2012년 1월 14일 토요일

ယနေ့မနက် အင်ချွန်းပင်လယ်တွင်းသင်္ဘောပေါက်ကွဲမှုတွင် မြန်မာနိုင်ငံသားများသေဆုံး

အင်ချွန်း အွန်းဂျင်ဂုန် ဂျာဝေါ်လ်ဒို ပင်လယ်ပြင်မှာ ရေနံတင်သဘောင်္တစီး ပေါက်ကွဲမှုဖြစ်ကာ မြန်မာနိုင်ငံ
သား အပါအ၀င် သင်္ဘောသား ၅ဦး သေဆုံးသွားကြောင်းသိရှိရပါတယ်။

ယနေ့ ဂျန်န၀ါရီလ ၁၅ရက်နေ့ မနက် ၈နာရီ ၅မိနစ်ခန့်မှာ အင်ချွန်းဆိပ်ကမ်းမှ  ချွန်းနမ်းဆိပ်ကမ်းသို့ ထွက်ခွာလာတဲ့ 4198t ရေနံတင်သင်္ဘော ဒူးရာ၃ဟိုးဟာ အမျိုးအမည်မသိ အကြောင်း တခုခုကြောင့် ပေါက်ကွဲမှုဖြစ်ကာ သင်္ဘောတစီးလုံး ပြင်းထန်စွာ ပျက်စီးကာ နစ်မြုပ်သွား ခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် သင်္ဘောမှာ လိုက်ပါလာတဲ့ သင်္ဘောသား ၅ဦး သေဆုံး၊ ၅ဦး ကယ်ဆယ်နဲ့ ၈ဦးပျောက်ဆုံးနေကြောင်း သိရှိရပါတယ်။

သေဆုံးသူများမှာ အီဂျုံဝန်း (အသက် ၂၁)၊ သက်နိုင်ဝင်း(၃၇)၊မျိုးမင်းကျော်(၃၁)နဲ့
ပျောက်ဆုံးသူများမှာ ယူးဂျုန်ထဲ(၅၁)၊ ဂူးအင်ဂျူး(၅၃)၊ ဘူးဂွမ်ဆူး(၄၁)၊ အီဂျန်ဆူး(၂၀)၊ ဘာ့ယန်းဂီ(၆၆)၊ ဆန်းထွန်းလင်း(၃၂)၊ အောင်ကျော်ဆန်း(၂၆)၊ ကျော်မျိုးဦး(၂၉) စုစုပေါင်း၈ဦးတို့ ဖြစ်ကြပြီး ကိုရီးယားသင်္ဘောသား၅ဦးကို ကယ်ဆယ်ရရှိခဲ့ပါတယ်။

ကမ်းခြေစောင့်ရဲများဟာ ပျောက်ဆုံးသွားသူများကို ရှာဖွေခြင်း၊ ပေါက်ကွဲမှုကြောင့် ရုပ်အသွင်ပျက်စီးသွားတဲ့ သင်္ဘောသားများရဲ့ DNAကို စစ်ဆေးကာ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ခြင်းများကို ဆက်လက်
ပြုလုပ်လျှက်ရှိကြောင်း သတင်းရရှိပါတယ်။

댓글 없음:

댓글 쓰기