2011년 6월 13일 월요일

လမ်းပေါ်ရောက် လူ့အခွင့်အရေးတောင်းဆိုသံ- ၁၅ကြိမ်မြောက် လူ့အခွင့်အရေးရုပ်ရှင်ပြပွဲကျင်းပ


◀ ANC ▶
လူပီသစွာနေထိုင်နိုင်ဖို့အတွက် လိုအပ်ချက်တွေထဲက အခြေခံအကျဆုံးအရာတခုဟာ လွတ်လပ်စွာ ထုတ်ဖော်ပြခွင့်ဖြစ်ပါတယ်။ မတူကွဲပြားမှုကို လက်ခံ သဘောတူပြီး အင်အားနဲသူတွေရဲ့ အသံက အလေးပေးခံရတဲ့ လူမှုအသိုက်အ၀န်း။ ဒီလို အသိုင်းအ၀ိုင်းကို ဖန်တီးဖို့အတွက် ဖွင့်လှစ်ခဲ့တဲ့ လူ့အခွင့်အရေးရုပ်ရှင်ပြပွဲအကြောင်းကို တင်ပြပ့ါမယ်။
◀ VCR ▶
လွန်ခဲ့တဲ့ မေလ၁၉ရက်နေ့ ဆိုးလ် ဒဲဟာ့ရို မာရိုနီအဲ့ ပန်းခြံမှာ သင်နဲ့ ကျနော်နဲ့ကြား ဆိုတဲ့ခေါင်းစဉ်နဲ့ ၁၅ကြိမ်မြောက် ဆိုးလ်လူ့အခွင့်အရေးရုပ်ရှင်ပြပွဲကို ကျင်းပခဲ့ပါတယ်။၎ရက်တိုင်ကျင်းပတဲ့ ဒီတကြိမ် ရုပ်ရှင်ပြပွဲမှာ ခွဲခြားမှုနဲ့တော်လှန်မှု၊ အရင်းရှင်နဲ့ အလုပ်သမား၊ နူကလီးယားနဲ့ငြိမ်းချမ်းရေး ၊ဒီမိုကရေစီ စတဲ့ ခေါင်းစဉ် ကြီး၎မျိုးအောက်မှာ ပြည်တွင်းပြည်ပရုပ်ရှင်ကားပေါင်း၃၁ကားကို အခမဲ့ပြသခဲ့ပါတယ်။

၁၅ကြိမ်မြောက် လူ့အခွင့်အရေးရုပ်ရှင်ပြပွဲကို ဖွင့်လှစ်ကြောင်း ကြေညာအပ်ပါတယ်။

လူ့အခွင့်အရေးဆိုင်ရာအသိတရားများ လူ့အသိုင်းအ၀န်းအနှံ့အပြားမှာ နက်ရှိုင်းစွာ စိမ့်ဝင်ပျံ့နှံ့စေဖို့ကို အလိုရှိတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေရဲ့ အိပ်မက်တွေနဲ့ ရုပ်ရှင်ဖြင့် လူ့အသိုင်းအ၀န်းပြုပြင်ပြောင်းလဲမှုကို အလိုရှိတဲ့ ရုပ်ရှင်အနုပညာရှင်တို့ရဲ့ ဆန္ဒတို့ ပူးပေါင်းမှုကြောင့် လူ့အခွင့်အရေးရုပ်ရှင်ပြပွဲကို ၁၉၉၆ခုနှစ်ကစတင်ပြသခဲ့ပါတယ်။

ဒုတိယအကြိမ်ရုပ်ရှင်ပြပွဲမှာတော့ ဆင်ဆာခွင့်ကို မယူပဲပြသတဲ့အတွက် အစိုးရဟာ ဖွင့်ပွဲနေ့မှာ လျှပ်စစ်ဓာတ်အားဖြတ်တောက်ပြစ်ခဲ့ပြီး ရုပ်ရှင်ပြပွဲကော်မတီဥက္ကဌကို ဖမ်းဆီးကာ ရုံးခန်းကို ပိုက်စိုက်တိုက် ရှာဖွေခဲ့ပါတယ်။

