2011년 7월 22일 금요일

၂၄ရက်နေ့ တနင်္ဂနွေနေ့ သီချင်းဆိုပြိုင်ပွဲဝင်မယ့် သူများအတွက်

သီချင်းဆိုပြိုင်ပွဲဝင်မယ့် ညီအကိုများအတွက် လမ်းညွှန်ဖြစ်ပါတယ်။

လာရမယ့် နေရာ ဆိုးလ် ဂျွန်ဂူး ဂူးမင်းဟွဲဂွမ် (서울 중구 구민회관 )

လာနည်း မြေအောက်ရထားလိုင်း (အစိမ်း၊ အပြာ၊ခရမ်းရောင်) ဒုန်ဒဲမွန်းယော့ဆား မွန်းဟွာဂုံဝန်(동대문역사문화공원역) ဘူတာ ထွက်ပေါက် ၁၃ကနေ ထွက်လာပြီး တည့်တည့်လျှောက်ပါ။ ဂုလိအွီရိုးဝန် (국립의료원)ဆေးရုံကို ကျော်ပါက ရောက်ပါပြီ။

သိထားရန်။
ပြိုင်ပွဲက နေ့လယ်၃နာရီ စမှာ ဖြစ်တာကြောင့် အနဲဆုံး နေ့လယ် ၁နာရီခွဲမှ ၂နာရီအထိ ခမ်းမကို အရောက်လာပါ။ အသံစမ်းခြင်း၊ မိမိသီဆိုမယ့် သီချင်း စမ်းဖွင့်ခြင်းစတဲ့ လိုအပ်တဲ့ ရီဟာဆယ် ပြုလုပ်ဖို့လိုပါတယ်။

သီချင်းဆိုမယ့်သူအတွက် သီချင်းကို ပိုင်နိုင်စွာ သီဆိုတတ်ခြင်းလည်း အရေးကြီးသလို ဆိုမယ့်နေ့မှာ ကိုယ့် ခန္ဓာကိုယ်အခြေအနေကလည်း ကောင်းဖို့ အထူး အရေးကြီးပါတယ်။ အိပ်ရေးမ၀ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း တို့ဟာ အသံကောင်းထွက်ဖို့ အလားအလာကို နဲစေပါတယ်။

ပြိုင်ပွဲဆိုတော့ ဘယ်သူမဆို အနဲနဲ့ အများ စိတ်လှုပ်ရှားတတ်ကြပေမယ့် အဓိက အရေးအကြီးဆုံးက ဂီတကို ချစ်မြတ်နိုးတဲ့ နှလုံးသားနဲ့ သီချင်းသီဆိုဖို့လိုပါတယ်။ စာသားမှန်အောင်၊ တိုင်မင်မှန်အောင်၊ အ၀င် အထွက်မှန်အောင် ဂရုစိုက်သီဆိုတယ်ဆိုတာ စင်ပေါ်မှာ လုပ်နေရမယ့် အလုပ်မဟုတ်ပါ။
ဒါတွေက သီချင်းလေ့ကျင့်စဉ်တုန်းက ကျော်ဖြတ်ခဲ့ပြီးရမှာ ဖြစ်တဲ့ အရာတွေဖြစ်ပါတယ်။

အားလုံး အဆင်ပြေကြပါစေ။
စိုးမိုးသူ

댓글 없음:

댓글 쓰기