◀ ANC ▶
ရွှေ့ပြောင်းအလုပ်သမားများဟာ နာမကျန်းဖြစ်သော်လည်း ကြီးမားတဲ့ ဆေးရုံစရိတ်ကြောင့် ဆေးကုသမှုကို ကောင်းစွာ မခံနိုင်ရှာတဲ့ အဖြစ်တွေလည်း အများအပြား ရှိပါတယ် ။ အကြောင်းကတော့ ဆေးဝါးကုသခွင့် အကျိုးကျေးဇူးကို ခံစားခွင့်မရှိလို့ ပါပဲ ။
◀ VCR ▶
၁၂နှစ်တိုင် ကိုရီးယားတွင်းနေထိုင်ကာ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူ မြန်မာလူမျိုး ကိုအောင်နိုင်ဝင်းဟာ လွန်ခဲ့တဲ့ ၂လက လျှာမှာ အနာခံစားရလို့ ဆေးရုံကိုသွားခဲ့ပါတယ်။ ကိုအောင်နိုင်ဝင်းရဲ့ အနာဟာ ကင်ဆာလို့အဖြေထွက်ပြီးနောက် နာရီ၂၀နီးပါး ကြီးမားတဲ့ ခွဲစိတ်ကုသမှုကို ပြုလုပ်ခဲ့ပါတယ်။
ခွဲစိတ်ကုသမှုဟာ အောင်မြင်စွာပြီးဆုံးသွားတယ်ဆိုပေမယ့်လည်း စိတ်ဒုန်းဒုန်းချနိုင်ခြင်းမရှိပါဘူး။
ဆေးဝါးကုသမှုစရိတ်အားလုံးပေါင်း ၀မ်သိန်း၂၀၀နီးပါးကို ပေးချေရမယ့် အခက်အခဲက ကျန်နေ သေးပါတယ်။
◀ INT ▶
(နိုဒုံဟွမ်း-တာဝန်ခံခွဲစိတ်ဆရာဝန်)
သူ့လိုအခြေအနေမျိုးဆိုရင် ကျန်းမာရေးအာမခံကလည်း မရှိ၊ အာမခံလုပ်ခွင့်လည်းမရှိဖြစ်တော့ အခြားကင်ဆာဝေဒနာရှင်တွေထက်စာရင် ကုသစရိတ်က အများကြီး ကုန်ကျပါတယ်။ ခွဲစိတ်ကုသမှုနဲ့ ပတ်သက်တဲ့ စရိတ်တောင် ၀မ်းသိန်း၅၀အထက်ကုန်ကျမယ်လို့ခန့်မှန်းရပြီး နောက်ပိုင်းကုသမှုတွေ၊ ရောဂါပြန်မဖြစ်အောင်ကုသမှုတွေကိုပါ လုပ်မယ်ဆိုရင် ၀မ်သိန်း၁၀၀အထက်ကုန်ကျမယ့် အခြေအနေပါ။
◀ VCR ▶
ရွှေ့ပြောင်းအလုပ်သမားဟာ လုပ်ငန်းခွင်မှာ အလုပ်လုပ်ကိုင်နေစဉ်မှာ ကိုရီးယားနိုင်ငံသားအတိုင်း ကျန်းမာရေးစောင့်ရှောက်မှုကို ခံစားနိုင်ပါတယ်။ဒါပေမယ့် လုပ်ငန်းရှင်ရဲ့ လျစ်လျူရှုမှုနဲ့ အသိပေး မှုကျယ်ပြန့်မှုမရှိတာကြောင့် ကျန်းမာရေးအာမခံ အဖွဲ့ဝင်သူဟာ စုစုပေါင်းရွှေ့ပြောင်း အလုပ်သမား ဦးရေရဲ့ ၆၀ရာခိုင်နှုန်းနဲ့ လုပ်ငန်းခွင်ထိခိုက် ဒဏ်ရာရရှိမှုဆိုင်ရာ လျော်ကြေးအာမခံ အဖွဲ့ဝင်သူဟာ ၅၀ရာခိုင်နှုန်း ခန့်သာရှိကြောင်းသိရပါတယ်။ဒါပေမယ့် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများ ကတော့ အဖွဲ့ဝင်ခွင့်မရရှိပါဘူး။
ကိုရီးယားနိုင်ငံရွှေ့ပြောင်းအလုပ်သမားကျန်းမာရေးပေါင်းစည်းမှုအဖွဲ့ရ သုတေသနပြုချက်အရ ၂၀၀၇ခုနှစ် တနှစ်တာ ရွှေ့ပြောင်းအလုပ်သမားများရဲ့ ဆေးရုံကုသခံယူမှုအရေအတွက်ဟာ စုစုပေါင်း ၃၆၁ကြိမ်ရှိပြီး သားဖွားမှုကုသခံယူမှုဟာ အကြိမ်၁၆၀က အများဆုံးဖြစ်ပါတယ်။
ပြသနာကတော့ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားဖြစ်တာကြောင့် သားဖွားကုသခံယူ မှုကိုတောင် ကောင်းစွာခံယူနိုင်ခြင်းမရှိတာဖြစ်ပါတယ်။
◀ INT ▶
(အီယောင်-ရုံးအဖွဲ့မှူး ရွှေ့ပြောင်းအလုပ်သမားလှုပ်ရှားမှုစုပေါင်းအဖွဲ့အစည်း)
လုပ်ငန်းခွင်ဒဏ်ရာရရှိမှုဆိုင်ရာအာမခံကို အထောက်အထားမဲ့ရွှေ့ပြောင်းအလုပ်သမားတွေ ခံစားခွင့်ရှိပါတယ်။ ကျန်းမာရေးအာမခံကိုလည်း ဒေသတွင်း အာမခံစနစ်မှာ အဖွဲ့ဝင်တဲ့ ပုံစံမျိုးနဲ့
အထောက်အထားမဲ့ရွှေ့ပြောင်းအလုပ်သမားတွေလည်း ခံစားခွင့်ရရှိဖို့လိုအပ်ပါတယ်။
◀ VCR ▶
ရွှေ့ပြောင်းအလုပ်သမားများအတွက် အကူအညီကိုရယူဖို့နည်းလမ်းက လုံးဝမရှိတော့မဟုတ်ပါ။
ကျန်းမာရေးထောက်ပံ့မှုကို ပြုလုပ်ပေးနေတဲ့ အခမဲ့ကုသပေးတဲ့ဌာနက တနိုင်ငံလုံးမှာ ၇၀၈ခုရှိပါ တယ်။ ဒါပေမယ့် အသိပေးလှုံ့ဆော်မှုအားနဲတာကြောင့် အခမဲ့ ကုသပေးတဲ့ဌာနရှိတယ်ဆိုတာကို လုံးဝမသိတဲ့သူတွေများပြီး အချက်အလက်ရရှိဖို့လည်းခက်တာကြောင့် လက်တွေ့မှာ အကူအညီ ရယူဖို့ အခက်အခဲတွေဖြစ်နေတာဖြစ်ပါတယ်။ ရွှေ့ပြောင်းအလုပ်သမားများရဲ့ ကျန်းမာရေးစောင့်ရှောက်ခံ ရမှုဆိုင်ရာ အခက်အခဲများတွေ့ကြုံနေရခြင်းက အမြန်ဆုံးပြေ လည်ဖို့ စိတ်ဝင်တစား အရေးထားဖို့ လို အပ်နေပါတယ်။
ရိုက်ကူး ယွန်းယဲ့ဒမ်
တည်းဖြတ် ယန်းဂျဲဟွာ
댓글 없음:
댓글 쓰기