2011년 8월 18일 목요일

ဒဲဂူးလူထုမှ ကိုဝင်းလတ်အတွက် ဆေးကုသခငွေ စုဆောင်းလှူဒါန်းမည်

အတွင်းလူနာဆောင်တွင်းက ကိုဝင်းလတ်
ဒယ်ဂူးမြို့၊ယုံရှင်းစက်မှုဇုံ၊ ယုံရှင်းဂုံဒန်းတွင် အလုပ်လုပ် နေသည့် မြန်မာအလုပ်သမား တစ်ဦးဖြစ်သော ကိုရွှန်းဝင့်နွယ်(စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း အကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ၊ စာရေးဆရာ ဘလောဂ်ဂါ ကိုဝင်းလတ်)သည် ၃-၈-၂၀၁၁ရက်နေ့က ညနေချမ်းအချိန်တွင် မိုးသဲသဲ၌ ဆိုင်ကယ်လမ်းချော် ဘရိတ်ပေါက် တိမ်းမှောက်၍ ကုန်းမြင့်ပေါ်မှအောက်သို့ ကျရောက်ပြီး ကျောက်တုန်းကျောက်ခဲများဖြင့် ထိခိုက် မိကာ တကိုယ်လုံးတွင်အလွန်ပြင်းထန်စွာ ဒဏ်ရာအနာ တရ ရရှိသွားခဲ့ပါသည်။

လက်ရှိ ဒဲဂူးမြို့ ကက်သလစ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေသူ ကိုဝင်းလတ်အား ဒဲဂူးမြို့ သတင်းစာတိုက် အိုင်မဲအီးလ်ကနေ ကြီးမှူးပြီး အလှူငွေ ကောက်ခံခဲ့ရာ အလှူငွေ ၀မ်သိန်း တရာ့ ခုနှစ်ဆယ် ခြောက်သိန်း နှစ်သောင်းရှစ်ထောင်ကို လက်ခံရရှိထားကြောင်း သတင်းရရှိပါတယ်။ အဲဒီ အလှူငွေကို အဖွဲ့အစည်း ၅၆ဖွဲ့နဲ့ စာဖတ်သူ ၁၅၇ဦးတို့မှ စုပေါင်း လှူဒါန်းခဲ့တာဖြစ်ပါတယ်။
အိုင်မဲအီးလ် သတင်းစာ အင်တာနက်ဆိုဒ်
အိုင်မဲအီးလ် သတင်းစာတိုက်ဟာ သူ့ရဲ့ စာဖတ်ပရိသတ်နဲ့အတူ လစဉ် ဆေးဝါးကုသခ ပေးဆောင်ရန် အခက်အခဲ ဖြစ်သူများကို ကူညီရန် အလှူငွေကောက်ခံပြီး လှူဒါန်းလေ့ရှိပါတယ်။
သူတို့ဟာ ကိုဝင်း လတ်ရဲ့ အကြောင်းကို သတင်းမီဒီယာမှ တဆင့် ကြားသိပြီး ကူညီရန်အတွက် အခုလို အလှူငွေများ စုဆောင်းခဲ့ကြတာ ဖြစ်ပါတယ်။
ကိုရီးယားဘာသာဖြင့် ရေးသားထားတဲ့ ကိုဝင်းလတ်ကို ဆေးကုသခငွေ လှူဒါန်းသူ အဖွဲ့အစည်းများနဲ့ လူပုဂ္ဂိုလ်များ စာရင်းကို အောက်ပါ လင့်ခ်တွင် ကြည့်ရှုနိုင်ပါတယ်။
http://www.imaeil.com/sub_news/sub_news_view.php?news_id=45914&yy=2011

ကိုရီးယားသတင်းမီဒီယာပေါ်က ကိုဝင်းလတ် သတင်း
http://www.imaeil.com/sub_news/sub_news_view.php?news_id=44456&yy=2011

http://www.ohmynews.com/NWS_Web/view/at_pg.aspx?CNTN_CD=A0001607503&PAGE_CD=

သတင်း စိုးမိုးသူ

댓글 없음:

댓글 쓰기