 ဒုတိယ အကြိမ် ကိုရီးယား ဘာသာ စာမေးပွဲ အောင်မြင် ထားသူများသည် စာမေးပွဲ အောင် လက်မှတ် တွင် ပါသော အချက်အလက် များနှင့် နိုင်ငံကူး လက်မှတ်ပါ အချက်များလွဲ နေပါက ကိုရီးယား သွားခွင့်ရမည် မဟုတ် ကြောင်း အစိုးရ ပြည်ပ အလုပ်အကိုင် အေဂျင်စီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ပထမအကြိမ် စာမေးပွဲအောင် ပြီး သွားဖို့ ကျန်နေတဲ့ သူတွေ ထဲမှာ ကိုယ်ရေး အချက်အလက် လွဲမှားနေတဲ့ သူတွေလည်း ပါတယ်။ အဲဒါတွေ ကို ပြန်ပြုပြင်လို့ ရတာတွေ ပြန်ပြင် ပေးနေပါတယ်။ အဓိက ကတော့ စာမေးပွဲ အောင်လက်မှတ်က အမည်၊ မှတ်ပုံတင်၊ လိပ်စာ စတာတွေနဲ့ နိုင်ငံကူး လက်မှတ်မှာ ပါတဲ့ အချက်တွေနဲ့မလွဲဖို့ပါပဲ။

အဲဒါတွေ လွဲနေရင် သွားလို့မရဘူးဆိုတာ သိစေချင်ပါတယ်ဟု ၄င်းကပြောသည်။ ပထမအကြိမ် ကိုရီးယား ဘာသာ စာမေးပွဲ အောင်မြင်သူ များသည် ယခင် အေဂျင်စီတွင် တင်ထားသော အချက်များနှင့် ယခုအစိုးရ ပြည်ပ အလုပ်အကိုင် အေဂျင်စီတွင် တင်သည့်အချက်များ ကွဲလွဲမှုရှိနေ ကြောင်း၊ သွားရန်ကျန်သူ ၇၀ ကျော် အနက် ၄၈ ဦးသည် အချက်အ လက်လွဲ မှားနေကြောင်း အဆိုပါ ပုဂ္ဂိုလ်က သတိပေး ပြောကြား သည်။ ထိုသို့ ရှေ့မှသွားမည့်သူများ နှောင့်နှေးနေမှုကြောင့် ဒုတိယ အကြိမ် စာမေးပွဲ အောင်မြင်သူများသည် အချက်အလက် များ ပြန်စစ် ဆေးသင့်ကြောင်း ၄င်းကဆက် လက်ပြောသည်။
ဒုတိယအကြိမ် ကိုရီးယား ဘာသာ စာမေးပွဲ အောင်မြင်ထားသူ ၄၁၀၉ ဦး အနက် ၃၈၆၂ ဦး လျှောက်လွှာ ပြန် တင်ခဲ့ပြီး လျှောက်လွှာတင်သူများ အတွက် အလုပ်ခေါ်စာ များလည်း ဇူလိုင် နောက်ဆုံးပတ် မှစ၍ ရောက်ရှိ လာပြီ ဖြစ်ကြောင်း၊ ဩဂုတ် ဒုတိယပတ် အထိ လုပ်သား ၁၀ဝ ကျော် အလုပ်ခေါ်စာ ကျပြီဖြစ်ကြောင်း အဆိုပါ ပုဂ္ဂိုလ်ထံမှ သိရသည်။ ကိုရီးယား နိုင်ငံမှ ယခုနှစ်အတွက် လုပ်သား ၅၁၀ဝ ခေါ်ယူမည် ဟု မူလက ကြေညာ ထားပြီးနောက် လုပ်သား ၂၀ဝ၀ ထပ်မံ ခေါ်ယူမည် ဟု ထပ်မံ ထုတ်ပြန်ခဲ့သည်။
from popular news
 
댓글 없음:
댓글 쓰기