2011년 7월 30일 토요일

တမြေထဲနေသူတွေ ဒုက္ခရောက်ကြတဲ့အခါ ကူညီကြရအောင်

ကိုရီးယားမှာ ယခုတလော မိုးပြင်းထန်းစွာ ရွာသွန်းကာ ရေကြီးခြင်း၊ တောင်ပျိုခြင်းကြောင့် သေဆုံးသူ ၄၇ဦး၊ ပျောက်ဆုံးနေသူအများအပြားနဲ့ အိမ်ခြေ၄ထောင်ကျော် ပျက်စီးသွားရပါတယ်။

လူသားတို့ အနေနဲ့ သဘာဝဘေးအန္တရာယ် ကျရောက်မှုကို အနိုင်မယူနိုင်ပေမယ့် ဘေးအန္တရာယ်ကြောင့် ဒုက္ခရောက်သူတို့ အပေါ် တတ်စွမ်းသမျှ အကူအညီပေးခြင်းဖြင့် သူတို့ခံစားနေကြရတဲ့ ဝေဒနာတွေကို
မျှဝေခံစားပေးကြနိုင်ကြပါတယ်။

ကိုရီးယားရောက် ရွှေ့ပြောင်းသူတွေကလည်း မိမိတို့ အလုပ်လုပ်ကိုင်နေထိုင်ရာ ကိုရီးယားအတွင်း အတူနေထိုင်ကြသူများ ဒုက္ခရောက်ကြတဲ့အခါ တတ်စွမ်းသမျှ ၀ိုင်းဝန်းကူညီခဲ့ကြတဲ့ အစဉ်အလာများ ရှိခဲ့ကြပါတယ်။

ကိုရီးယားရောက် မြန်မာများအနေနဲ့လည်း သမိုင်းတလျှောက်မှာ ကိုရီးယားနိုင်ငံတွင်း နှင်းမိုးကြောင့် ပျက်စီးခဲ့ရခြင်း၊ ရေနံတင်သင်္ဘောပျက်စီးမှုကြောင့် ပင်လယ်တွင်း ရေနံများ ပျံ့နှံ့ခြင်းစတဲ့ ဒုက္ခမျိုးစုံ ကြုံတွေ့ကြတဲ့ အခါမျိုးမှာလည်း အုပ်စုလိုက် သွားရောက် ကူညီ ကယ်ဆယ် ဆောင်ရွက်ပေးခဲ့ ကြဖူးပါတယ်။

ယခု မိုးပြင်းကြောင့် ဒုက္ခရောက်သူများကိုလည်း မိမိတို့ တတ်နိုင်တဲ့ဘက်က ၀ိုင်းဝန်းကူညီကြရန်လိုအပ်ပါ တယ်။ အကြောင်းကြောင်းကြောင့် ပျက်စီးရာဒေသများကို သွားရောက် မကူညီနိုင်ရင်တောင် မိမိရဲ့ လက်ကိုင် ဟန်းဖုန်းမှတဆင့် အလှူငွေများ ကူညီနိုင်ပါတယ်။

အလှူငွေ လှူဒါန်းလိုသူများအနေနဲ့ ဖုန်းနံပါတ် 060 700 0110 ကို ဖုန်းခေါ်ရင် ကိုရီးယားလို ကျေးဇူးတင်ကြောင်း ဖြေပြီး ပီဆိုတဲ့ အသံထွက်ပြီးနောက် အလှူငွေ ၀မ်၂ထောင် ကို ဖုန်းထဲကနေ အော်တို လက်ခံယူသွားပါလိမ့် မယ်။
တခါဆက်ရင် ၀မ်၂ထောင်ဖြစ်တာကြောင့် မိမိလှူဒါန်းလိုသလောက် ထပ်မံ ဖုန်းဆက် လှူဒါန်းနိုင်ပါတယ်။

"အလှူဆိုတာ လိုတာကို လှူတာဖြစ်ပါတယ်။"

သတင်း စိုးမိုးသူ















댓글 없음:

댓글 쓰기