2011년 6월 14일 화요일

သင်္ချာပညာရှင် “ပဲရဲလ်မန်” က ဆုကြေးငွေ ဒေါ်လာတစ်သန်းကို ငြင်းဆန်

ရုရှားသင်္ချာပညာရှင် “ဂရီဂေါ်ရီပဲရဲလ်မန်” က ၎င်းတွက်ချက်အဖြေရှာလိုက်သော ပုစ္ဆာကို သချာင်္ပညာအတွက် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ငွေကြေးအတွက် လုပ်ဆောင်ခြင်း မဟုတ်ပါဟု ဆိုသည်။

ထို့ပြင် ၎င်းအနေဖြင့် စကြဝဠာကြီးတစ်ခုလုံးကို ထိန်းချုပ်ထားနိုင်သည်ဟု ဆိုလိုက်ပြီး ငွေကြေးနှင့် မသက်ဆိုင်ပါဟု ၎င်းက ပြောဆိုလိုက်သည်။

“ဂရီဂေါ်ရီပဲရဲလ်မန်” သည် နှစ်ပေါင်း (၁၀၀) ကျော်ကြာမျှ ဖြေရှင်း၍ မရနိုင်ခဲ့သော Poincaré conjecture ကိုဖြေရှင်းကာ ”အပေါက်မပါသော မည်သည့်ပုံသဏ္ဍန်မဆို အဝိုင်းပုံသို့ ဖွဲ့စည်းနိုင်ကြောင်း” သက်သေပြခဲ့သည်။ အဆိုပါပုစ္ဆာသည် ကိန်းဘရစ်ခ်ျတက္ကသိုလ်၏ ဆုပေးရန် ထုတ်ပြန်ထားသည့် ပုစ္ဆာ (၇)ပုဒ်အနက်မှ တစ်ပုဒ်ဖြစ်သည်။

အဆိုပါပုစ္ဆာကို ဖြေရှင်း နိုင်သူသည် နိုဗယ်ဆုတံဆိပ်နှင့် ညီမျှသည့် ဆုငွေဒေါ်လာတစ်သန်းနှင့် သင်္ချာဗေဒဆိုင်ရာဆုတံဆိပ်ကို ရရှိမည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဉာဏ်ရည်အမြင့်ဆုံးဟု သတ်မှတ်ခံ ရသော “ဂရီဂေါ်ရီပဲရဲလ်မန်” က ၂၀၀၂ခုနှစ်နှင့် ၂၀၀၃ ခုနှစ်တွင် သီအိုရမ် ၂ခုကို ထုတ်ပြန်ခဲ့ရာ ၂၀၁၀ခုနှစ် ကျမှသာလျှင် သင်္ချာပညာရှင်များပါဝင်သော အဖွဲ့က သူ၏သီအိုရမ်ကို မှန်ကန်ကြောင်း သက်သေပြနိုင် ခဲ့သည်။

သို့သော် “ဂရီဂေါ်ရီပဲရဲလ်မန်” က အများက ဝိုင်းဝန်အသိအမှတ်ပြုသော ဂုဏ်ပြုဆုကြေးငွေနှင့် တံဆိပ်တို့ကို ငြင်းပယ်ကာ နှစ်ပေါင်းများစွာ အင်တာဗျူးများကို ရှောင်ရှားခဲ့ပြီး ငြင်းပယ်ရခြင်း အကြောင်းကို ယခုကျမှ ထုတ်ဖေါ်ရှင်းလင်းခဲ့သည်။ ယခုအခါ ၎င်းက ကမ္ဘာ့အရေးအပါဆုံး သင်္ချာကျောင်း ၃ခုအကြောင်း ရိုက်ကူးထားသည့် ပညာပေးရုပ်သံမှတ်တမ်းတစ်ခုတွင် ပါဝင်ရန် သဘောတူညီ လိုက်ပြီဖြစ်သည်။

“ငွေကြေး သို့မဟုတ် နာမည်ကျော်ကြားမှုကို ကျွန်တော် စိတ်မဝင်စားပါဘူး။ လစ်လပ်နေတာတွေဟာ နေရာတိုင်းမှာ ရှိပြီး သူတို့တွေကို တွက်ချက်ကြည့်လို့ ရပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် အခွင့်အလမ်းကြီး တစ်ခုဖြစ်ပါတယ်။ အခုဆိုရင် စကြဝဠာကြီးတစ်ခုလုံးကို ဘယ်လိုထိမ်းချုပ်ရမယ်ဆိုတာ ကျွန်တော်သိပါပြီ။ ငွေတစ်သန်းနောက်ကို ဘာအကြောင်းနဲ့ လိုက်နေဘို့ လိုသလဲ” ဟု ရုရှားသတင်းစာ Komsomolskaya Pravda သို့ ၎င်းက ပြောကြားသည်။

သတင်း လမ်းသစ်အွန်လိုင်းဂျာနယ်

댓글 없음:

댓글 쓰기