2011년 8월 1일 월요일

လေဆိပ်မှာတင် နှင်ထုတ်ခံလိုက်ရတဲ့ ဂျပန်လွှတ်တော်အမတ်များ

ကိုရီးယားလေဆိပ်ကို ၀င်ရောက်လာတဲ့ ဂျပန်လွှတ်တော်အမတ်များ
ကိုရီးယားအစိုးရက အ၀င်မခံဘူးလို့ ကြိုတင် ကြေညာချက်ထုတ်ထားတာတောင် အူးလုံးဒိုကျွန်းကို အလည်ခရီးဆိုပြီး ကိုရီးယား ကို အတင်းဝင်ရောက်လာတဲ့ ဂျပန် ဂျာမင်းပါတီဝင် လွှတ်တော်အမတ်တွေဟာ ကင်ဖိုလေဆိပ်မှာ
ဝင်ခွင့်ငြင်းဆိုခံရပါတယ်။

ဒို့ဒိုကျွန်းဟာ ဂျပန်ပိုင်ဖြစ်တယ်ဆိုပြီး ကြွေးကြော် ကာ ကင်ဖိုလေဆိပ်တွင်း တင်းခံကာ ၀င်ခွင့်ပြု ချက်ကို စောင့်စားနေတဲ့ လွှတ်တော်အမတ်၃ဦးဟာ ကိုရီးယားတရားရေး၊ လေဆိပ်တာဝန်ခံ၊ ဂျပန်သံအမတ် စသူတို့ရဲ့ ဖြောင်းဖြမှုကြောင့် နောက်ဆုံးမှာ ပြည်တော်ပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

သူတို့ဟာ ကိုရီးယားတရားရေးဌာနရဲ့ ည၈နာရီ ၁၀မိနစ်မှာ ဂျပန်ကို ထွက်ခွာမယ့် ANAလေယာဉ်ကိုစီးပြီး ဂျပန်ပြန်မလား၊ တရားမ၀င်ဝင်ရောက်သူကို စစ်ဆေးတဲ့ အခန်းထဲကို သွားမလားဆိုတဲ့ မေးခွန်းထွက်အ လာမှာ ပြည်တော်ပြန်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။


လွန်ခဲ့တဲ့ နှစ်ကစပြီး ကိုရီးယားနဲ့ ဂျပန် ဆက်ဆံရေးဟာ ဒို့ဒိုကျွန်းကို သူပိုင်တယ် ငါပိုင်တယ် ပြဿနာ ကြောင့် တင်းမာခဲ့ပါတယ်။ အဲဒီလို အခြေအနေကြား ဒို့ဒိုကျွန်းကို ဂျပန်ပိုင်တယ်လို့ ကြွေးကြော်သူ ဂျပန်လွှတ်တော်အမတ်၃ဦးဟာ ကိုရီးယားက အူးလုံးဒိုကျွန်းကို လာရောက်လည်ပတ်ကာ ကျွန်းတွင် နေထိုင်သူများနဲ့ တွေ့ဆုံစကားပြောဆိုမယ်လို့ လွန်ခဲ့တဲ့ရက်အနည်းငယ်က ကြေညာလိုက်ပါတယ်။

ဂျပန်အမတ်တွေရဲ့ ပြည်ဝင်လာမှုကို ကန့်ကွက်သူ ကိုရီးယားပြည်သူများ
ဒီလို ကြေညာချက်အပေါ် ကိုရီးယားအဖွဲ့အစည်း များနဲ့ ပြည်သူတွေက ဆန္ဒပြ ကန့်ကွက်ခဲ့ကြ သလို ကိုရီးယားအစိုးရကလည်း သူတို့ကို 
ဗီစာမပေးဘူးလို့ ကြိုတင် ကြေညာချက်ထုတ် ငြင်းဆန်ခဲ့ပါတယ်။

ဘယ်လိုပဲ ငြင်းဆန်ခံထားရသော်လည်း သူတို့ ဟာ ကိုရီးယားကို အတင်းဝင်ရောက်လာခဲ့ပါ တယ်။ လေဆိပ်မှာတင် ၀င်ခွင့်ပြု မခံရတဲ့ သူတို့ဟာ အစိုးရရဲ့ ၀င်ခွင့်ပြု ခွင့်ကို ၉နာရီကြာ စောင့်စားခဲ့ပါတယ်။ သူတို့ဟ]ာ အဲဒီလို စောင့်နေရင်း နေ့လယ်စာအဖြစ် ကိုရီးယား ရိုးရာ အစားအသောက်  ဘီဘင်ဘပ်(ထမင်းသုပ်)ကို စားသောက်ခဲ့တာကြောင့် ကိုရီးယားလူမျိုးများအကြား ရယ်စရာဖြစ်နေပါတယ်။

သတင်း စိုးမိုးသူ

댓글 없음:

댓글 쓰기