2012년 1월 13일 금요일

မြန်မာအစိုးရမှ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးမှုအား ကိုရီးယားအစိုးရ ကြိုဆို



၂၀၁၂ခုနှစ် ဂျန်န၀ါရီ ၁၃ရက်နေ့က မတရား အကျဉ်းချခံ နိုင်ငံရေး အကျဉ်းသား ၆၅၀ကို မြန်မာအစိုးရမှ လွှတ်ပေးလိုက်ခြင်းအား ကိုရီးယားအစိုးရမှ ကြိုဆိုလိုက်ပါတယ်။

ယနေ့ ဂျန်န၀ါရီလ ၁၄ရက်နေ့ ကိုရီးယား နိုင်ငံခြားရေးဌာန ပြောရေး ဆိုခွင့်ရှိသူက ကိုရီးယားအစိုးရအနေနဲ့ အခုလို မြန်မာ အစိုးရရဲ့
နိုင်ငံရေးအကျဉ်းသားများကို ပြန်လည် လွှတ်ပေးလိုက်ခြင်းအပေါ် ကြိုဆိုကာ မနှစ်က မတ်လကစပြီး အသစ်တက်လာတဲ့ မြန်မာအစိုးရရဲ့ အမျိုးမျိုးသော နိုင်ငံရေးအရ ပြုပြင် ပြောင်းလဲလာမှုများကို အပြုသဘောဆောင်တဲ့ လုပ်ရပ်များဟု မိမိတို့ သုံးသပ်ကြောင်း ထုတ်ပြန်ပါတယ်။

댓글 없음:

댓글 쓰기