ဘူဆန်းမြို့ ဟဲအွန်းဒဲ ကမ်းခြေစောင့်ရဲဌာနဟာ ရေကူးနေတဲ့ အလယ်တန်းကျောင်းသူရဲ့ ခန္ဓာကိုယ် ကို ရေကူးယောင်ဆောင်ပြီး ကိုင်တွယ်ခဲ့သူ ပါကစ္စတန်နိုင်ငံသား ကေကို ဖမ်းဆီးစစ်ဆေးနေ ကြောင်း သိရှိရပါတယ်။
ကေဟာ မနေ့က နေ့လယ်၃နာရီခွဲခန့်က ဘူဆန်း ဟဲအွန်းဒဲကမ်းခြေမှာ ရေကစားနေသူ အသက်၁၅နှစ် အရွယ် ကျောင်းသူလေး အူးရဲ့ အနီးကို ချည်းကပ်သွား ပြီး တမိနစ်ကြာလိုက်လံပြီး အူးရဲ့ ခန္ဓာကိုယ်ကို ကိုင်တွယ်ခဲ့မှုနဲ့ ရဲဌာနထံ အခုလို အစစ်ဆေးခံနေရတာ ဖြစ်ပါတယ်။
ကမ်းခြေစောင့်ရဲများရဲ့ အဆိုအရ မနေ့ကလည်း အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဓာကို ကိုယ်တွယ်မှုကြောင့် အဖမ်းခံရတဲ့ မြန်မာ၊ ဗီယက်နမ်၊ ဥဇဘက်ကစ္စတန် နိုင်ငံသား ၃ဦးလည်းရှိခဲ့ကြောင်း ထုတ်ဖော်ပြောဆို လိုက်ပြီး အမျိုးသမီးများအနေနဲ့ သတိထားကြရန်နှင့် အခုလို ဖြစ်ပွားပါက အကြောင်းကြား တိုင်ကြားကြရန် သတိပေးနှိုးဆော်ထားပါတယ်။
နိုင်ငံခြားသားများသာမက ကိုရီးယား အမျိုးသားတဦးကလည်း မိမိသားကို ဓာတ်ပုံရိုက်ယောင်ဆောင်ပြီး
ကမ်းခြေရှိ အနားယူနေသူ အမျိုးသမီးများရဲ့ ကိုယ်ခန္ဓာကို ဓာတ်ပုံခိုးရိုက်ယူမှုနဲ့ အဖမ်းခံလိုက်ရပါတယ်။
နှစ်စဉ် အခုလို ပူပြင်းလှတဲ့ နွေရာသီကာလမှာဆိုရင် ကိုရီးယားမှာ ဟရူးဂါးလို့ခေါ်တဲ့ ပိတ်ရက်ရှည်ရှိပါ တယ်။ ပိတ်ရက်ရှည်မှာ အများအားဖြင့် ပင်လယ်ကမ်းခြေကို အနားယူသွားကြလေ့ရှိပါတယ်။
နှစ်စဉ် ကမ်းခြေမှာ အနားယူတဲ့ အမျိုးသမီးတွေကို မဖွယ်မရာ ပြုလုပ်မှုကြောင့် အဖမ်းခံရသူ ကိုရီးယားသား၊ နိုင်ငံခြားသားများကလည်း အမြဲ ရှိလေ့ရှိကြပါတယ်။
ကိုရီးယားဥပဒေမှာ အမျိုးသမီးများအပေါ် မဖွယ်မရာပြုလုပ်သူ သို့မဟုတ် ဓာတ်ပုံခိုးရိုက်သူဟာ ထောင်ဒဏ် ၅နှစ် သို့မဟုတ် ငွေဒဏ် ၀မ်သိန်း ၁၀၀ ပေးဆောင်ရန် သတ်မှတ်ထားပါတယ်။
သက်ဆိုင်ရာ သတင်းရုပ်သံကြည့်ရန်
သတင်း ၁) ကလစ်
သတင်း ၂) ကလစ်
သတင်း စိုးမိုးသူ
댓글 없음:
댓글 쓰기