2011년 12월 24일 토요일

နောက်အပတ် အင်္ဂါနေ့အထိ ရာသီဥတု အလွန်အေးမည်

ခရစ်စမတ်နေ့ဖြစ်တဲ့ မနက်ဖြန် တနင်္ဂနွေနေ့၊ ဆိုးလ်မြို့ရဲ့ ရာသီဥတုဟာ အပူချိန် အနှုတ် ၁၁ဒီဂရီ စင်တီဂရိတ်အထိ ကျဆင်းမှာ ဖြစ်ပြီး နေ့အပူချိန်ဟာ အနှုတ်၂ဒီဂရီ စင်တီဂရိတ်ဖြစ်ကာ အအေး လွန်ကဲမှာဖြစ်တာကြောင့် ကျန်းမာရေး အထူး ဂရုစိုက်သင့်ပါတယ်။

၂၃ရက်နေ့၊ ၂၄ရက်နေ့ ၂ရက်တိုင် ကျဆင်းခဲ့တဲ့ နှင်းတွေဟာ အအေးဒဏ်ကြောင့် တဖြည်းဖြည်း
အေးခဲလာကာ လမ်းများဟာလည်း ချောနေတာကြောင့် အထူး သတိထား သွားလာသင့်ပါတယ်။ လတ်တလောမှာ ယဉ်တိုက်မှုများတွေကလည်း မကြာခဏဖြစ်ပွားနေပါတယ်။

မနက်ဖြန် ၂၅ရက်နေ့ ဒေသအသီးသီးရဲ့ အပူချိန်တွေကတော့ ဆိုးလ်မြို့ အနှုတ်၁၁၊ ချွန်းချွန်းမြို့ အနှုတ်၁၄ အထိ ဖြစ်ပြီး နေ့ဘက်မှာ ဆိုးလ်မြို့ အနှုတ်၎နဲ့ ဒဲဂူး အနှုတ်၂အထိ ကျဆင်းကာ ယနေ့ ရာသီဥတုနဲ့ အလားတူ အေးစက်မှာဖြစ်ပါတယ်။

အခုလို အအေးလွန်ကဲတဲ့ ရာသီဥတုအခြေအနေဟာ နောက်အပတ် အင်္ဂါနေ့အထိ ဆက်လက် တည်တန့်
မှာ ဖြစ်ပြီး အင်္ဂါနေ့ နေ့လည်ပိုင်းကစပြီး အအေးပေါ့လိမ့်မှာဖြစ်ကြောင်းသိရှိရပါတယ်။

အပူပိုင်းဒေသက လာတဲ့ မြန်မာနိုင်ငံသားများအနေနဲ့ အခုလို အလွန်အေးတဲ့ ရာသီဥတုဒဏ်ကို အလူးအလဲ
ခံကြရစမြဲပါ။ အအေးမိခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းတို့ကို တားဆီးနိုင်ရန်အတွက် အခန်းအပူချိန်ကို ၂၀ဒီဂရီ စင်တီဂရိတ်ခန့် ထိမ်းညှိုပေးခြင်း၊ အိပ်ရေး အပျက်မခံခြင်း၊ ခြေလက်များ သန့်စင်စွာ ဆေးကြောခြင်း၊ အပြင်ထွက်တဲ့အခါ လည်ပင်းကို အစဉ်နွေးထွေးနေရန် လည်စည်း စည်းပေးခြင်းတို့ကို  ပြုလုပ်ပြီး
နေထိုင်သင့်ကြောင်း အကြံပေးလိုက်ပါတယ်။

댓글 없음:

댓글 쓰기