဲ စာအုပ်ထွက်ရှိ


"စက်ရုံသူဌေးက အလုပ်မကောင်းလို့ဆိုပြီး လစာမပေးတာ ၃လရှိပါပြီ။ လစာမရပဲ အလုပ်ဆက်လုပ်နေရတာကို ဘယ်လို ဖြေရှင်းရမလဲ"(အမေး၊ ခိုလှုံသူ မစ္စတာ A)
"အလုပ်သမားဝန်ကြီးဌာနထံ '임금체불 진정신고서'(လစာပေးရန်ပျက်ကွက်ခြင်းဆိုင်ရာ တိုင်ကြားလွှာ)ကို တင်ပြီး တောင်းဆိုပါ။" (အဖြေ) 

ယခုလ ၆ရက်နေ့က ခိုလှုံသူများ ကြုံတွေ့နေကြရတဲ့ ပြဿနာ အခက်အခဲ အသီးသီးကို ဖြေရှင်းပေးတဲ့ ခိုလှုံသူ
လူ့အခွင့်အရေးစာအုပ်"Human Rights in My Pocket"ကို ထုတ်ဝေလိုက်ပါပြီ။

ရွှေ့ပြောင်းအမျိုးသမီးထောက်ပံ့ရေးစင်တာ အဲခိုးဖမ်းက နိုင်ငံတော်လူ့အခွင့်အရေးကော်မရှင်ရဲ့ ထာက်ပံ့ကြေးဖြင့် ထုတ်ဝေခဲ့တဲ့ အဆိုပါ စာအုပ်မှာ ခိုလှုံခွင့်လျှောက်လွှာတင်ခြင်း၊ ကျန်းမာရေး အာမခံကြေး မှတ်ပုံတင်ခြင်း၊ ကလေးငယ်များ ပညာရေး စတဲ့ ခိုလှုံသူများက မကြာခဏမေးလေ့ရှိတဲ့ မေးခွန်းများပါရှိကာ
ဖြေရှင်းချက်များကိုလည်း အဖြစ်မှန် ၃၅ခုဖြင့် နားလည်လွယ်သော စာသားများဖြင့် ရှင်းလင်း ထုတ်ဝေခဲ့ပါတယ်။


"ပတ်စ်ပို့စာအုပ်ပျောက်သွားလို့ပါ၊"
"ကိုရီးယားနိုင်ငံသား လျှောက်တာ ခက်ခဲပါတယ်၊"
"အင်တာဗျူးလုပ်တဲ့အခါ ဘာသာပြန်တဲ့သူ လိုအပ်ပါတယ်၊ "
"လူဝင်မှုကြီးကြပ်ရေးဌာနဟာ ခိုလှုံခွင့်လျှောက်ထားခွင့်မရှိဘူးဆိုပြီး ငြင်းလိုက်လို့ပါ"
စတဲ့ ဥပဒေဆိုင်ရာ၊ ကျန်းမာရေး၊ အလုပ်အကိုင်၊ ပညာရေး၊ အိမ်ယာနေထိုင်ခွင့် စသဖြင့် ကဏ္ဍ ၅ခုဖြင့် ရေးသား
ထားတဲ့ အဆိုပါ စာအုပ်တွင် အဓိက အမေးများတာကတော့ ဥပဒေဆိုင်ရာ မေးခွန်းများပဲဖြစ်ပါတယ်။
ဒါဟာ ခိုလှုံသူများအနေဖြင့် ကိုရီးယားဘာသာစကား မတတ်ကျွမ်းမှု၊ ဥပဒေဆိုင်ရာ ဗဟုသုတနည်းပါးမှုတို့ကြောင့်
ကိုရီးယားရုံးဝန်ထမ်းတွေရဲ့ မထီမဲ့မြင် ပြုလုပ်မှုတွေကို ခံနေကြရတဲ့ အထောက်အထားတွေပဲဖြစ်ပါတယ်။

စီးပွားရေးမပြေလည်တဲ့ ခိုလှုံသူတွေအနေနဲ့ ကြုံတွေ့ကြရတဲ့ နောက်ထပ် အခက်အခဲကတော့ မကျန်းမမာဖြစ်ပေ
မယ့် ငွေမရှိတာကြောင့် ဆေးရုံမသွားနိုင်တာပဲ ဖြစ်ပါတယ်။ အဆိုပါ စာအုပ်တွင် နိုင်ငံခြားသားများ ကျန်းမာရေး အာမခံဆိုင်ရာ မှတ်ပုံတင်နိုင်တဲ့ အချက်အလက်များ၊ မှတ်ပုံတင်ခွင့် မရှိတဲ့သူများ အသုံးပြုနိုင်တဲ့ ဒေသတွင်း အခမဲ့ ကျန်းမာရေးဌာနများနဲ့ လူမှုဖွင့်ဖြိုးရေး ပရိုဂရမ်များဆိုင်ရာ အချက်အလက်များလည်း ပါရှိပါတယ်။

သတင်း စိုးမိုးသူ

댓글 없음:

댓글 쓰기