2011년 10월 9일 일요일

ဆက်လက်အလုပ်လုပ်ခွင့်မရသဖြင့် ဗီစာမဲ့ဖြင့် အလုပ်လုပ်နေကြသူ အီးပီအက်စ်အလုပ်သမားများ

EPSစနစ်ဖြင့် အလုပ်လုပ်ကိုင်ပြီးနောက် ရက်လွန်နေထိုင်သူ နိုင်ငံခြားသားအလုပ်သမားများအနက် မွန်ဂိုလ်၊ တရုတ်နဲ့ ပါကစ္စတန်နိုင်ငံသားများက အထူးသဖြင့် တိုးပွားလာနေကြောင်း သိရှိရပါတယ်။

လက်ရှိ မွန်ဂိုလ်အလုပ်သမား ၁သောင်း ၉၃၀ဦးအနက် ၂၀၂၇ဦးဟာ ဗီစာမဲ့ နေထိုင်နေကြပြီး တရုတ်လူမျိုး ၅၅၅၂ဦးအနက် ၆၉၅ဦး၊ ပါကစ္စတန် ၄၇၉၂ဦးအနက် ၅၀၃ဦး၊ အင်ဒိုနီးရှား ၂သောင်း၄၂၅၁ဦးအနက် ၂၄၆၇ဦးတို့ အသီးသီးဟာ ဗီစာမဲ့နေထိုင်နေကြပါတယ်။

သူတို့ဟာ ယခုလတွင် သက်တမ်းပြည့်ပြီးသူများ ဖြစ်ပြီး ဆက်လက်အလုပ်လုပ်ကိုင်ခွင့်မရသဖြင့် ကိုရီးယား တွင်း ဗီစာမဲ့ဖြင့် ဆက်လက်အလုပ်လုပ်ကိုင်ရန် ကျန်ရစ်နေကြသူများဖြစ်ကြပါတယ်။

댓글 없음:

댓글 쓰기