2011년 9월 8일 목요일

အီးပီအက်စ် အလုပ်သမားများ မိမိတို့ လစဉ် ကျန်းမာရေး အာမခံကြေး ပမာဏများ ပြန်စစ်ဆေးကြပါ။

လစဉ် အီးပီအက်စ် အလုပ်သမားများ အနေနဲ့ ကျန်းမာရေး အာမခံကြေးအဖြစ် မိမိတို့ လစာငွေထဲမှ နေပြီး အစိုးရ ကျန်းမာရေးဌာနထံ ပေးသွင်းနေကြပါတယ်။

ဒါပေမယ့် ပေးသွင်းရမယ့် ကျန်းမာရေး အာမခံကြေး ပမာဏကို တွက်ချက်နည်းကို မသိကြသူ များတာ ကြောင့် မလိုအပ်ပဲ အာမခံကြေးတွေ လစာထဲက ပိုပြီး ဖြတ်တောက်ခံနေကြရတဲ့ ပြသနာတွေနဲ့ ရင်ဆိုင်နေကြရတာကြောင့် တွက်နည်းကို တင်ပြလိုက်ပါတယ်။

တွက်နည်း။
လစဉ် ရရှိတဲ့ လစာငွေရဲ့ 5.64%ကို ကျန်းမာရေး အာမခံကြေးအဖြစ်ပေးဆောင်ရပါတယ်။
ဒါပေမယ့် 5.64%ကို မိမိနဲ့ အလုပ်ရှင်က တ၀က်စီ ပေးဆောင်ရတာကြောင့်
အလုပ်ရှင် 2.82%၊ အလုပ်သမား 2.82% စသဖြင့် ပေးဆောင်ရပါတယ်။
အကယ်၍ မိမိက 5.64%ကို အပြည့်ပေးဆောင်နေရပါက အလုပ်ရှင်ထံ မေးမြန်းပါ။
ဖြေရှင်းရန် အခက်အခဲ ရှိသူများ အနေနဲ့ ဆက်သွယ်ပါ။
010 7155 6581 စိုးမိုးသူ

댓글 없음:

댓글 쓰기