2011년 8월 18일 목요일

အီးပီအက်စ် အမေးအဖြေ ကဏ္ဍ

မေး။ အီးပီအက်စ် မြန်မာအလုပ်သမားတဦး
အကိုရေ။ မြန်မာပြည်တွင်းက ကျနော်တို့ကို ကိုရီးယားအလုပ်ရှင်က ရွေးပြီး ခေါ်လို့ရပါသလား။ ပြီးတော့
ကိုရီးယားမှာ အလုပ်လုပ်နေတဲ့ အီးပီအက်စ်အလုပ်သမားကို တခြား အလုပ်ရှင်က သဘောကျလို့  သူ့ အလုပ်ကို ခေါ်ယူခန့်ထားလို့ရပါသလား။ အလုပ်သမားကလည်း သူသဘောကျတဲ့ အလုပ်ရှင်ဆီ ပြောင်းလဲ အလုပ်လုပ်နိုင်ပါသလားခင်ဗျား။

ဖြေ။ အီးပီအက်စ် စနစ်မှာ အလုပ်ရှင်ပဲဖြစ်ဖြစ်၊ အလုပ်သမားကပဲဖြစ်ဖြစ် ကိုယ်ကြိုက်ရာ အလုပ်ရှင်နဲ့ အလုပ်သမားကို ရွေးခြယ်ခေါ်ယူခွင့်၊ သွားရောက်အလုပ်လုပ်ခွင့် မရှိပါဘူး။

၁၄ရက်အတွင်း သူ့ဆီကို ကိုရီးယားအလုပ်သမားက အလုပ်လာ မလျှောက်တော့မှ နိုင်ငံခြားသား အလုပ် သမားကို အသုံးပြုခွင့် ရပါတော့တယ်။

ဒါကို ကြည့်ရင် သူ့နိုင်ငံသား အလုပ်သမားကို အရင် အလုပ်ပေးဖို့ အခွင့်အရေးပေးပြီးတော့မှ မလာတော့ မှ နိုင်ငံခြားသား အလုပ်သမားအတွက် အခွင့်အရေးပေးတာကို တွေ့ရတာကြောင့် နိုင်ငံခြားသားအလုပ်သ မားတွေက ကိုရီးယားတွေရဲ့ အလုပ်နေရာကို လက်ဝါးကြီးအုပ်ထားတယ်ဆိုတဲ့ တချို့ ကိုရီးယားတွေရဲ့ စွပ် စွဲချက်ဟာ မမှန်ဘူးဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။

အီးပီအက်စ်အလုပ်သမားက အလုပ်နေရာပြောင်းတဲ့အခါမှာ တလအတွင်း အလုပ်နေရာပြောင်းခွင့်လျှောက် လွှာကို အလုပ်သမားဝန်ကြီးဌာန အလုပ်နေ ရာချထားပေးရာဌာန(고용지원센터)ကို သွားပြီး တင်ရပါ တယ်။

အဲဒီအခါမှာ အလုပ်နေရာရှာဖွေခွင့်လက်မှတ်(구직등록필증)ကို လက်ခံရပြီး အလုပ်နေရာစာရင်းတွေကို လက်ခံရရှိပါတယ်။ အဲဒီနောက် စာရင်းထဲမှာ ပါတဲ့ နှစ်သက်ရာ အလုပ်ကို ကိုယ်တိုင် ဆက်သွယ် ရှာဖွေ ရပါတယ်။ အကယ်၍ ကိုယ်သိထားတဲ့ စက်ရုံက အဲဒီစာရင်းထဲမှာ ပါတယ်ဆိုရင်တော့ အဲဒီ အလုပ်ရှင်နဲ့ စာချုပ်ချုပ်ပြီး အလုပ်လုပ်ရင် ရပါတယ်။

ဒါဟာ အီးပီအက်စ် ဥပဒေအောက်မှာ ခွင့်ပေး ထားတဲ့ အလုပ်အကိုင်ရှာဖွေ၊ ပြောင်းရွှေ့ခြင်းဆိုင်ရာ နည်းလမ်းဖြစ်ပါတယ်။
အလုပ်ရှင်ဟာ နိုင်ငံခြားသားအလုပ်သမားကိုအသုံးပြုလိုရင် အရင်ဆုံး အလုပ်သမားဝန်ကြီးဌာန အလုပ်နေ ရာချထားပေးရာဌာန(고용지원센터)ကိုသွားပြီး ကိုရီးယားအလုပ်သမား အလိုရှိကြောင်း အရင် အလုပ် ကြေညာ ပေးရပါတယ်။

댓글 없음:

댓글 쓰기