2011년 12월 24일 토요일

နီပေါအလုပ်သမား ဂျီကဲ့ချာ ပိပြီး သေဆုံး


ကွယ်လွန်သူ ရောမဲ့စ် ခိုအီ လားလား
 ဂယောင်ဂီဒို ဘာလ်အန်းဒေသ ပလတ်စတစ်စက်ရုံတရုံမှာ အလုပ်လုပ်တဲ့ နီပေါအလုပ်သမား ရောမဲ့စ် ခိုအီ လားလား(အသက် ၂၇)နှစ်ဟာ ဒီဇင်ဘာ ၁၉ရက်နေ့ ညနေ ၈နာရီ ၃၀မိနစ်ခန့်မှာ စက်ရုံသုံး ဂျီကဲ့ချာ ပိပြီး ကွယ်လွန်သွားခဲ့ပါတယ်။

သူနဲ့အတူ အလုပ်လုပ်ကိုင်သူ နီပေါအလုပ်သမား ဘာလ်ခုလီစ်နာ ဘာအူးဒဲလ်ရဲ့ ပြောပြချက်အရ အလုပ်ပြီးချိန်မှာ ခိုအီလားလားက အမှိုက်သွားပြစ်မည်ဆိုပြီး ဂျီကဲ့ချာနဲ့ အမှိုက်တင်ကာ ကိုယ်တိုင်မောင်းထွက်သွားခဲ့ကြောင်း၊ ပြန်လာချိန်ရောက်ပေမယ့်လည်း ပေါ်မလာတာကြောင့် အမှိုက်ပုံဘက် သွားကြည့်တဲ့ အခါလဲနေတဲ့ ဂျီကဲ့ချာအောက်မှာ ခိုအီလားလားကို ညပ်ပြီး မေ့နေတာကို တွေ့ရသဖြင့် ဆေးရုံကို အမြန်ပို့ဆောင်ခဲ့ပေမယ့်လည်း သေဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။

ဂျီကဲ့ချာ(အမှုနဲ့မပတ်သက်သော ဓာတ်ပုံ)

ခိုအီလားလားဟာ လွန်ခဲ့တဲ့ ၂နှစ်က အီးပီအက်စ်စနစ်ဖြင့် ကိုရီးယားကို ၀င်ရောက် အလုပ်လုပ်ကိုင်ခဲ့သူ ဖြစ် ပြီး လက်ရှိ အဲဒီစက်ရုံမှာ နီပေါအလုပ်သမား၂ဦး ဆက်လက်အလုပ်လုပ်ကိုင်လျှက်ရှိနေပါတယ်။

댓글 없음:

댓글 쓰기