သဘာဝအမှန်တရားကို ဆင်ဆာခွင့်ရယူရမယ်ဆိုတဲ့ အစိုးရရဲ့ ကန့်သတ်ချက်ဟာ အခြေခံဥပဒေကို ချိုးဖောက်ခြင်းဖြစ်ပြီး စီးပွားရေးရုပ်ရှင်ပြပွဲမဟုတ် လွတ်လပ်စွာထုတ်ဖော်ခွင့်ကို အသက်သွေးကြောပမာ အဓိကထားတဲ့ လူ့အခွင့်အရေးရုပ်ရှင်ပြပွဲဟာ ယနေ့အထိ တော်လှန်ရေးအသိနဲ့ ရုန်းကန်လှုပ်ရှားကျင်းပနေဆဲဖြစ်ပါတယ်။

◀ INT ▶
ကင်မ်မီဟရွန် ကိုရီးယားအနုပညာတက္ကသိုလ် ရုပ်ရှင်ဌာန
အရင်ကကော အခုကော ကိုရီးယားရဲ့ လူ့အခွင့်အရေးအခြေအနေဟာ တိုးတက်ကောင်းမွန်ခြင်းမရှိပေမယ့် အခုလို ပန်းခြံထဲမှာ ရုပ်ရှင်ပြပွဲကို လုပ်ရတာမြင်ရတော့ စိတ်မကောင်းဖြစ်မိပါတယ်။

◀ VCR ▶
ပြည်တွင်းမှာ ရုပ်ရှင်ပြပွဲကို လုပ်မယ်ဆိုရင် အစိုးရထောက်ခံချက်ကို ရယူရပါတယ်။ လွတ်လပ်စွာ ဖော်ထုတ်ခွင့်အတွက်ကျင်းပတဲ့ ရုပ်ရှင်ပြပွဲဟာ အစိုးရရဲ့ ထောက်ခံချက်ကို ရယူပြသရမယ်ဆိုတာ ပြပွဲကော်မတီက လက်မခံနိုင်တဲ့အတွက် လမ်းပေါ်ထွက် ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

◀ INT ▶
ကင်မ်အီးလ်ဆု ရုပ်ရှင်ပြပွဲ မန်နေဂျာ

ပန်းခြံထဲမှာ ရုပ်ရှင်ပြပွဲကိုလုပ်ရင် ရဲတွေကိုယ်တိုင်လာရောက် အတင်းဖျက်သိမ်းပြစ်မယ်လို့ဆိုပါတယ်။ အဲဒီတော့ ဖျက်လေ၊ ကျမတို့ကတော့ ပြည်သူတွေနဲ့အတူ ဖျက်သိမ်းခံရတဲ့အထိ ဆက်တိုက် ရုပ်ရှင်ကြည့်နေမှာပဲလို့ ပြန်ဖြေလိုက်တာ လာမဖျက်ကြဘူးလေ၊ဘာလို့လဲဆိုတော့ ပြည်သူတွေရဲ့ အားပေးမှုက အရမ်းကောင်းနေတော့လေ။

◀ VCR ▶
လူ့အခွင့်အရေးရဲ့တန်ဖိုးနဲ့ ဒီတန်ဖိုးတွေကို ဖော်ပြတဲ့ ရုပ်ရှင်ပြပွဲကို ဘယ်သူမဆို ဘယ်နေရာမှာမဆို လွတ်လပ်စွာ ပြသကြည့်ရှုခွင့်ရရမှာဖြစ်ပါတယ်။ ဒါဟာ လူ့အခွင့်အရေးရုပ်ရှင်ပြပွဲက ပြည်သူတွေနဲ့အတူ လမ်းပေါ်မှာအတူကြည့်ဖို့ ဖွင့်လှစ်ဖြစ်တဲ့ အကြောင်းရင်းလဲဖြစ်ပါတယ်။

သတင်း တည်းဖြတ် စိုးမိုးသူ

댓글 없음:

댓글 쓰기