2011년 10월 14일 금요일

တရားရေးဌာန၊ ၁၁လပိုင်းကစပြီး ဗီစာမဲ့နေထိုင်သူများကို ဖမ်းဆီးပြန်ပို့သွားမယ်လို့ ကြေညာ

ဖမ်းဆီးပြန်ပို့ခြင်းကို ကန့်ကွက်ဆန္ဒပြနေတဲ့ ရွှေ့ပြာင်းအလုပ်သမားများ
တရားရေးဌာနဟာ ဗီစာမဲ့နေထိုင် အလုပ်လုပ် ကိုင်သူ ရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းဆီးပြန်ပို့မည့် အစီအစဉ်အား ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်တွင် ဗီစာမဲ့နေထိုင်သူများအားလုံး ယခုလ ၁၀လပိုင်း ၃၁ရက်နေ့အထိ ကိုရီးယား နိုင်ငံတွင်းမှ အကြောင်းကြားထွက်ခွာ ပေးပါက ဒဏ်ငွေ ကင်းလွတ်ခွင့်နဲ့ ကိုရီးယားသို့ ပြန်လည်
ဝင်ရောက်ခွင့် တားမြစ်ခြင်းကို ပယ်ဖျက်ပေးမည် ဖြစ်ကြောင်း၊ သတ်မှတ်ကာလအထိ ထွက်ခွာခြင်း မပြုသူများကို ၁၁လပိုင်း ၁ရက်နေ့မှ စတင်ပြီး ၁လကြာ လူဝင်မှုကြီးကြပ်ရေးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ ရဲဌာန အစရှိတဲ့ ဌာန၃ဌာနပေါင်းပြီး ဖမ်းဆီးပြန်ပို့ သွားမယ်လို့ ပါရှိပါတယ်။


ဖမ်းဆီးပြန်ပို့ခြင်းကို ကန့်ကွက်သူ ရွှေ့ပြောင်းအလုပ်သမား
ဖမ်းဆီးပြန်ပို့ရန်အတွက် လုပ်ကိုင်ခွင့်သက်တန်းကုန်ဆုံး အီးပီအက်စ် အလုပ်သမားများရှိရာ စက်ရုံများ၊ စက်မှုဇုံများနဲ့ နိုင်ငံခြားသားများ အများဆုံးနေထိုင်ရာနေရာများ၊ နိုင်ငံခြား သားများအား အလုပ်နေရာ ဆက်သွယ်ပေးသည့်ရုံးများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ စားသောက်ဆိုင်များ၊ အနှိပ် ခန်း များ၊ အရက်ဆိုင်များ စတဲ့နေရာတွေမှာ လှည့်လည် စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

ဗီစာမဲ့ အလုပ်သမားများကို အလုပ်ခန့်အပ်သူ အလုပ်ရှင်အနေနဲ့လည်း ဒဏ်ငွေ ၀မ်သိန်း၂၀၀အောက်ပေး ဆောင်ရမှာဖြစ်ပါတယ်။
သတင်း   စိုးမိုးသူ

댓글 없음:

댓글 쓰기