2011년 7월 16일 토요일

ဖြောင်းထက် ဒန်ဂျင်းကမ်းခြေရှိ သင်္ဘောပေါ်မှ မြန်မာနိုင်ငံသားတဦး ရေထဲပြုတ်ကျ ပျောက်ဆုံး

မြန်မာနိုင်ငံသား သင်္ဘောသားတဦး ပင်လယ်ထဲ ပြုတ်ကျ ပျောက်ဆုံးနေတာကြောင့် ဖြောင်းထက် ကမ်းခြေ စောင့်ရဲများက ရှာဖွေနေကြောင်း သတင်း ရရှိပါတယ်။
ရဲများရဲ့ အဆိုအရ ဂျူလိုင်လ ၁၆ရက် မနက်၁နာရီ မိနစ်၂၀ ဖြောင်းထက်ရှိ ဒန်ဂျန်း ကမ်းခြေမှာဆိုက်
ကပ် ထားတဲ့ ကုန်တင်သင်္ဘော (JL ချန်ပီယန်, ၁၄၆၀t ဂျဲဂျူး)တွင် အလုပ်လုပ်ကိုင်သူ ကိုအောင်ကျော်မင်း (ကျား၊အသက်၂၄နှစ်)ဟာ  ပင်လယ်ထဲ ပြုတ်ကျခဲ့ပါတယ်။
သူဟာ လွန်ခဲ့တဲ့ ဂျူလိုင် ၁၅ရက်၊ မနက်၈နာရီမှာ အတူအလုပ်လုပ်ကိုင်သူ ကိုနေထွန်းဝင်း(ကျား၊ အသက်၂၇)နှင့်အတူ နေထိုင်ရာသင်္ဘောမှ ပြင်ပသို့ ထွက်ကာ လိုအပ်သော ပစ္စည်းများဝယ်ယူပြီး ဌာနေသင်္ဘောသို့ အပြန် ဆိပ်ကမ်းမှ သင်္ဘောပေါ်ကို တက်နိုင်ရန် ဆက်သွယ်ထားတဲ့ တံတားက ဖယ်ရှားထားခံရတာကြောင့် သင်္ဘောပေါ်တက်မရဖြစ်ခဲ့ပါတယ်။ ဒါကြောင့် သူဟာ သင်္ဘောနဲ့ ဆိပ်ကမ်းကို တွဲချည်ထားတဲ့ ကြိုးက တဆင့် သင်္ဘောပေါ် တက်ရန် ကြိုးစားခဲ့ရာမှ ကြိုးလွတ်ပြီး ရေထဲပြုတ်ကျသွားခဲ့ပါတယ်။
သတင်းရရချင်း သင်္ဘော ကပ္ပတိန်Sက သင်္ဘောသားများနဲ့အတူ ၁နာရီကြာ ရှာဖွေခဲ့ပြီးနောက် ကမ်းခြေ စောင့်ရဲဌာနထံ အကြောင်းကြားခဲ့ပါတယ်။
ရဲများဟာ ကမ်းခြေစောင့်တပ်၊ ပြည်သူ့တပ်နဲ့အတူ မနက် ၂နာရီ ၄၅မိနစ်မှ စတင်ပြီး ရှာဖွေခြင်းကို ပြုလုပ်ကာ မှောင်မဲလာတဲ့ ညနေ ၇နာရီ မိနစ်၃၀မှာ ရှာဖွေခြင်းကို ရပ်တန့်ခဲ့ပါတယ်။
တာဝန်ခံရဲအရာရှိက မနက်ဖြန် မနက် ၆နာရီ မိနစ်၃၀တွင် ထပ်မံပြီး ရှာဖွေမည်ဖြစ်ကြောင်း ပြောကြားပါတယ်။ ဆက်လက်ပြီး ရဲများဟာ ကပ္ပတိန်၊ မျက်မြင်သက်သေတွေက တဆင့် အခင်းဖြစ်ပွားပုံကို အသေးစိတ် စစ်ဆေးလျှက်ရှိနေကြောင်း သတင်းရရှိပါတယ်။
သတင်း အာရှသတင်း
ဘာသာပြန် စိုးမိုးသူ

댓글 없음:

댓글 쓰기