2011년 10월 9일 일요일

ခရီးသွားဗီစာဖြင့် ၀င်ရောက်အလုပ်လုပ်ကိုင်နေသူများ အစုလိုက် ဖမ်းဆီးခံရ

ခရီးသွားဗီစာဖြင့် ကိုရီးယားသို့ ၀င်ရောက်လာပြီး အနှိပ်ခန်းများတွင် တရားမ၀င် အလုပ်လုပ်ကိုင်နေ ကြတဲ့ နိုင်ငံခြားသားများ အစုလိုက် ဖမ်းဆီးခံလိုက်ရကြောင်း သိရှိရပါတယ်။

ဒဲဂူး လူဝင်မှုကြီးကြပ်ရေးဌာနဟာ လွန်ခဲ့တဲ့ ၆ရက်နေ့က ဒဲဂူး၊ ဂယောင်ဘို့ဒေသတွင်းရှိ အနှိပ်ခန်းများတွင် အလုပ်လုပ်နေသူ တရုတ်လူမျိုး အယောက်၂၀ကို ဖမ်းဆီးကာ လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုဖြင့် စစ်ဆေးလျှက်ရှိနေကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

စစ်ဆေးချက်များအရ ဖမ်းဆီးခံရသူများဟာ အလုပ်လုပ်ခွင့်မရှိတဲ့ ခရီးသွားဗီစာဖြင့် အလုပ်လုပ်နေ ခဲ့ကြောင်း မှန်ကန်ပါက ကိုရီးယားနိုင်ငံတွင်းမှ နှင်ထုတ်ခံရ မှာဖြစ်ပါတယ်။

댓글 없음:

댓글 쓰기