25 Jun 2011ကမ္ဘာပေါ်တွင် ပထမဦးဆုံးအကြိမ် လူသားမျိုးရိုးဗီဇပေါင်းစပ်ကာ ဗီဇပြောင်းထားသော လူမိခင်၏ နို့ကို ထုတ်ပေးနိုင်မည့် နွားတစ်မျိုးကို ဖန်တီးလိုက်ပြီ ဖြစ်ကြောင်း အာဂျင်တီးနား ဓါတ်ခွဲခန်းမှ ထုတ်ပြန် ကြေညာ လိုက်သည်။
လူသားဗီဇဖြင့် စပ်ယူပြီး မွေးဖွားခဲ့သော "ရိုစီတာအီဆာ" အမည်ရှိ "ကလုံးနွား" သည် လူနို့ရည်တွင် ပါဝင်သော ပရိုတိန်းရှိသည့် လူသားဗီဇဖြင့် ပေါင်းစပ်ကာ ထုတ်လုပ် ထားခြင်း ဖြစ်သည် ဟု အာဂျင်တီးနားနိုင်ငံ စိုက်ပျိုရေးသိပ္ဗံနည်း ပညာဌာနက ဇွန်လ (၉)ရက်နေ့က ပြောကြားသည်။
"ရိုစီတာအီဆာ" ကို ၂၀၁၁ခုနှစ် ဧပြီလ ၆ရက်နေ့က မွေးဖွားရာ ပုံမှန်ကိုယ်အလေးချိန်ထက် ၄၅ ကီလို ဂရမ် (၉၉) ပေါင် ပိုလေးပြီး ပုံမှန်မွေးကင်းစနွား၏ ၂ဆဖြစ်နေကြောင့် ဗိုက်ခွဲမွေးဖွားခဲ့ရသည်ဟု နည်းပညာ ဌာန၏ ကြေညာချက်တွင် ရေးသားထားသည်။
ရိုစီတာသည် အရွယ်ရောက်ချိန်တွင် လူ၏နို့နှင့်ဆင်တူသော နို့ကို ထုတ်လုပ်မည်ဟု အဆိုပါ ကြေညာ ချက်တွင် ထည့်သွင်းဖေါ်ပြထားသည်။
ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က နွားနို့ထဲကို လူသားမျိုးဗီဇ၂မျိုးဖြစ်တဲ့ protein lactoferrin နဲ့ lysozyme တို့ကို ပေါင်းစပ်ပေးခြင်းဖြင့် မွေးကင်းစကလေးငယ်ကို ဘက်တီးရီးယား၊ ဗိုင်းရပ်စ် စတဲ့ ရောဂါ ပိုးများကနေ သဘာဝအလျောက် ကာကွယ် ပေးရန် ရည်ရွယ်ပါတယ်ဟု သုတေသနပညာရှင် "အာဒရီ ယန်မူတို" က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
မျိုးဗီဇဖြင့် ပေါင်းစပ်ကလုံးပြုလုပ်ခြင်းကို အာဂျင်တီးနားသိပ္ဗံပညာဌာနနှင့် ဆန်မာတင် အာဂျင်တီးနား အမျိုးသားတက္ကသိုလ် တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
From Lannthit Online Journal
댓글 없음:
댓글 쓰기