ကိုရီးယားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အတွက် သတင်းမီဒီယာဆိုဒ်
2011년 5월 16일 월요일
"အတူရှိပေးလို့ အားမငယ်ပါဘူး" လူ့အခွင့်အရေးမျိုးစေ့ ရှင်သန်စေခြင်း စတိတ်ရှိုး
◀ ANC ▶
လူ့အခွင့်အရေးမျိုးစေ့ကို ရှင်သန်စေဖို့ဆိုတဲ့ ကြွေးကြော်သံအောက် တနေရာတည်းမှာ ဂီတအနုပညာရှင်အသီးသီးတို့ စုဝေးလိုက်ကြပါတယ်။
ဖျားနာခွင့်တောင်မရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားများအနေနဲ့ အတူတကွရပ်တည်ပေးတဲ့ မိတ်ဆွေတွေရှိတာကြောင့် အားငယ်စရာ မလိုတော့ပါ။
◀ SYN ▶
အီစောင်းအူး အဆို နိုးဘရိန်းဝိုင်း
ဒီနေ့ လူ့အခွင့်အရေးဆိုတဲ့ ခေါင်းစဉ်အောက် လေးနက်တဲ့ အကြောင်းအရာတွေဆိုပေမယ့် အားလုံး ပျော်ရွှင်စွာ ဆင်နွှဲကြရအောင်။
◀ VCR ▶မတ် ၂၇ရက် ဟုမ်းအိတက္ကသိုလ် ဆောင်းဟိုးလစ်ရုံတွင်း
တီးဝိုင်းအဖွဲ့ရဲ့ မြူးကြွတဲ့ ဖျော်ဖြေသံအောက်မှာ ပရိသတ်အယောက်၂၀၀ကျော်က လက်ခုတ်သံများဖြင့် ကြိုဆိုကြ ဆင်နွှဲကြပါတယ်။ ဖျော်ဖြေမှုရဲ့ အတက်နှုန်းအလိုက် ပရိသတ်ရဲ့ အားပေးတုံ့ပြန်မှုကလည်း အမီလိုက်နေပါတယ်။
စတိတ်ရှိုးပွဲကို မိုနိုတုန်း၊ ဟောခဲဘဲ့ရီဖင် စတဲ့တီးဝိုင်းများနဲ့ တိဘက်အဆိုတော်ခါရက်ပမ်းပါးက ပူးပေါင်းဖျော်ဖြေခဲ့ပါတယ်။
◀ VCR ▶
နိုင်ငံပေါင်းစုံတီးဝိုင်းဖြစ်တဲ့ စတော့ခရက်ဒေါင်းရဲ့ ဖျော်ဖြေမှုမတိုင်မီ ဒီနေ့ပွဲရဲ့ မိန်းဖြစ်တဲ့ ကိုအောင်နိုင်ဝင်း အကြောင်း ရုပ်သံကို ပြသခဲ့ပါတယ်။ ရွှေ့ပြောင်းအလုပ်သမား ကိုအောင်နိုင်ဝင်းဟာ လျှာကင်ဆာ ကြောင့် ဆယ်နာရီကျော် ခွဲစိပ် ကုသခံယူခဲ့ရပါတယ်။ဒါပေမယ့် ဆေးဝါးခ ၀မ်သိန်း၁၀၀ကျော်ပေးနိုင်ဖို့ အတွက် အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။
◀ SYN ▶
အောင်နိုင်ဝင်း လျှာကင်ဆာဝေဒနာရှင်
မိတ်ဆွေတို့ ကျေးဇူးကြောင့် ကျနော်ရဲ့ ဒုတိယမြောက်ဘ၀ ရှင်သန်ခွင့်ရတယ်လို့ ယုံကြည်ပါတယ်။
တကယ့်ကိုကျေးဇူးတင်ပါတယ်။
◀ VCR ▶
ကိုအောင်နိုင်ဝင်းကို ရုတ်တရက် မြင်တွေ့လိုက်ရတဲ့ ပရိသတ်ဟာ တခဲနက် အားပေးကြပါတယ်။
ပရိသတ်များဟာ ကျန်းမာပါစေကြောင်း ဆုတောင်းစာများပါတဲ့ စက္ကူလေယဉ်များကို ကိုအောင်နိုင်ဝင်း ထံသို့ ပစ်လွှတ်ကြပါတယ်။
◀ INT ▶
ဂီဆဲ့အွန်း ပရိသတ်
ရွှေ့ပြောင်းသူနဲ့ပတ်သက်ပြီး မသိတာတွေအများကြီးရှိခဲ့ပါတယ်။အခုလို စတိတ်ရှိုးပွဲကို ကျင်းပပြီး လူ့အခွင့်အရေးကိုရှာဖွေနေပါလား၊အားလုံး အတူတကွနေထိုင်တဲ့ ကမ္ဘာကြီးပါလားဆိုတဲ့ မသိခဲ့တာတွေနဲ့ ပတ်သက်ပြီး အများကြီး သိခွင့်ရခဲ့ပါတယ်။
ယန်းဆူးဘင် ပရိသတ်
ရွှေ့ပြောင်းသူတွေဟာ ကိုရီးယားတွေအတွက် ဧည့်သည်တွေပါ။ သူတို့က အရင် လက်ကမ်းပြီး ယုံကြည်မှုတွေနဲ့အတူ အပစ်ပယ်ခံလူတွေအတွက် အတူတကွ ဆောင်ရွက်ကြရအောင်ဆိုတာတွေကို မြင်ရတာ စိတ်ကြည်နူးရပါတယ်။
◀ VCR ▶
ဒီစတိတ်ရှိုးပွဲမှာ ရရှိတဲ့ အကျိုးအမြတ်အားလုံးကို ကိုအောင်နိုင်ဝင်းရဲ့ ခွဲစိတ်ကုသခအဖြစ် လှူဒါန်းသွားမှာဖြစ်ပါတယ်။
သတင်းထောက် အီဒါနာ
တည်းဖြတ် ယန်းဂျဲဟွာ
라벨:
ကိုရီးယားသတင်း
피드 구독하기:
댓글 (Atom)
댓글 없음:
댓글 쓰기