
ပြင်းထန်သော အပူလျှပ်ဝေဒနာဖြင့် ကွယ်လွန်သွားသော (၃)နှစ်အရွယ်သမီးလေး နော်အစ္စယန်နာတာရှာ
၂၀၁၁ ခုနှစ် မေလ ၂၀ ရက်နေ့က ဆွေမျိုးတော်စပ်သူ၏ ဈာပနသို့ လိုက်လံပို့ဆောင်သူ အမျိုးသားတစ်ဦးမှ နေခြစ်ခြစ်တောက်အပူအောက် (ဈာပနနှင့် မီတာငါးရာအကွာအဝေး) ရှိမိမိကားထဲတွင် အိပ်ပျော်ကျန်ရစ်ခဲ့သော ၃နှစ်အရွယ် သမီးလေးအား ကားထဲတွင် သတိလက်လွတ် မေ့ကျန်ခဲ့ပြီး အချိန်တစ်နာရီကျော် ကြာမြင့်ပြီးနောက်မှ ကားအနောက်ခန်းရှိ အိပ်ပျော်နေသော သမီးငယ်အား ပြန်သတိရ၍ သွားရောက်ခေါ်ဆောင်သောအချိန်တွင်မူ သမီးလေးမှာ ကားအနောက်ခန်း၌ ပြင်းထန်းသော အပူလျှပ်ဝေဒနာ ခံစားနေရကြောင်းသိရှိခဲ့သည်။
နေ့လည်၁၁နာရီအချိန်တွင် သမီးလေး နော်အစ္စယန်နာတာရှာအစ္စက် (Nor Izyan Natasya Ishak) အား နီးစပ်ရာဆေးခန်းတွင် ကုသရန်သွားနေချိန်၌ပင် ပြင်းထန်လွန်းသော အပူလျှပ်ဝေဒနာဖြင့် ကွယ်လွန်သွားခဲ့သည်။
သူမ၏ဖခင်ဖြစ်သူ အစ္စက် ဆယ်လာ (Ishak Salleh) က ဈာပန အခမ်းအနားအတွက် စိတ်စောနေခဲ့ပြီး ကားပက်ကင်ထိုးပြီးသည်နှင့် အင်ဂျင်စက်ပိတ်၊ တံခါးပိတ်ခဲ့ပြီး ဈာပနဆီ သွားလိုက်ပါတယ်။
"ကျွန်တော့် သမီးလေးကားနောက်ခန်းမှာ အိပ်ပျော်ကျန်ခဲ့တာကို လုံးဝသတိမေ့သွားခဲ့ တယ်ဗျာ"
"ကျွန်တော် သတိရတဲ့အချိန်မှာတော့ နောက်ကျသွားခဲ့ပါပြီ"
ဟု ဖခင်ဖြစ်သူမှ ကြေကွဲဆို့နင့်စွာ ပြောကြားသွားခဲ့ပါသည်။
ဖခင်ဖြစ်သူအစ္စက်ဟာ သူမှတ်မိခဲ့တဲ့အဲဒီအချိန်လေးမှာ သမီးလေးဟာ ကားထဲမှာပါ၊ သမီးလေးကို ဆေးကုဖို့ ရွာသားအချို့နဲ့ အမြန်သွားခဲ့ပါတယ်...
အဲဒီအချိန်မှာ သမီးလေးက ငိုနေခဲ့တယ် သမီးလေးရဲ့ဘာဂျုကူရွန်းဝတ်စုံမှာလည်း ချွေးတွေ စိုရွှဲလို့...
သမီးလေးကို ပြန်လည်လန်းဆန်းလာအောင် ကြိုးစားခဲ့ကြပါတယ် ဒါပေမဲ့သမီးလေး အရမ်းအားနည်းနေပြီ၊ ဝကာဖ်ဘာရူးဆေးခန်းကို သွားနေချိန်မှာပဲ သမီးလေး အသက် ပျောက်သွားခဲ့တယ်...
ဆွေးမျိုးတော်စပ်သူရဲ့ ဈာပနသွားအပြီး ကျွန်တော့်သမီးလေးရဲ့ ဈာပနသွားရလိမ့် မယ်လို့ ကျွန်တော်ဘယ်တုန်းကမှ တွေးမထားမိခဲ့ဘူး...
အစ္စက် (ကိုတာဘာရူး UiTM လုံးခြုံရေးအရာရှိ) ဟာ သူနှင့် သူ၏သမီးငယ်တို့ဟာ ကမ်ပွန်းဘီလုကာ (မာချန်း) ရှိ နေအိမ်မှ မနက်ကိုးနာရီတွင် ဈာပနသို့သွားရန် ထွက်ခွာလာခဲ့ပါသည်။
"သမီးလေးက ကမ်ပွန်းလောက်မှာရှိတဲ့ သူရဲ့အဒေါ်ဆီ အလည်လာဖို့ စိတ်အားထက်သန်နေခဲ့တာပါ။ သမီးလေးရဲ့အလှဆုံး ဘာဂျုကူရွန်းဝတ်စုံကိုလည်း ရွေးချယ်ဝတ်ဆင်ခဲ့ပါတယ်" ဟု ဖခင်ဖြစ်သူမှပြောကြား ခဲ့ပါသည်။
သမီးလေးရဲ့မိခင်လိုက်မပါနိုင်ခဲ့တာဟာ အခြားကလေးငါးယောက်ကို အိမ်မှာထိန်းနေရတဲ့ အတွက်ဖြစ်ပါတယ်။
ဒေသဆိုင်ရာ ရဲဌာနမှူး (OCPD) ခါလစ်မူနပ် မှ မတော်တဆ သေဆုံးမှုအဖြစ် အတည်ပြုခဲ့ကြောင်း သတင်းရရှိပါသည်။
သတင်း လမ်းသစ်အွန်လိုင်းဂျာနယ်
댓글 없음:
댓글 쓰기