2011년 10월 12일 수요일

လုပ်ငန်း ကျွမ်းကျင်သူ အီးပီအက်စ် အလုပ်သမားများကို ထာဝရ အလုပ်လုပ်ကိုင်ခွင့် ပေးမည်

ကုန်ထုတ်၊ လယ်ယာစိုက်ပျိုးရေး စတဲ့ သာမန် အလုပ်အကိုင်တွေမှာ လုပ်ကိုင်သူ နိုင်ငံခြားသား အလုပ်သ မားများ အနက် သတ်မှတ်ထားတဲ့ အရည်အချင်းပြည့်မှီသူတွေကို  နိုင်ငံခြားသား ကျွမ်းကျင် အဆင့် လုပ်သားများ အဖြစ် အသိအမှတ်ပြုပေးကာ ကိုရီးယားတွင်း နေထိုင်ခွင့် ပုံစံကိုလည်း ပြောင်းလဲမြင့်တင် ပေးတော့မည် ဖြစ်ပါတယ်။

ယခုလ ၁၂ရက်နေ့၊ တရားရေးဝန်ကြီးဌာနက သာမန်အလုပ်သမားအဆင့်(E9)၊ အလည်အပတ် အလုပ်လုပ်ကိုင်ခွင့်(H2) စတဲ့ သာမန်အလုပ်သမားအဆင့်ရှိ အလုပ်သမားများအနက် အရည်အချင်းမီ အလုပ်သမားတွေကို ယခုလမှ စတင်ကာ အထူးသတ်မှတ်လှုပ်ရှားခွင့် ဗီစာ(E7)ကို ပေးမယ်လို့ ကြေညာပါတယ်။
အဲဒီဗီစာဟာ ကုမ္ပဏီလုပ်ငန်းကြီးများတွင်းရှိ နိုင်ငံခြားသားအလုပ်သမား၊ အိုင်တီပညာရှင် စတဲ့ ကျွမ်းကျင် အဆင့်ရှိသူများကိုသာပေးတဲ့ ကာလအကန့်အသတ်မဲ့ ထာဝရအလုပ်လုပ်ကိုင်ခွင့် ဗီစာမျိုးပဲဖြစ်ပါတယ်။

လက်ရှိမှာ E9အလုပ်သမား ၁သိန်း၉သောင်းနဲ့ H2အလုပ်သမား ၂သိန်း၉သောင်း စတဲ့ နိုင်ငံခြားသား အလုပ်သမားများဟာ ကိုရီးယားတွင်းမှာ ၄နှစ် ၁၀လသာ အလုပ်လုပ်ကိုင်ခွင့် ရှိပါတယ်။

တရားရေးဌာန၊ လူဝင်မှုဌာနနဲ့ နိုင်ငံခြားသားဆိုင်ရာ ပေါ်လစီဌာနတို့ရဲ့ အခုလို ပြောင်းလဲပေးမှုဟာ ကျွမ်းကျင်အဆင့်ရှိတဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို ဆက်လက် အသုံးပြုလိုတဲ့ လုပ်ငန်းရှင်တွေရဲ့ တောင်းဆိုမှုကို တစိတ်တဒေသ လိုက်လျှောလိုက်တာပဲဖြစ်ပါတယ်။
ကျွမ်းကျင်အဆင့် အလုပ်သမားအဖြစ်သတ်မှတ်ခံရရန်အတွက် ကုန်ထုတ်၊ ဆောက်လုပ်ရေး နဲ့ လယ်ယာ၊ ငါးဖမ်း လုပ်ငန်းတွေမှာ ၄နှစ် အထက် အလုပ်လုပ်ကိုင်နေသူ၊ အသက်၃၅နှစ် အောက်၊ ဘွဲ့ရအဆင့်၊ ကိုရီးယားဘာသာစမ်းသပ် စာမေးပွဲအဆင့်၃အထက် အောင်မြင်ပြီးသူ ဖြစ်ရပါမယ်။
ဒါပေမယ့် စက်ရုံတရုံတွင် ကျွမ်းကျင်အဆင့် အလုပ်သမား ၅ယောက်အထိသာ ခန့်ထားနိုင်ပါတယ်။

လက်ရှိ အီးပီအက်စ် စနစ်အောက် အလုပ်လုပ်ကိုင်နေသူ အလုပ်သမား၅သိန်းခန့် အနက် ဘွဲ့ရအဆင့်  အသက်၃၅နှစ် အောက်ဟာ ၂၀%အောက်သာ ရှိပါတယ်။

သတင်း စိုးမိုးသူ

댓글 없음:

댓글 쓰기