2011년 7월 30일 토요일

လုပ်သက်ခံစားခွင့် (ထွဲဂျိဂွမ်)

ကိုရီးယားအလုပ်သမား ဥပဒေတွင် ၁-နှစ်အထက် အလုပ်လုပ်သည့် အလုပ်သမားအား လုပ်ငန်းရှင်မှ လုပ်သက်ခံစား ခွင့်ငွေ ပေးရန်သတ်မှတ်ထားသည်။

◆လုပ်ငန်းရှင်သည် ၁-နှစ်အထက် အလုပ်လုပ်ခဲ့သည့် အလုပ်သမားအား ၁-နှစ်လျှင် ပျမ်းမျှရက်-၃၀စာအား အလုပ်ထွက်ပြီးနောက်
၁၄-ရက်အတွင်းပေး ရမည်ဖြစ်သည်။



တွက်နည်း-

ဦးစွာ ပျမ်းမျှတရက်လုပ်အားခကို တွက်ပါ။

ပျမ်းမျှတရက်လုပ်အားခ=
နောက်ဆုံးလုပ်ခဲ့သည့်လ ၃လရဲ့စုစုပေါင်းလစာ ÷ နောက်ဆုံးလုပ်ခဲ့သည့် ၃ လအတွင်းရှိရက်ပေါင်း

ရလာတဲ့ ပျမ်းမျှတရက်လုပ်အားခကို
အလုပ်လုပ်ခဲ့တဲ့နှစ်(၁နှစ်လုပ်ခဲ့သူက ၃၀၊ ၂နှစ်လုပ်ခဲ့သူက ၆၀၊ တနှစ်ခွဲ လုပ်ခဲ့သူက ၄၅ )နဲ့ မြောက်ပါ။
ရလာဒ်က ထွဲဂျိဂွမ်ပါပဲ။
◆ဥပမာ အားဖြင့်

အလုပ်သမားသည် ၂၀၀၆.၁.၁-ရက်နေ့မှအလုပ်ဝင်၍

၂၀၀၇.၆.၃၀-ရက် နေ့ထိ အလုပ်လုပ်၍ အလုပ်မှ ထွက်ခဲ့သည်ဆိုပါစို့၊

ထိုအလုပ်သမားသည် ၄-လပိုင်းတွင် လစာ-၁ ၀၀၀ ၀၀၀-၀မ်၊

                           ၅-လပိုင်းတွင် လစာ-၁ ၁၀၀ ၀၀၀ ၀မ်၊

                          ၆-လပိုင်းတွင် လစာ-၁ ၂၀၀ ၀၀၀-၀မ် ရရှိသည်ဆိုပါက

ဦးစွာ ပျမ်းမျှတရက်လုပ်အားခကို တွက်ပါ။

တွက်နည်း-

ပျမ်းမျှတရက်လုပ်အားခ=
                     နောက်ဆုံးလုပ်ခဲ့သည့်စုစုပေါင်း၃လစာ ÷ နောက်ဆုံးလုပ်ခဲ့သည့် ၃ လအတွင်းရှိရက်ပေါင်း

                    (၁ ၀၀၀ ၀၀၀+၁ ၁၀၀ ၀၀၀+၁ ၂၀၀ ၀၀၀) ÷ (ရက်-၃၀+၃၁+၃၀) = ၃၆ ၂၆၄၀မ်
ထို့ကြောင့် ပျမ်းမျှတရက်လုပ်အားခသည် ၃၆ ၂၆၄ ၀မ် ဖြစ်သည်။

လုပ်သက်ခံစားခွင့်ငွေ= ပျမ်းမျှတရက်လုပ်အားခ x အလုပ်လုပ်ခဲ့သည့်ကြာမြင့်ကာလ

၃၆ ၂၆၄ ၀မ် x ၄၅ရက် (၁-နှစ်ခွဲ) = ၁ ၆၃၁ ၈၈၀-၀မ်

ထို့ကြောင့် လုပ်သက်ခံစားခွင့်သည် ၁၆၃၁၈၈၀ ၀မ်ဖြစ်သည်။

댓글 없음:

댓글 쓰기