2011년 8월 28일 일요일

ရွှေ့ပြောင်းအလုပ်သမားများ အများစု လုပ်ငန်းခွင်တွင်း ဆဲဆို ထိုးကြိတ်ခံရဖူးကြ

ကိုရီးယားမှာ အလုပ်လုပ်နေသူ ရွှေ့ပြောင်းအလုပ်သမားအများစုဟာ အလုပ်ခွင်မှာ ဆဲဆိုခံရဖူးခြင်း၊ ထိုးကြိတ် ခံရဖူးခြင်း၊ မတော်မတရားပြုကျင့်ခံရဖူးခြင်းများ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကြုံတွေ့နေကြရကြောင်း သတင်းရရှိပါတယ်။
နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားလှုပ်ရှားမှုပူးပေါင်းအဖွဲ့ကြီးက ရွှေ့ပြောင်းအလုပ်သမား၉၃၁အား စစ် တမ်းကောက်ယူရာတွင် ဖြေဆိုသူရဲ့ ၇၈%က အလုပ်ခွင်တွင်း ဆဲဆိုမှုခရံဖူးခြင်း၊ ၂၆.၈%က ထိုးကြိတ်ခံရဖူး ခြင်းနှင့် မတော်မတရားပြုကျင့်ခံရဖူးသူက ၁၃.၅%ရှိကြောင်း ဖြေဆိုပါတယ်။

ထို့ပြင် ၄၃.၉%က အစာစားခြင်း ဓလေ့နဲ့ အခြားယဉ်ကျေးမှု ဓလေ့များ မတူမှုကြောင့် ခွဲခြားဆက်ဆံခံရပြီး ၂၁.၆%က ဘာသာအယူဝါဒ ကွဲပြားမှုကြောင့် ခွဲခြား ဆက်ဆံခံရကြောင်း ဖြေဆိုပါတယ်။

ရွှေ့ပြောင်းအလုပ်သမား ၄၀.၄%က ကိုရီးယားကို ၀င်ရောက်နိုင်ဖို့ တနှစ်အထက် စောင့်ခဲ့ရကြောင်း ဖြေဆို ပြီး ကိုရီးယားကို လာရောက်ဖို့အတွက် ကိုရီးယားစကားပြောစာမေးပွဲနဲ့ အခြား ကိစ္စများ အတွက် ကုန် ကျငွေ စုစုပေါင်းကို ၄၆.၈%က ဒေါ်လာ ၅၀၀အောက်၊ ၂၁.၁%က ဒေါ်လာ ၅၀၀နဲ့ ၁ထောင်အကြား၊ ၁၂.၁%က ဒေါ်လာ ၁ထောင်နဲ့ ၁၅၀၀အကြား သုံးစွဲခဲ့ရကြောင်း ဖြေဆိုပါတယ်။

ကိုရီးယားတွင်း တနေ့တာ အလုပ်လုပ်ချိန်နဲ့ ပတ်သက်ပြီး ၃၉.၅%က ၈နာရီနဲ့ ၁၀နာရီအကြား၊ ၃၄.၉%က ၁၀နာရီနဲ့ ၁၂နာရီအကြားလို့ ဖြေဆိုပြီး ၂၀%က တပတ်လုံး အချိန်ပိုလုပ်ရကြောင်း ဖြေဆိုပါတယ်။ ၃၀%က တလတွင် နားရက်၂ရက်ကို အလုပ်လုပ်ပေးရပြီး အချိန်ပို မရှိနဲ့ ပိတ်ရက်တွင် နားသူက ၅၂%နဲ့ ၃၄.၉% ရှိကြောင်း သိရှိရပါတယ်။
လစာနဲ့ပတ်သက်ပြီး ၁၂.၉%က အခြေခံလစာငွေ(၉သိန်း၇သောင်း၆ထောင်)ကို မရရှိကြောင်း ဖြေဆိုပါ တယ်။ လစာ တလ ၉သိန်း၇သောင်း၆ထောင်နဲ့ ၁၂သိန်း အကြား ရရှိသူက ၂၄.၄%၊ လစာ ၀မ်၁၂သိန်းနဲ့ ၁၄သိန်း အကြား ရရှိသူက ၃၂.၄% ၊ ၁၄သိန်းနဲ့ ၁၆သိန်းအကြားက ၂၀.၅%နဲ့ ၁၆သိန်းအထက် ရရှိသူက ၉.၈% ရှိပါတယ်။
နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားလှုပ်ရှားမှုပူးပေါင်းအဖွဲ့ကြီးက အထက်ပါ စစ်တမ်းများကို ရယူပြီး လွန်ခဲ့တဲ့ ၁၆ရက်နေ့က အပြန်အလှန်ဆွေးနွေးပွဲကို ပြုလုပ်ကာ ရွှေ့ပြောင်းအလုပ်သမားတို့အနေနဲ့ အခြေ ခံလစာ အာမခံကြေး၊ လုပ်သက်ခံစားခွင့် အာမခံကြေးများ ရရှိရန်နဲ့ အန္တရာယ်ကင်းတဲ့ လုပ်ငန်းခွင် ဆိုင်ရာ သင်တန်းများ ပြုလုပ်ခြင်း ဆိုင်ရာများကို ပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

သတင်း စိုးမိုးသူ

댓글 없음:

댓글 쓰기