2011년 10월 9일 일요일

ရွှေ့ပြောင်းအမျိုးသမီးများကိုယ်တိုင် ရေးသားတဲ့ မဂ္ဂဇင်း Dream in Korea

ယခုလ ၇ရက်နေ့က အမျိုးသမီးနဲ့ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဟာ အိမ်ထောင်သည်
ရွှေ့ပြောင်းအမျိုးသမီးများကိုယ်ပိုင်အမြင်များဖြင့် ရေးသားသော ကိုရီးယားရဲ့ ပဒေသာယဉ်ကျေးမှု လူ့ပတ်ဝန်း ကျင် နဲ့ နေထိုင်ရေးဆိုင်ရာ မဂ္ဂဇင်း Dream in Korea ကို ထုတ်ဝေလိုက်ပြီဖြစ်ကြောင်း သိရှိရပါတယ်။

စာမျက်နှာ ၆၀ပါ အဆိုပါ မဂ္ဂဇင်းကို အုပ်ရေ ၁၅၀၀ ရိုက်နှိပ်ကာ အိမ်ထောင်သည်ရွှေ့ပြောင်းသူ မိသားစု ထောက်ပံ့ရေးစင်တာနဲ့ သက်ဆိုင်ရာ ဌာနများထံ အခမဲ့ ပေးပို့ပေးသွားမှာဖြစ်ပါတယ်။

ဒီမဂ္ဂဇင်းကို အမျိုးသမီးနဲ့ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က အိမ်ထောင်သည် အမျိုးသမီးရေးရာ ဌာန နှင့်အတူ  ပူးပေါင်းထုတ်ဝေတာဖြစ်ပါတယ်။ အိမ်ထောင်သည်ရွှေ့ပြောင်းသူအမျိုးသမီးများအနေနဲ့ လူမှုအသိုင်းအ၀ိုင်းတွင်း ၀င်ဆန့်နိုင်ရန်၊ မိမိကိုယ်ကိုတိုးမြင့်ရေးအတွက် အခွင့်အလမ်းများ မြင့်တင်ပေးရန် ရည်ရွယ်ပြီး စတင်ခဲ့တဲ့ ၂၀၀၉ခုနှစ် Dream in Korea ပရိုဂျက်အောက် သတင်းထောက် သင်တန်းကို တက်ရောက်ခဲ့သူ ရွှေ့ပြောင်းအမျိုးသမီးများ ကိုယ်တိုင်ရေးတဲ့ အကြောင်းအရာများဖြင့် မဂ္ဂဇင်းကို တည်ဖွဲ့ထားပါတယ်။

 အမျိုးသမီးနဲ့ ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ပထမဦးဆုံး စတင်ထုတ်ဝေလိုက်တဲ့ မဂ္ဂဇင်းမှာ ရွှေ့ပြောင်းသူအမျိုးသမီး အယောက်၃၀က ပါဝင်ပြီး စာများ ရေးသားခဲ့ကြောင်း၊ မဂ္ဂဇင်း အမှတ်၂ကိုလည်း မကြာမီဆက်လက်ထုတ်ဝေသွားဦးမည်ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

댓글 없음:

댓글 쓰기