2011년 7월 30일 토요일

လောင်းကစားသူ အထောက်အထားမဲ့ တရုတ်အလုပ်သမား အဖမ်းခံရ

ဂျူလိုင် ၂၆ရက်နေ့က အထောက်အထားမဲ့ တရုတ်အလုပ်သမား လီမိုးဟာ နေအိမ်အတွင်း သူငယ်ချင်းများနဲ့အတူ လောင်းကစားပြုလုပ် နေစဉ် ရဲများက ၀င်ရောက်ဖမ်းဆီးလိုက်ပါတယ်။
လီမိုးနှင့်အတူ အဖမ်းခံရသူ ၄ဦးဟာ လပေးငှားထားတဲ့ တိုက်ခန်း
အပေါ်ဆုံးအထပ်မှာ တရုတ်ဖဲကို ၀မ်၁၃သိန်း ရင်းပြီုး လောင်းကစား ပြုလုပ်ခဲ့ပါတယ်။
ရဲများရဲ့ စစ်ဆေးချက်အရ သူတို့ဟာ ခရီးသွားဗီစာဖြင့် ကိုရီးယားသို့  ၀င်ရောက် လာခဲ့ပြီး ၇နှစ်တိုင် ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ လှည့်လည် လုပ်ကိုင်နေထိုင်လာခဲ့ပါတယ်။ ရဲတွေဟာ သူတို့ကို ဒဲဂျွန်မြို့ လူဝင်မှုကြီးကြပ်ရေးဌာနထံ အပ်နှံလိုက်ပြီး မကြာမီ နိုင်ငံတွင်းမှ နှင်ထုတ်ခံရဖွယ်ရှိပါတယ်။

သတင်း စိုးမိုးသူ

댓글 없음:

댓글 쓰기