ကိုရီးယားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အတွက် သတင်းမီဒီယာဆိုဒ်
2011년 5월 18일 수요일
တိဘက်အရေးတော်ပုံ ၅၂နှစ်ပြည့် အထိမ်းအမှတ် သတင်းစာရှင်းလင်းပွဲ
◀ ANC ▶
နတ်ဘုရားရဲ့မြေလို့ဆိုတဲ့ လာဆာမြို့တော်ရဲ့ပိုင်ရှင် တိဘက်။
တရုတ်နိုင်ငံက တိဘက်ကို သိမ်းပိုက်အုပ်စိုးတဲ့ကာလ ၅၂နှစ်ပြည့်ပြီဆိုပေမယ့် တိဘက်လူမျိုးတို့ရဲ့ လွတ်လပ်ရေးကို လိုချင်တဲ့ အိပ်မက်တွေက ပျောက်ကွယ်သွားခြင်းမရှိသေးပါဘူး။
◀ VCR ▶
မတ်လ၁၀ရက်နေ့က တိဘက်အရေးတော်ပုံ ၅၂နှစ်ပြည့် အထိမ်းအမှတ် သတင်းစာရှင်းလင်းပွဲကို တရုတ် သံရုံးရှေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ တိဘက်နိုင်ငံရေးခိုလှုံသူများနဲ့ လူထု အဖွဲ့အစည်းများက ပူး ပေါင်းပါဝင်ကာ တိဘက်ရဲ့ ငြိမ်းချမ်းရေးနဲ့ လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ ကြပါတယ်။
◀ SYN ▶ တက်ရောက်သူများ
ဖရီးတိဘက်! ဖရီးတိဘက်! တိဘက်ရဲ့ လွတ်လပ်ရေး! တိဘက် လွတ်လပ်ရမယ်
◀ VCR ▶
သတင်းစာရှင်းလင်းပွဲကို တရုတ်သံရုံးရှေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားခဲ့ကြပေမယ့် ကိုရီးယားရဲများနဲ့ ထိပ်တိုက် ရင်ဆိုင်မှု ကို ရှောင်ရှားရမယ့် အနေအထားကြောင့် လမ်းတဘက်ကမ်းသို့ ပြောင်းရွှေ့ပြုလုပ်ခဲ့ကြပါတယ်။ သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာကြတဲ့ တိဘက်နိုင်ငံသားများနဲ့ လူမှုအဖွဲ့အစည်းများက တရုတ် ရဲ့ အရိပ် အခြေကိုပဲ ကြည့်တတ်တဲ့ ကိုရီးယားအစိုးရကို ဝေဖန်ရှုတ်ချလိုက်ကြပြီး တိဘက်ရဲ့ငြိမ်းချမ်းရေးနဲ့ လွတ်လပ်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်တောင်းဆိုသွားမှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
◀ SYN ▶ ဂဲ့ရှဲ့သိန်းဂျင် နမ်ခါး တိဘက်အိမ် ကိုရီးယား ရုံးအဖွဲ့မှူး
တိဘက်လူမျိုးတွေဟာ အမှန်တရားနဲ့ ငြိမ်းချမ်းရေးကို တောင်းဆိုနေခြင်းသာဖြစ်ပါတယ်။၅၂နှစ်လုံးလုံး နည်းမျိုးစုံနဲ့ တိုက်ပွဲဝင်ခဲ့ပေမယ့် အခုထိတိုင် ပြသနာတွေက မပြေလည်သေးပါဘူး။
◀ VCR ▶
အဲဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ဒလိုင်းလားမားဘုန်းတော်ကြီးရဲ့ ကြေညာစာတမ်းကလည်း လူအများစိတ်ဝင်တစား ဖြစ်ခဲ့ပါတယ်။ ဘုန်းတော်ကြီးဟာ နိုင်ငံရေးဦးဆောင်သူအဖြစ်မှ အနားယူကြောင်း၊ မိမိနေရာကို ရွေးခြယ်ခံခေါင်းဆောင်ဖြစ်သူမှ ဆက်ခံသွားမှာဖြစ်ကြောင်းကို ကြေညာချက်မှတဆင့် သိရှိရပါတယ်။
သတင်း ယွန်းယဲ့ဒမ်
တည်းဖြတ် ယန်းဂျဲဟွာ
라벨:
ကိုရီးယားသတင်း
피드 구독하기:
댓글 (Atom)
댓글 없음:
댓글 쓰기