2011년 9월 8일 목요일

စစ်ထဲ ၀င်ခွင့်မရလို့ လူတွေကို သတ်ဖြတ်ခဲ့သူ အမေရိကန်နိုင်ငံသား

လူသတ်သမား ဆဲ့အင် လီဂူးလ်မင်း
မိမိကို စစ်ထဲဝင်ခွင့် မပေးလို့ဆိုပြီး ဒေါသထွက်ကာ သေနတ်တလက်ဖြင့် မိသားစုဝင် ၅ဦးနဲ့ လူတချို့ကို ရက်စက်စွာ သတ်ဖြတ်ပြီး နောက် မိမိကိုယ်ကိုပါ အဆုံးစီရင်သွားခဲ့တဲ့ အမေရိကန်နိုင်ငံသားတဦးရဲ့ ဖြစ်ရပ်က အမေရိကန်လူမှုအသိုက်အ၀န်းအတွင်း ပြင်းထန်တဲ့ တုန်လှုပ်မှုကို ဖြစ်သွားစေကြောင်း သတင်းရရှိပါတယ်။





လွန်ခဲ့တဲ့ တနင်္လာနေ့ ညနေ၊ အမေရိကန် အနောက်ဗာဂျီးနီးယား မိုဂွန်တောင်းမှာ နေထိုင်သူ ဆဲ့အင် လီဂူးလ်မင်း(အသက်၂၂)ဟာ မိသားစုတစု နေထိုင်ရာ နေအိမ်ဝင်းသို့ ၀င်ရောက်ကာ သေနတ်ဖြင့် မိသားစုဝင် အားလုံးကို ရက်စက်စွာ ပစ်ခတ် သတ်ဖြတ်ခဲ့ပါတယ်။ သူ့ရဲ့ သတ်ဖြတ်မှုကြောင့် ကိုယ်ဝန် ဆောင်မိခင်အပါအ၀င် ဧည့်ခန်း၊ အိပ်ခန်း နဲ့ ရေချိုးခန်းတွင်းရှိ ချားစ် ရစ်ချတ်စွန်(အသက်၄၉)ရဲ့ မိသားစု ၀င် အားလုံး အသက်ဆုံးရှုံးခဲ့ရပါတယ်။
လီဂူးလ်မင်းရဲ့ ရက်စက်မှုက အဲဒီမှာတင် မပြီးခဲ့ပါဘူး။ သူဟာ အဲဒီလို သတ်ဖြတ်ပြီးနောက် ကားတစီးကို မောင်းနှင်ကာ လမ်းပေါ်ရှိ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်သတ်ခြင်းနဲ့ အသက်၆၀အရွယ် အမျိုးသမီးအို တယောက်ကို ကားနဲ့ တိုက်သတ်ခြင်းကိုလည်း ရက်စက်စွာ ကျူးလွန်ခဲ့ပြန်ပါတယ်။
အဲဒီနောက် သူဟာ ရဲများရဲ့ ၀ိုင်းဝန်းမှုကို ခံရရခြင်း သူ့ကိုသူ သေနတ်ဖြင့် ပစ်ကာ အဆုံး စီရင်သွားခဲ့ ပါတယ်။
လီဂူးလ်မင်းက ကိုယ်ပိုင် ဖေ့စ်ဘွတ်ခ်မှာ "စစ်တပ်ထဲ ၀င်လို့ရရဲ့သားနဲ့ ငါ့ကို လက်မခံတာကို အရမ်း ဒေါသထွက်တယ်၊ ကလဲ့စားချေတယ်ဆိုတာ ဘုရားသခင်က ပြင်ဆင်ပေးတဲ့ အကောင်းဆုံး အစားအစာ" ဆိုပြီး ရေးထားခဲ့ပါတယ်။ အခုလို ရက်စက်မှုတွေကို ကျူးလွန်ဖြစ်ခဲ့တဲ့ သူ့ရဲ့ အဓိက အကြောင်းရင်းကို သိရှိလိုက်ရတဲ့ အမေရိကန် လူမှု အသိုက်အ၀န်းဟာ အထူး တုန်လှုပ်သွားခဲ့ရကြောင်း တင်ပြလိုက်ပါတယ်။
သတင်း  စိုးမိုးသူ

댓글 없음:

댓글 쓰기