2011년 7월 23일 토요일

ရထားပေါ်က ကိုနှာဘူးများ

လွန်ခဲ့တဲ့ ဂျူလိုင် ၂၀ရက်နေ့ မနက်၊ မြေအောက် ရထားပေါ်မှာ အသက်၅၀အရွယ် အမျိုးသား တယောက်နဲ့ အသက်၂၀အရွယ်အမျိုးသမီးတ ယောက်တို့ဟာ ထိုင်ခုံတခုထဲမှာ အတူထိုင် ပြီး လိုက်ပါလျှက်ရှိခဲ့ပါတယ်။ အမျိုးသမီးဟာ အရက်အလွန်မူးပြီး အိပ်မောကျလျှက်ရှိပြီး ဘေးကအမျိုးသားကတော့ သူမရဲ့ ချစ်သူတ ယောက်အလား သူမရဲ့ ကိုယ်အနှံ့အပြားကို ၁၀မိနစ်ကြာ အမျိုးမျိး ကိုင်တွယ်ပြုမူပါတယ်။

ဒါပေမယ့် ဒီဖြစ်ရပ်ကို သံသယရှိတဲ့ ပြည်သူတယောက်က လက်ကိုင်ဖုန်းကင်မရာနဲ့ ဖြစ်စဉ်တလျှောက်လုံး ကို ရိုက်ယူထားလိုက်ပါတယ်။၂ယောက်လုံးက အသက်အရမ်းကွာလွန်းတာကြောင့် သံသယဖြစ်ပြီး တလျှောက်လုံးစောင့်ကြည့်ခဲ့တဲ့သူဟာ အိပ်ပျော်နေတဲ့ အမျိုးသမီးကို နှိုးလိုက်ပြီးတော့ ဒီ အမျိုးသားကို သိလားလို့ မေးလိုက်တော့ အမျိုးသမီးက မသိဘူးလို့ဖြေပါတယ်။ ဒါနဲ့ သူဟာ ချက်ချင်းပဲ အဲဒီအမျိုးသား ကို ချုပ်ကိုင်ကာ ရထားရဲဌာနထံ အကြောင်းကြား ဖမ်းပို့လိုက်ပါတယ်။
ဒါပေမယ့် ကျူးလွန်သူ အမျိုးသားဟာ အထောက်အထားနဲ့ လက်ဆုပ်လက်ကိုင် ဖမ်းမိတာတောင် အရက်မူးနေလို့ ဘာမှ မမှတ်မိဘူးလို့ ငြင်းဆိုပါတယ်။

လွန်ခဲ့တဲ့ မေလ ညဘက်မှာလည်း အသက်၂၀အမျိုးသမီးငယ်တဦးဟာ အရက်မူးသူတယောက်က သူမအပေါ် ကာမဆိုင်ရာ စော်ကားတာကြောင့် ရုန်းထွက်ပြေးခဲ့ပေမယ့် အနီးပတ်ဝန်းကျင်ရှိ လူများက အကူအညီပေးခြင်းမရှိတဲ့အပြင် အဲဒီ စော်ကားသူရဲ့ ထိုးကြိတ်ခြင်းကိုလည်း ခံခဲ့ရဖူးပါတယ်။

မြေအောက်ရထားပေါ်မှာ ဖြစ်လေ့ရှိတဲ့ ကာမဆိုင်ရာ စော်ကားမှုနှုန်း အကြား ညပိုင်းတွင် ဖြစ်ပွားတဲ့ နှုန်းက
၎.၁ရာခိုင်နှုန်းဖြစ်ပါတယ်။ အဲဒီအချိန်မျိုးမှာ လိုက်ပါသူ အများစုဟာ အရက်မူးတဲ့သူက များပြီး ဘေးပတ်
ဝန်းကျင် အကူအညီကလည်း မရ ဖြစ်တာကြောင့် အမျိုးသမီးအများစုဟာ စိုးရိမ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

ဆိုးလ် ချွန်ဟိုးဒုန်မှာ နေထိုင်တဲ့ ဂျန်စိုးရောင်က အဲဒီအချိန်မျိုးမှာ အရက်မူးရမ်းကမ်းတဲ့သူတွေလည်းများပြီး အဲလိုလူတွေက တခြားအမျိုးသမီးတွေကို အနှောင့်အယှက်ပြုတာတွေကိုလည်း အများကြီးမြင်တွေ့ဖူး ပါတယ် လို့ စိုးရိမ်မှုအပြည့်နဲ့ ရင်ဖွင့်ပါတယ်။

မြေအောက်ရထားပေါ်မှာ ဖြစ်ပွားနေတဲ့ ကာမဆိုင်ရာ အနှောင့်အယှက်ပေးမှုတွေက တဖြေးဖြေး တိုးပွား လာနေပေမယ့်လည်း ဒါကို တားဆီးနိုင်မယ့် ထိရောက်တဲ့စနစ်ကတော့ လက်ရှိမှာ အားနဲနေဆဲဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

သတင်း  SBS
ဘာသာပြန် စိုးမိုးသူ

댓글 없음:

댓글 쓰기