2011년 5월 18일 수요일

ဖရီး တိဘက်!ငြိမ်းချမ်းရေး တိဘက်! တိဘက်အရေးတော်ပုံ ၅၂နှစ်ပြည့် အထိမ်းအမှတ် ဖျော်ဖြေပွဲ


◀ ANC ▶

နေရာနဲ့ ပုံသဏ္ဍာန်သာကွဲပြားပေမယ့် တိဘက်ရဲ့ လွတ်လပ်ရေးနဲ့ငြိမ်းချမ်းရေးအတွက် တောင်းဆိုတဲ့ အသံများဟာ နေရာအနှံ့အပြားမှာ ဖြစ်ပွားခဲ့ပါတယ်။ သက်ဆိုင်ရာ ဖျော်ဖြေပွဲကိုလည်း အနုပညာသည်တို့ရပ်ဝန်း ဟုန်းအိတက္ကသိုလ်လမ်းမပေါ်မှာ ကျင်းပခဲ့ကြပါတယ်။

◀ VCR ▶ မတ်လ ၁၀ရက် ဟုန်းအိတက္ကသိုလ် ဆန်းဆန်းမာဒန်ရှေ့
ဖရီးတိဘက် ကြွေးကြော်သံများကို မြူးကြွဖွယ် ဘုံသံရဲ့ စည်းချက်အတိုင်း ညီညာစွာဖြင့် ကြားရပါတယ်။ တိဘက်အရေးတော်ပုံ၅၂နှစ်ပြည့် အထိမ်းအမှတ်အဖြစ် တိဘက်ရဲ့ ငြိမ်းချမ်းရေးကို တောင်းဆိုသော လမ်းပေါ် ဖျော်ဖြေမှုအစီအစဉ်ကို ကျင်းပနေတာဖြစ်ပါတယ်။

တိဘက်ခိုလှုံသူများထောက်ပံ့ရေးအဖွဲ့ ရို့ပါးနဲ့ ဘရာဇီး ပါကပ်ရှင်းအဖွဲ့ အဲ့စ်ကိုးလား အာလဲ့ဂုလီအားက ယခု ပွဲတော် ကို ဦးစီးကျင်းပပါတယ်။ ရို့ပါးရဲ့ (ဆိုရှယ်လ်၊ နက်ဝက်ခင်း၊ ဆားဗစ်) အက်စ်အန်အက်စ်မှတဆင့် သတင်းရရှိပြီး စုဝေး လာကြတဲ့ ပြည်သူတွေဟာ ပွဲတော်အလား ဂီတသံရဲ့ စည်းချက်နဲ့အညီ ကြွေးကြော်သံများကို မြူးကြွစွာ ဟစ်ကြွေးကြပါတယ်။

ကိုယ်တိုင်ကိုယ်ကျဖန်တီးလာပုံရတဲ့ အမျိုးမျိုးသော ကတ်များ၊ ဘုတ်များကြောင့် ဖျော်ဖြေပွဲက ပိုမို အရောင်တောက်လာပါတယ်။ ပွဲတော်မှာ ပါဝင်ဆင်နွှဲသူ တိဘက်လူမျိုး ခါရက်ပမ်းပါးကလည်း အမိတိုင်းပြည်ရဲ့ လွတ် လပ်ရေးအတွက် ရှေ့ထွက်လာပါတယ်။

◀ SYN ▶ ခါရက်ပမ်းပါး တိဘက်အဆိုတော်

တိဘက်ရဲ့ လွတ်လပ်ရေး၊ တိဘက်ဟာ တရုတ်ရဲ့ တစိတ်တပိုင်းမဟုတ်ပါဘူး၊တိဘက်ကို အကာအကွယ်ပေးပါ။တိဘက်ရဲ့ ငြိမ်းချမ်းရေး

◀ VCR ▶
ပွဲတော်ကျင်းပသူများက လက်ရှိတိဘက်အခြေအနေကို ရှင်းလင်းပြောပြကာ အားလုံး ပူးပေါင်းပါဝင်ပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။

◀ SYN ▶
ကင်မ်ဘိုမ်နူးန်ဗျော်လ် ရို့ပါးအဖွဲ့ဝင်
တိဘက်ဟာ အတိအကျကို လွတ်လပ်တဲ့ နိုင်ငံပါ၊ တစိတ်တပိုင်းဒေဟမဟုတ်ပါဘူး၊တိုင်းပြည်ဖြစ်ပါတယ်။ တရုတ်ရဲ့ ၄ပုံတပုံဖြစ်တဲ့ တိဘက်က အခု ဖိနှိပ်မှုတွေအောက်မှာ လွတ်မြောက်မှုမရှိဖြစ်ပြီး အိန္ဒိယထဲမှာ လွတ်မြောက်နယ်မြေအစိုးရကို တည်ထောင်ပြီး ဒုက္ခသည်ဘ၀တွေနဲ့ နေထိုင်နေကြရပါတယ်။

◀ VCR ▶
အဲဒီနေ့ပွဲကို ခါရက်ပမ်းပါးရဲ့ ရန်ကျင်း(လွတ်မြောက်ရေး)သီချင်းဖြင့် ရုတ်သိမ်းလိုက်ပါတယ်။ တိဘက်ရဲ့ ငြိမ်းချမ်းရေးနဲ့ လွတ်မြောက်ရေး၊ တိဘက်အမျိုးသားတွေရဲ့ လူ့အခွင့်အရေးတိုးတက်မှုတွေ အမြန်ဆုံးရရှိပါစေလို့ ဆုတောင်းလိုက်ပါတယ်။

သတင်း ဂွက်ဆွန်းဟွီး
တည်းဖြတ် ယန်းဂျဲဟွာ

댓글 없음:

댓글 쓰기