2011년 8월 28일 일요일

နိုင်ငံခြားသားအလုပ်သမားတွေက ကိုရီးယားအလုပ်နေရာတွေကို လုယူထားခြင်း မဟုတ်

အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်များဟာ နိုင်ငံခြားသားအလုပ်သမားများကို အသုံးပြုဖြစ်ရခြင်း အကြောင်းရင်းက ကိုရီးယားအလုပ်သမားများကို မရရှိခြင်းနဲ့ လစာငွေနဲနဲပဲပေးရခြင်းတို့ကြောင့်ဖြစ် ကြောင်း သတင်းရရှိပါတယ်။
လွန်ခဲ့တဲ့ ၁၆ရက်နေ့က နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားလှုပ်ရှားမှုပူးပေါင်းအဖွဲ့ကြီးက နိုင်ငံခြားသား အလုပ်သမားများကို အသုံးပြုနေတဲ့ အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင် ၁၂၅ဦးကို စစ်တမ်းကောက်ယူ ခဲ့ရာတွင် ပြည်တွင်းအလုပ်သမားများကို မရလို့ဆိုတဲ့ အကြောင်းကို ၆၆.၃%က အပြည့်အ၀ ဟုတ်မှန် ကြောင်း ဖြေဆိုပြီး ၂၉.၅%က အတင့်အသင့် မှန်ကန်ကြောင်း ဖြေဆိုပါတယ်။

ထို့ပြင် လစာငွေနဲနဲပဲ ပေးရလို့ဆိုတဲ့ အကြောင်းကို ၂၂.၄%က အပြည့်အ၀ မှန်ကန်ကြောင်း၊ ၄၁%က အသင့်အတင့်မှန်ကန်ကြောင်း ဖြေဆိုကာ အလုပ်ခဏခဏပြောင်းခြင်းနဲလို့ဆိုတဲ့ အကြောင်းကို ၆၂.၂%က ထောက်ခံပြီး ၃၇.၈က ငြင်းဆိုခဲ့ပါတယ်။

 နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားလှုပ်ရှားမှုပူးပေါင်းအဖွဲ့ကြီးက ဒီစစ်တမ်းအရ နိုင်ငံခြားသားအလုပ်သ မားများဟာ ကိုရီးယားအလုပ်သမားတွေရဲ့ အလုပ်နေရာတွေကို လုယူနေတယ်လို့ ပြောဆိုနေသူတွေရဲ့ ပြစ်တင်နေမှုတွေဟာ မမှန်ကန်ကြောင်း ပြောဆိုလိုက်ပါတယ်။

ဆက်လက်ပြီး နိုင်ငံခြားသားအလုပ်သမားကို အသုံးပြုရခြင်း အကြောင်းရင်း အနက် အလုပ်အများကြီးခိုင်း လို့ရကြောင်းကို ထောက်ခံသူ ၄၇.၃%နဲ့ ငြင်းဆိုသူ၅၂.၇%၊ ခိုင်းတဲ့အတိုင်း အလုပ် လုပ်ကြောင်းဆိုတာကို ထောက်ခံသူ ၄၆.၂%နဲ့ ငြင်းဆိုသူ ၅၃.၈%၊ အလုပ်ရှင်နဲ့အလုပ်သမားကြားပြဿနာအဖြစ် နဲလို့ဆိုတာကို ထောက်ခံသူ ၄၆.၉%နဲ့ ကန့်ကွက်သူ ၅၃.၁% ရှိခဲ့ပါတယ်။

အလုပ်လုပ်ပိုင်ခွင့်သက်တန်း၃နှစ်ပြည့်ပြီး အလုပ်သမားကို ထပ်မံအလုပ်ခန့်မယ်သူက ၉၇.၄%ရှိပြီး၊ နိုင်ငံ ခြားသားအလုပ်သမား အရေအတွက် ထပ်တိုးဖို့လိုကြောင်း ထောက်ခံသူက ၉၃.၅%ရှိခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံခြားသားအလုပ်သမားကို အလုပ်ခန့်ရာတွင် အလုပ်ရှာဖွေခွင့်ကာလ ရှည်ကြောင်းကို ၉၁.၆%၊ သင့်တော်တဲ့ အလုပ်သမားကို ရှာဖွေတာ အခက်အခဲရှိကြောင်းကို ၈၇.၃%နဲ့ အလုပ်ခန့်ရာတွင် အစိုးရပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ရှုပ်ထွေးကြောင်းကို ထောက်ခံသူက ၇၇.၉% ရှိခဲ့ပါတယ်။
 နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားလှုပ်ရှားမှုပူးပေါင်းအဖွဲ့ကြီးရဲ့ ရုံးအဖွဲ့မှူးဖြစ်သူ လီရောင်က နိုင်ငံခြား သားအလုပ်သမားတွေက ကိုရီးယားတွေရဲ့အလုပ်နေရာတွေကို လုယူထားတယ်ဆိုတာ မဟုတ်မှန်ကြောင်း
ကို သက်သေပြဖို့ ဒီ စစ်တမ်းကောက်ယူခြင်းကို ပြုလုပ်ဖြစ်ခဲ့ကြောင်း၊ အလုပ်လုပ်ပိုင်ခွင့်ကာလ၅နှစ်ပြည့် ပြီးတဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို နေရပ်ကို မဖြစ်မနေ ပြန်ပို့ခြင်းထက် သူတို့ဟာ လုပ်သက်ရင့်ပြီး လုပ်ငန်း ကျွမ်းကျင်တဲ့အတွက် ဆက်လက် မြဲမြံစွာ အလုပ်လုပ်စေခွင့် ပေးဖို့လိုအပ်ကြောင်း ပြောဆိုလိုက် ပါတယ်။

သတင်း စိုးမိုးသူ

댓글 없음:

댓글 쓰기