2011년 6월 11일 토요일

ပါကစ္စတန်နိုင်ငံတွင် တတိယလိင်အမျိုးအစားကို တရားဝင်သတ်မှတ်လက်ခံပြီ

ပါကစ္စတန်နိုင်ငံက လိင်ပြောင်းလဲထားသော သူများအား ကိုယ်ပိုင် လိင်ရွေးချယ်ခွင့်ကို လက်ခံသည့် အထူးအရေးပါဆုံးဖြတ်ချက်တစ်ခုကို ပြဌန်းလိုက်သည်။ ပါကစ္စတန်တွင် မိမိတို့၏ မွေးရာပါ ကျား၊ သို့မဟုတ် မအဖြစ် လက်မခံနိုင်သော လူအချို့က နိုင်ငံတော်၏ အမြင့်ဆုံး တရားရုံးသို့ မိမိတို့၏ လိင်ကို ကိုယ်ပိုင်ရွေးချယ်ပြဌန်းခွင့်ကို လျှောက်ထားခဲ့ရာ အမြင့်ဆုံးတရားရုံးက ပန်ကြားလွှာကို လက်ခံအတည်ပြု ပေးခဲ့ပြီး မွေးရာပါ ကျား၊ မ ကို လက်မခံနိုင်သော သူများသည် အမျိုးသားမှတ်ပုံတင် နှင့် အခြားတရားဝင် မှတ်ပုံတင်များ လျှောက်ထားရာတွင် မိမိနှစ်သက်ရာလိင်အမျိုးအစားကို ရွေးချယ်နိုင်ကြောင်း အတည်ပြု ပေးခဲ့သည်။
နိုင်ငံတော် တရားရုံးချုပ်မှ ထွက်ပေါ်လာသော အမိန့်မှာ မည့်သည့်အာဏာပိုင်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်၊ ဘာသာရေးစည်းမျဉ်း စသည်တို့မှ လွှမ်းမိုးမှု မပါရှိပဲ လူ့အခွင့်အရေးကို ကာကွယ်သည့် ဆုံးဖြတ်ချက်ဖြစ်၍ အဆိုပါ သတ်မှတ်ပြဌန်းချက်သည် ပါကစ္စတန် ကဲ့သို့ မူစလင်နိုင်ငံတစ်ခုအတွက် အရေးပါလှသော သမိုင်းဝင်ဆုံးဖြတ်ချက်ဖြစ်ရာ ဒီမိုကရေစီထွန်းကားမှုအတွက် အထောက်အကူ ဖြစ်စေသော ဆုံးဖြတ်ချက် တစ်ခု ဖြစ်သည်။
သတင်း  လမ်းသစ်အွန်လိုင်းဂျာနယ်

댓글 없음:

댓글 쓰기