2011년 5월 13일 금요일

ရွှေ့ပြောင်းသူတွေရဲ့ ရင်ဖွင့်သံ။ ရွှေ့ပြောင်းအလုပ်သမား မီဒီယာသင်တန်းဆင်းပွဲ ။


◀ ANC ▶

ရွှေ့ပြောင်းသူတွေ မြင်ထားတဲ့ ကိုရီးယားဟာ ဘယ်လိုရှိပါသလဲ ။ ရုပ်သံမှတ်တမ်းနှင့်ပြောတဲ့ သူတို့ရဲ့ အသံကို အတူတူ ရှုစားကြပါစို့ ခင်ဗျာ ။



◀ VCR ▶ (자막: 2월 13일, 인천 남구 영화공간 주안)

(စာတမ်း ။ ဖေဖေါ်ဝါရီလ ၁၃ ရက် ။ အင်ချောန်း ၊ နမ်၈ု ဂျုအန် ရုပ်ရှင်ရုံ)

ဒါရိုက်တာလို့အခေါ်ခံရတာကို ရှန့်တန့်တန့် ခံစားနေရပေမယ့် ကိုယ်တိုင်ဖန်တီးထားတဲ့ ရုပ်ရှင်ကားကို ရုပ်ရှင်ရုံကြီးမှာ ကြည့်ခွင့်ရနေပါလားဆိုတဲ့ အတွေးကြောင့်ဖြစ်တဲ့ ပီတိအပြုံးက မျက်နှာပေါ်မှာ ပြည့်လွှမ်းနေကြပါတယ်။

လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က ၊ အင်ချောန်းမြို့တော်ရဲ့ ရုပ်ရှင်ရုံတရုံမှာ ရွှေ့ပြောင်းအလုပ်သမားများ ကိုယ်တိုင်ဖန်တီးထားတဲ့ ရုပ်ရှင်ကားအတိုများကို ပရိသတ်များ ရှုစားခွင့်ရရှိခဲ့ပါတယ် ။ ဘင်္ဂလားဒေ့ရှ်နှင့် အင်ဒိုနီရှားရွှေ့ပြောင်းအလုပ်သမားများဟာ အလုပ်ပင်ပန်းမှုများအကြားထဲကနေ မီဒီယာသင်တန်းကို မနေမနား တက်ရောက်သင်ယူခဲ့ကြပါတယ် ။ အတိုဆုံး ၁၀ မိနစ်နှင့် အရှည်ဆုံး မိနစ် ၃၀ အကြားရှိ ရုပ်ရှင်ကားအတိုများကို ၄လတာအတွင်း ဖန်တီးခဲ့ကြတာပါ ။

◀ INT ▶

(အတ်တားရ် - ဘင်္ဂလားဒေ့ရှ် ဒါရိုက်တာ “ကိုရီးယားမှာ အစပြုတဲ့ ဘဝအသစ်”)

ရိုက်ကူးတဲ့အခါ အဆင်မပြေတာတွေရှိပါတယ် ။ စက်ရုံအတွင်းမှာ ရိုက်တဲ့အခါ သူဌေးက သိမ်မကြိုက်ပါဘူး ။ ပင်ပန်းပေမယ့်လည်း ပျော်စရာကောင်းပါတယ်။

하루 종일 혼자 생활하며 겪는 외로움과 고향에 대한 그리움을 담은 사노와 감독의 <나 혼자>를 비롯해, 시련과 좌절 속에서도 결코 꿈을 포기하지 않겠다는 <코리안 드림> 등 6편의 작품이 상영됐습니다. 영화 작업도 촬영도 처음인 이들이지만 하고 싶은 얘기는 많습니다.



◀ VCR ▶

တစ်နေကုန် တစ်ယောက်တည်း နေရတဲ့ငြီးငွေ့ဖွယ်ကောင်းတဲ့ဘဝ နဲ့ မွေးရပ်မြေအလွမ်းကို တင်ပြထားတဲ့ ဒါရိုက်တာ ဆာနိုဝါရဲ့ (ငါတစ်ယောက်တည်း)နဲ့စမ်းသမ်မှုတွေ ခက်ခဲမှုတွေရှိပေမယ့် ရည်မှန်းချက် ပျောက်မသွားပါဘူးဆိုတဲ့ (ကိုရီးယား အိပ်မက်)

အစရှိတဲ့ ရုပ်ရှင် ၆ ကားကို ပြသခဲ့ပါတယ် ။ ရုပ်ရုပ်ဖန်တီး ၊ ရိုက်ကူးရတဲ့ အလုပ် ဟာ ပထမဆုံးလုပ်ဖူးတာဖြစ်ပေမယ့် တင်ပြချင်တဲ့ အကြောင်းအရာတွေကတော့ တပုံကြီးပါ ။

◀ INT ▶

(ဆာအီဖူးလ်-ဘင်္ဂလားဒေ့ရှ် ၊ ဒါရိုက်တာ “ကိုရီးယားက ငါ့ဘဝ”)

ကျနော်ဟာ ကိုရီးယားမှာ ဘယ်လိုနေနေကြသလဲ ။ အမြဲတမ်းပျော်ပျော်ပါးပါးပဲ နေနေကြရတာမဟုတ်ဘူး။ပင်ပင်ပမ်းပမ်းနေရတာတွေရှိသလို ပျော်ပျော်ပါးပါးနေ ရတဲ့အခါတွေလည်း ရှိပါတယ်ဆိုတာကိုတင်ပြချင်လို့ ဒီရုပ်ရှင်ကားကို ဖန်တီးဖြစ်ပါတယ် ။



(ဆွေကူးလ် ။ ကိုရီးယားအိပ်မက် ၊ ဘင်္ဂလားဒေ့ရှ် ၊ ဒါရိုက်တာ)

ကျနော်ရဲ့ အိပ်မက်ရှိပေမယ့် ၊ အဲသည်အတိုင်း မနေနိုင်ပါဘူး။ ကျနော်က အခု ဘယ်လို ပင်ပင်ပမ်းပမ်းလုပ်နေရတယ် ဆိုတာကို လူတွေကို မြင်စေချင်လို့ ဖန်တီးဖြစ်ပါတယ်။

◀ VCR ▶

ရွှေ့ပြောင်းအလုပ်သမားဒါရိုက်တာများဟာ အခွင့်အရေးရမယ်ဆိုလျင် တစ်ခြား ရုပ်ရှင်ကားတွေလည်း ဖန်တီးချင်ပါတယ်လို့ ပြောကြပါတယ် ။ သူတို့ရဲ့ ရင်ဖွင့် အသံတွေကို ကိုရီးယားလူမှုအသိုက်အဝန်းကြား ကျယ်ပြန့်စွာ ကြားနိုင်ကြပါစေလို့ ဆုတောင်းမိပါတယ် ။

ရိုက်ကူး ယန်းဂျဲဟွာ။ အောင်တင်ထွန်း
တည်းဖြတ် ယန်းဂျဲဟွာ

댓글 없음:

댓글 쓰기