2011년 7월 27일 수요일

မိုးပြင်းထန်စွာ ရွာသွန်းမှုကြောင့် ၃၅ဦးသေ၊ ၁၁ဦး ပျောက်ဆုံးနေ၊ ပျက်စီးမှုများ ပိုများလာဖွယ်ရှိ

ကိုရီးယား အလယ်ပိုင်း တ၀န်း မနေ့ ညနေကစပြီး ရွာသွန်းလာတဲ့ မိုးပြင်းကြောင့် ၃၅ဦး သေဆုံးကာ ၁၁ဦး ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။ ဒီနေ့ မနက် ဆိုးလ် ဆောချိုနဲ့ ဘန်ဘဲမြို့ရှိ တောင်တချို့ ပျို ကျမှုကြောင့် အနီးရှိ ရပ်ကွက်များ ပျက်စီးကာ အရပ်သား၁၆ဦး မြေပိသေဆုံးသွားခဲ့ပါတယ်။ နေ့ဘက်မှာ ဂယောင်ဂီဒို ဂွမ်ဂျူးရှိ ရပ်ကွက်တချို့ဟာလည်း မိုးရေတိုက်စားမှုကြောင့် ပျက်စီးကာ ၆ဦးသေပြီး ၁ဦး ပျောက်ဆုံးနေကြောင်းသိရှိရပါတယ်။

မနက်ပိုင်းမှာလည်း ဂန်ဝန်ဒို ချွန်းချွန်းရှိ တောင်များ မိုးရေတိုက်စား မှုကြောင့် ပျိုကျကာ အရပ်သား ၁၃ဦးသေဆုံး၊ ၄ဦး ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ၂၀ဦး ထိခိုက်သွားပါတယ်။ ဒါ့အပြင် တောင်ပျိုမှုကြောင့် ဆိုးလ်၊ ဂယောင်ဂီ၊ ဂန်ဝန်ဒေသ အနှံ့အပြားရှိ အရပ်သားများ ရာနဲ့ချီပြီး ဘေးလွတ်ရာကို ရွှေ့ပြောင်းကြကာ လက်ရှိ ၆၂၀ဦး အိုးမဲ့အိမ်မဲ့၊ အိမ်ချေ၇၂၀ရေမြုပ်၊ လယ်မြေအများအပြား ရေလွှမ်းမိုးသွားကြောင်း သိရှိရ ပါတယ်။

သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး ဗဟို ဌာနက လက်ရှိမှာ ပျက်စီးမှုများကို အတိအကျ ထုတ်ဖော် ပြောဖို့ ခက်ခဲနေကြောင်းနဲ့ ထိခိုက်မှုများက ဆက်လက်ပြီး တိုးပွားလာမှာဖြစ်ကြောင်း ပြောဆိုကာ
လောလောဆယ် မိုးပြင်းဆက်လက် ရွာဦးမှာဖြစ်တာကြောင့် ချောင်းအနီးနဲ့ ကမ်းခြေအနီး နေထိုင်သူများအနေနဲ့ သတိထား ကြရန် နှိုးဆော်ထားပါတယ်။
မိုးလေ၀သဌာနရဲ့ အဆိုအရ မိုးဟာ ဒီနေ့ညဘက်မှာ ပိုမိုပြင်းထန်စွာ ပြန်လည် ရွာသွန်းဦးမှာဖြစ်ပြီး သဘက်ခါအထိ ဆက်လက်ရွာသွန်းလိမ့်မယ်လို့ ခန့်မှန်းထားကြောင်း သိရှိရပါတယ်။
သတင်း စိုးမိုးသူ

댓글 없음:

댓글 쓰기