မြန်မာအစိုးရသစ် သမတ ဦးသိန်းစိန်က လူသားချင်း စာနာတဲ့ သဘောဖြင့် ထောင်ကျအကျဉ်းသားများအား လွတ်ငြိမ်း ချမ်းသာ ခွင့်ပြု တဲ့ ကြေညာချက်ကို ထုတ်ပြန်လိုက်ပါတယ်။
သမတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကြေညာချက်အရ သေဒဏ်ချ မှတ်ခံရသူများ အနေနဲ့ ထောင်ဒဏ် တသက်အဖြစ်၊ သာမန်ထောင်ကျ ခံနေသူများ အနေနဲ့ တနှစ်လျော့ပေါ့ ပြစ်ဒဏ်ကျခံစေကြောင်း သိရှိရ ပါတယ်။
ဒါပေမယ့် နိုင်ငံတကာက ပြစ်တင်ဝေဖန်နေသော မြန်မာပြည်တွင်းရှိ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ကျော် အား လွှတ်ပေးခြင်းနဲ့ ပတ်သက်ပြီး ဒီတကြိမ် ကြေညာချက်မှာ မပါဝင်ပါဘူး။
အကျဉ်းသားများ လွှတ်ပေးခြင်းဆိုင်ရာကြေညာချက်နဲ့ ပတ်သက်ပြီး အန်အဲလ်ဒီပါတီရဲ့ပြောခွင့်ရ ဦးဥာဏ် ၀င်းက နိုင်ငံရေး အကျဉ်းသားအများစုဟာ ထောင်ဒဏ်နှစ်ရှည်ကျခံနေရတဲ့ အတွက်ကြောင့် ဒီတကြိမ်ကြေ ညာချက်ဟာ နိုင်ငံရေးအကျဉ်းသားများအတွက် မဟုတ်ပါဘူးလို့ ပြောဆိုလိုက်ပါတယ်။
အမေရိကန်နိုင်ငံပြည်ထဲရေးပြောခွင့်ရ မာ့ခ်ထိုနောကလည်း ဒီတကြိမ်ကြေညာချက်ဟာ လက်ရှိနိုင်ငံတကာ ရဲ့ဖိအားပေးခံနေရမှုကို ရင်ဆိုင်နေရတဲ့ အခြေအနေတွေကိုရှောင်ရှားလိုတဲ့ လုပ်ဆောင်ချက် သက်သက် သာဖြစ်တယ်လို့ သုံးသပ်ကာနိုင်င်ငံရေး အကျဉ်းသားများ ချက်ချင်း လွှတ်ပေးရန် တောင်းဆို လိုက်ပါတယ်။
နိုင်ငံတနိုင်ငံမှာ အစိုးရသစ် တက်လာတဲ့အခါ အစိုးရသစ်ဟာ အကျဉ်းကျခံနေရတဲ့ နိုင်ငံသားများအပေါ် လွတ်ငြိမ်း ချမ်းသာခွင့်ကိုပြုလုပ်ပေးခြင်းဖြင့် ပြည်သူလူထုရဲ့ ထောက်ခံမှုကို ရယူကာ သစ်လွင်သော
နိုင်ငံတော်ကို တည်ဆောက်ဖို့ ကြိုးပမ်းဖို့ ကြိုးပမ်းမယ်ဆိုတဲ့ အသွင်ကို ဖော်ပြလေ့ရှိပါတယ်။
ဒါပေမယ့် စစ်အစိုးရလက်အောက်ခံလူများနဲ့ ဖွဲ့စည်းထားတဲ့ လက်ရှိ အစိုးရသစ်ရဲ့ စေတနာကင်းသော လွတ်ငြိမ်းချမ်းသာ ခွင့်ကြေညာချက်အပေါ်မြန်မာပြည်သူများရဲ့ တုံ့ပြန်ချက် အချို့ကို စုစည်း တင်ပြ လိုက်ပါတယ်။
#10 minhtetpaizin 2011-05-16 20:23
စေတနာမပါမှန်း သိ သာလိုက်တာဗျာ..
#7 phoaye 2011-05-16 19:45
So, persons who are serving 56 years sentences will get only 1 year reduction.
It's not an amnesty!!!!
#6 futureking 2011-05-16 19:18
အင်းး မြင်တာ ပြောကြည့်ပါဆိုရ င်တော့ လွတ်ငြိမ်းချမ်း သာခွင့်ဆိုတဲ့ အမိန့်နာမည်ကြီး နဲ့ လျှော့ပေးတဲ့ တစ်နှစ်နဲ့ မကိုက်ဘူးလို့ထင်တယ် .. တော်တော်နည်းတာပဲဗျာ ..
#4 yeyintkyaw 2011-05-16 19:12
ထောင် အနှစ်၂၀ကျနေတဲ့သူအတွက် သာမန်လျော့ရက်က ၃ချိုး၁ချိုး မို့  ၁၄နှစ်နေရပါမယ်..အဲလိုရနေတာထက် တစ်နှစ်လျော့ပေး လိုက်တာ ကျွန်တော်တို့ လိုချင်တဲ့ လွတ်ငြိမ်းချမ်း သာ ဆိုတဲ့စကားနဲ့ ကိုက်ပါရဲ့လား။ လျောပေါ့ပေးလိုက်သည် အဆင့်ပါ။ တနှစ်ထဲနဲ့ တော့..။
(Eleven Media Groupမှ ပြည်သူ့အသံဖြစ်ပါတယ်။)
댓글 없음:
댓글 쓰기